ဆံကေသာကို သဘာဝအတိုင်း နူးညံ့တောက်ပလာစေမယ့် နည်းလမ်းကောင်းများ

ပျိုမေ အများစုဟာ ဆံကေသာတောက်ပပြောင်လက်နေဖို့ conditioners တွေ ကိုဝယ်ယူအသုံးပြုလေ့ရှိပါတယ်။ဒီတစ်ခါပြောပြပေးမှာကတော့ ဆံကေသာကို သဘာဝနည်းနဲ့တောက်ပပြောင်လက်အောင်ပြုလုပ်ပေးနိုင်တဲ့ သဘာဝနည်း လမ်းကောင်းတွေ အကြောင်းပါ။

(၁)ဘီယာ

ဘီယာဟာ ဆံကေသာနူးညံ့တောက်ပလာစေတဲ့ ပစ္စည်းတွေထဲက တစ်ခုပါ။အ သုံးပြုခါစမှာတော့ အနံကနည်းနည်းဆိုးနိုင်ပေမယ့် မကြာခင်မှာအနံ့ပျောက် သွားမှာပါ။ပုံမှန်အတိုင်းဆံပင်ကို လျှော်ပါ။ပြီးရင်တော့ conditioners သုံးသလိုမျိုး ပဲ ဘီယာကို ဆံပင်မှာ လူးပေးပါ။(၁၀)မိနစ်လောက်ထားပြီး ရင်တော့ လျှော်ချပစ်လိုက်ပါ။

(၂)ပျားရည်

ပျားရည်ဟာ ဆံကေသာအတွက် တကယ့်ကိုအာဟာရဖြစ်စေတဲ့ ပစ္စည်းတစ်မျိုး ပါ။ဆံသားခြောက်သွေ့မှုကို သက်သာစေပြီး ဆံပင်ရဲ့အစိုဓါတ်ကိုထိန်း သိမ်း   ပေးနိုင်ပါတယ်။ပျားရည်ကို ဆံပင်မှာ လိမ်းလိုက်လို့ စေးကပ်ကုန်မှာ စိုးရိမ်ဖို့ မလိုပါဘူး။ပျားရည်ကို သူတစ်မျိုးတည်းမဟုတ်ပဲ ရေနွေးနွေးလေးနဲ့ရော စပ်ပြီး လိမ်းပေးလို့ရပါတယ်။ပျားရည်လက်ဖက်ရည်ဇွန်းနှစ်ဇွန်း နဲ့ ရေနွေးနှစ် ခွက်ကို ရောပါ။(၁၅)မိနစ်လောက်ကြာအောင်ထားပေးပါ။ပြီးရင်တော့ရေနွေးနွေး လေး နဲ့ ဆေးချပေးပါ။

READ
သင့်ဆံပင်ကို ပါးအောင် လုပ်နေတဲ့ အလေ့အထ (၉) ခု

114751403

(၃)ရှားစောင်းလက်ပတ်ဂျဲလ်

ရှားစောင်းလက်ပတ်ဟာလည်း ဆံပင်အတွက် ကောင်းတဲ့ အရာတစ်ခုပါ။ဗော က်သက်သာစေသလို၊ဆံပင်ကို ကျစ်လစ်နေစေပါတယ်။ရှားစောင်းလက်ပတ်ဂျဲ လ်ကို ဆံပင်မှာလူးပေးပါ။ပြီးရင်တော့ မိနစ်(၃၀)လောက် ကြာအောင်ထားပေး ပြီး လျှော်ပစ်လိုက်ပါ။ရှားစောင်းလက်ပတ်ဂျဲလ်နဲ့အတူ သံလွင်ဆီကို လည်း ရော ပြီး လိမ်းပေးလို့ရပါတယ်။

(၄)ထောပတ်သီး

ထောပတ်သီးမှာ fatty acids  ပါဝင်တာကြောင့်ဆံပင်ကို ရေဓါတ်ပြန် လည် ဖြည့်တင်းပေးနိုင်သလို နူးညံ့တောက်ပြောင်စေပါတယ်။ထောပတ်သီးတစ်လုံး၊သံလွင်ဆီလက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရောပြီးလိမ်းပေးပါ။နာရီဝက်လောက်ထားပေးပါ။ပြီးရင်တော့ လျှော်ချပစ်လိုက်ပါ။

Shiny-Hair-Simple-Tips

(၅)ဒိန်ချဉ်

ဒိန်ချဉ်ဟာလည်း ဆံပင်ကို နူးညံ့ပျော့ပျောင်း တောက်ပစေတဲ့ အစွမ်းရှိပါတယ်။ ဒိန်ချဉ်ကို ဆံပင်မှာ လိမ်းပေးပါ။နာရီဝက်လောက် ကြာရင်တော့ ရေဆေး ချပြီး ခေါင်း လျှာ်ပစ်လိုက်ပါ။

6440d934dde59fa8a56c610dfbbcbd50

(၆)ငှက်ပျောသီး

ငှက်ပျောသီးဟာလည်း ဆံပင်ကို တောက်ပစေတဲ့ အစွမ်းထက်တဲ့ hair mask တစ်မျိုး ပါ။ဆံပင်အတိုအရှည်ပေါ်မူတည်ပြီးအသုံးပြုပါ။ငှက်ပျောသီး တစ်ခုတည်း တင်မကပဲထောပတ်သီး၊သံလွင်ဆီတို့ကိုလည်း ထည့်ပြီး သုံးလို့ရပါတယ် ။ကြိတ် ခြေထားတဲ့ ငှက်ပျောသီးကို ဆံပင်မှာ လိမ်းပေးပါ။နာရီဝက်လောက် ထားပြီးရင်တော့ ရေဆေးချပြီး၊ခေါင်းပြန်လျှော်ပစ်လိုက်ပါ။

READ
အမျိုးသမီးတစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အရွယ်အစား

 

SHARE