ဒီတစ်ခါ ပြောပြပေးမှာကတော့ အခုလတ်တလောမှာ လူငယ်တွေကြားရေပန်းစားနေတဲ့
Hairstyle တွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့မျက်နှာအချိုးအစားကိုကြည့်ပြီး ဘယ် Celebrity ရဲ့ HairStyleလေးနဲ့
ပိုလိုက်ဖက်မလဲဆိုတာ ကြည့်ကြရအောင်…
(၁) Kim Ji Won (ကင်ဂျီဝန်း)
ပထမဦးဆုံးအနေနဲ့ ကင်ဂျီဝန်း (DOTS Korea Drama ကားထဲက စစ်ဆေးဆရာဝန်မလေး) ရဲ့ Hairstyle ပဲဖြစ်
ပါတယ်။ ဂျီဝန်း Hairstyle ဟာ အတိုကိုမှ အောက်ဖြားအတိပုံစံဖြစ်တာကြောင့် ဖြောင့်ရင်လည်းရိုးရိုးရှင်းရှင်းလေး၊
ကောက်ရင်လည်း ခပ်မိုက်မိုက်လေးဖြစ်နေမှာပါ။ ဆံပင်အတိုကြိုက်တဲ့သူတွေအတွက်တော့ ဒီ Hairstyleလေးက
အသင့်တော်ဆုံးပါပဲ။
(၂) IU (အိုင်ယူ)
နောက်တစ်ယောက်ကတော့ အဆိုပိုင်းမှာလည်းကျွမ်းကျင်၊ သရုပ်ဆောင်ပိုင်းမှာလည်း ပရိတ်သတ်အသည်းစွဲဖြစ်နေတဲ့
Moon Lovers Korea Drama ကားထဲမှ မင်းသမီးချောလေး အိုင်ယူ ဖြစ်ပါတယ်။ အိုင်ယူ ရဲ့ Hairstyle ကတော့
အရှည်အပြေကောက်လေးပါ။ အဖျားကိုအတိညှပ်ပြီးကောက်ထားတာကြောင့် ဆံသားထူထူထဲထဲနဲ့ ကျက်သရေရှိနေမှာ
ပါ။ နောက်ပြီး ဒီ Hairstyle မျိုးက ဘယ်လိုမျက်နှာပုံစံနဲ့မဆို လိုက်ဖက်ပါတယ်။
(၃) Han Hyo Joo (ဟန်ဟိုဂျူး)
ဟိုဂျူးကိုတော့ “W” korean drama series ထဲက မင်းသမီးလေးဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ သူမရဲ့
Hairstyle ဟာ Korea Celebrity တော်တော်များများကြားမှာေ
အရှေ့ဆံပင်ကိုအတိညှပ်ထားတာပါ။ မျက်နှာကြီးပြီးဝိုင်းတဲ့သူတွေကလွဲရင် တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။
အရှေ့ဆံပင်အတိကြောင့် ရုပ်ကိုလည်းနုစေပြီး ချစ်စဖွယ်ဟန်ဖြစ်စေပါတယ်။
(၄) Huyen My (ငုရန်မိုင်)
သူကတော့ ဗီယက်နမ် မင်းသမီးချောလေး Huyen My ပဲဖြစ်ပါတယ်။ သူမ Hair Style လေးက အရှည်အဖျား
ကောက်လေးဖြစ်တာကြောင့် ဆံပင်ထူတဲ့ပုံပေါက်ပြီး ကျက်သရေရှိစေပါတယ်။ဒါပေမယ့် ဆံပင်အရမ်းပါးသူတွေ
အတွက်တော့ အဖျားကောက်ထားတဲ့ဝိတ်ကြောင့် ထိပ်ပိပီး ပိုပါးသလိုဖြစ်သွားနိုင်တာမို့ သတိထားဖို့လိုပါတယ်။
(၅) Patricia (စူးရှနိုင်)
စူးရှနိုင်ပါ။ သူမရဲ့ Hairstyle လေးကတော့ အတို အဖျားဝိုက်လေးကို အလယ်ခွဲထားတဲ့ Style လေးပါ။ ခပ်မိုက်မိုက်
လေးနဲ့ ဆွဲဆောင်မှုရှိစေမယ့် Hairstyle လေးပါ။မေးရိုးချွန်တဲ့သူတွေနဲ့ပို
(၆) M Seng Lu (Mဆိုင်းလု)
မလေး M Seng Lu ပါ။ သူမရဲ့ Hairstyle ကတော့ အတိုကိုမှ အတွင်းဝိုက်ဝိုက်လေး Step ခုတ်ထားတာပါ။
ဒီဇိုင်းအလန်းကြိုက်သူများအတွက် အမိုက်ဆုံး Hairstyle လေးပါပဲ။
(၇) Erich Gonzales (အဲရစ်ဂွန်ဇာလက်)

အထူအရှည်(Step မညှပ်ဘဲ)ကိုမှ အပြေကောက် ခပ်ကြီးကြီး ကောက်ထားတာပါ။ ကျက်သရေရှိပြီး မိန်းမဆန်တဲ့
ရင့်ကျက်တဲ့ အသွင်ကိုဆောင်တဲ့ Hairstyle လေးပါ။
(၈) Liza Soberano (လီဇာ ဆိုဘာရာနို)

မျက်နှာလည်း ပိုပေါ်ပါတယ်။ ပူအိုက်တဲ့ရာသီမျိုးမှာ ဆံပင်ရှည်မထားချင်ရင် ဒီဆံပင်ပုံစံဟာ အရမ်းကိုလိုက်ဖက်ပါ
တယ်။ ဆံဖျားတွေကို အညီပုံစံမဟုတ်ပဲ ခပ်ကော့ကော့လေးလုပ်ထားတာကလည်း ချစ်ဖို့ကောင်းနေပါတယ်။
(၉) Hahm Eun-jung (ဟမ်အွန်ဂျန်း)
ဟမ်အွန်ဂျန်းကိုတော့ မိန်းမချောလေးတွေချည်းစုပေါင်းထားတဲ့ ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ T-ara ရဲ့
အဖွဲ့ဝင်တစ်ယောက်အဖြစ်သိကြမှာပါ။ သူမဟာ သူမရဲ့ Tomboy Hairstyle ကြောင့် အဖွဲ့ဝင်တွေကြားထဲ
မှာလည်း ထင်ရှားကျော်ကြားပါတယ်။ ဒီ Tomboy Hairstyle လေးကတော့ မေးချွန်တဲ့သူများနဲ့ ပိုလိုက်ဖက်
ပါတယ်။ အဖျားမှာ အတွင်းဘက်ကို Step ခုတ်ထားတာ ဖြစ်လို့၊ ဆံပင်ပါးတဲ့သူတွေအတွက်လည်း အဆင်ပြေတဲ့
ဆံပင်ပုံစံလေးဖြစ်ပါတယ်။
(၁၀) Gao Yuanyuan ( ဂါအိုရွမ်ရွမ်)
နောက်ဆုံးတစ်ယောက်ကတော့ တရုတ်နိုင်ငံက မင်းသမီးချောလေး ဂါအိုပဲဖြစ်ပါတယ်။သူမရဲ့ Hairstyle ကတော့
အလွှာနှစ်ထပ်ကို မတိုမရှည်ညှပ်ထားတာပါ။ နှစ်ထပ်အဝိုက်ဖြစ်တာကြောင့်မကောက်ပဲဆံပင်ထူစေချင်သူတွေအတွက်
တော့ ကွက်တိပါပဲ။ မျက်နှာဝိုင်းတဲ့သူတွေအတွက် ချစ်စရာကောင်းစေပြီး၊ ချွန်တဲ့သူတွေကို ကျက်သရေရှိစေတဲ့ Hairstyle လေးပါ။
အထက်မှာဖော်ပြခဲ့တာကတော့ အာရှနာမည်ကြီး အနုပညာရှင်တွေရဲ့ ရေပန်းစားနေတဲ့ ဆံပင်ပုံစံတွေဖြစ်ပါတယ်။
နာမည်ကြီး အနုပညာရှင်တွေဟာ ဆံပင်ပုံစံတွေ မကြာခဏပြောင်းလေ့ရှိတယ်ဆိုတာ သင်လည်း သတိထားမိမှာ
ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ယုံကြည်စိတ်ချရပြီး နာမည်ကြီးတဲ့ ဆံကေသာထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်
တွေနဲ့ သူတို့ဆံကေသာကို ထိန်းသိမ်းစောင့်ရှောက်လေ့ရှိပါတယ်။ ဆံပင်ပုံစံ မကြာခဏပြောင်းလဲခြင်းကြောင့်
ဖြစ်လာမယ့် ဆံကေသာပျက်ဆီးမှုကို လျော့ချနိုင်ဖို့ Doveတို့လို နာမည်ရပြီးသား ဆံကေသာထိန်းသိမ်းမှုဆိုင်ရာ
ထုတ်ကုန်တွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Doveဟာ ဆံကေသာပျက်စီးမှုနဲ့ပတ်သက်တဲ့ ပြဿနာအားလုံး
ကို ဖြေရှင်းနိုင်လို့ သုံးစွဲသူတွေကြားထဲမှာ နာမည်ကြီးနေတဲ့ ထုတ်ကုန်လည်းဖြစ်ပါတယ်။ မိမိရဲ့ဆံကေသာကို
ဂရုတစိုက်ထိန်းသိမ်းဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ အလှပဆုံးဆံပင်ပုံစံနဲ့ အသန်စွမ်းဆုံး
ဆံကေသာကို တစ်ပြိုင်နက်ထဲပိုင်ဆိုင်ကြပါစေ။