စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနိုင်တဲ့ ရုပ်ရှင် ၅ ကား

ကျွန်တော်တို့ရုပ်ရှင်တွေကိုဘာကြောင့်ကြည့်ရတာလဲ။ကျွန်တော်တို့ဟာ ရုပ်ရှင်တွေကို ဝေဖန်ဆန်းစစ်ဖို့အတွက်၊အံ့အားသင့်ချင်လို့၊ရယ်ရချင်လို့၊အပန်းဖြေချင်လို့၊သင်ခန်းစာ ယူချင်လို့စတဲ့ အကြောင်းတရားတစ်တွေ ကြည့်ကြတာပါ။ဒါပေမဲ့ အရေးကြီးဆုံးကတော့ ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားယူချင်ကြလို့ပါ။အခု ဒီမှာတော့ သင်စိတ်ဓာတ်ကျစိတ်ပျက်နေပြီဆိုရင် သင်အတုယူကြည့်ရူ့သင့်တဲ့ရုပ်ရှင် ၅ ကားကိုဖော်ပြပေးလိုက်ပါတယ်။၁။ Forrest Gump

အလီဘာဘာတည်ထောင်သူ ဂျက်မားကတော့ Forrest Gump ရုပ်ရှင်ဟာသူရဲ့ အကြိုက်ဆုံးရုပ်ရှင်ကားလို့ဆိုပါတယ်။ဒီဇာတ်ကားဟာ ဘ၀မှာ ဒုက္ခတွေအမြဲကြုံတွေနေတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ကျွန်တော်အကြိုက်ဆုံးမင်းသားဖြစ်တဲ့ Tom Hanks သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီကားထဲမှာ Forrest Gump ဟာ ဘ၀ရဲအခက်အခဲတွေကို ဘယ်တော့မှလက်မမြှောက်အရူံးမပေးပဲ ကျော်ဖြတ်ဖို့ကြိုးစားတဲ့လူတစ်ယောက်ပါ။သင့်ဘ၀မှာ စိတ်ဓာတ်ကျစိတ်ပျက်နေပြီဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ကိုကြည့်သင့်ပါတယ်။၂။ The Shawshank Redemption

သူဇာတ်ကားမှာ Tim Robbins နဲ့ Morgan Freemanတို့ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လိုက်ဟာ တစ်သက်တစ်ကျွန်းထောင်ကျနေပြီး ထောင်မှူးတွေက သူအပေါ်ဘယ်လောက်ပဲ နိုပ်စက်နေပါစေ မျှော်လင့်ချက်ကို ဘယ်တော့မှမစွန့်ဘဲ အသက်ရှင်သန်ခဲ့တာကို ရိုက်ကူးထားတာဖြစ်ပါတယ်။IMDB Rating 9.3 နဲ့ rottentomatoes 93 % ရထားတဲ့ဇာတ်ကားမို့လို့ ဇာတ်ကားကောင်းတစ်ကားဆိုတာ အထူးအထွေပြောစရာမလိုတော့ပါဘူး။၃။ Life is Beautiful

READ
ကာယဗလ အလှပြိုင်ပွဲတွင် ဆုတံဆိပ်ရယူနိုင်ခဲ့တဲ့ ရောဂါသည် လူငယ်လေး

ဘ၀မှာ အခက်အခဲဆိုတာ ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့အရာပါ။သင်ချစ်ရတဲ့သူက ငွေကြောင့် သင့်ကိုထားခဲ့ပြီလား။ဘ၀မှာ လိုချင်တာတွေမရလို့ အမြဲတမ်းစိတ်ပျက်နေပြီလား။ဒါဆိုရင် ဒီ Life is Beautiful ဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ဒီဇာတ်ကားလေးဟာ ဘ၀မှာ ဒုက္ခတွေဘယ်လောက်ကြုံတွေ့ခဲ့ ကြုံတွေခဲ့ ဘယ်တော့မှ လက်မြှောက်အရူံးမပေးပဲ နာဇီတွေရဲ့ နိုပ်စက်မူအောက်မှာ သူ့ရဲ့သားလေးအတွက် တတ်နိုင်သမျှကာကွယ်ပေးသွားတဲ့ ဖခင်တစ်ယောက်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။IMDB rating 8.6 ရရှိထားပြီး အော်စကာဆု ၃ ဆုရရှိထားတဲ့ဇာတ်ကားမို့ ရုပ်ရှင်ချစ်သူတစ်ယောက်အနေနဲ့ ကြည့်ကို ကြည့်ရူသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။၎။The Pursuit Of Happyness (2006)

မင်းသားဝီလ်စမစ်က သရုပ်ဆောင်ထားပြီးတော့ ၀ီလ်စမစ်ဟာ ပစ္စည်းတစ်ခုအပေါ်မှာ ရင်းနှီးမြုပ်နှံခဲ့ပေမဲ့ ပစ္စည်းမအောင်မြင်တဲ့အခါ သူရဲ့ ဇနီးကသူကိုထားခဲ့ပြီး သူရဲ့အိမ်၊ပိုင်ဆိုင်မူတွေ ဆုံးရုံးသွားခဲ့ရပေမဲ့ ဘ၀ကိုအရုံးမပေးဘဲ သူရဲ့သားနဲ့ ပျော်ရွှင်ဖွယ်ဘ၀တစ်ခုကို ရရှိဖို့ပြန်လည်ကြိုးစားတဲ့ ပုံကိုမြင်ရမှာပါ။၅။Mary and Max(၂၀၀၉)

READ
အဖွားဖြစ်သူကို စောင့်ရှောက်ပေးရင်း တက္ကသိုလ်ကျောင်းတက်နေတဲ့ မြေးမလေး

Animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အထီးကျန်ဆန်တဲ့ လူနှစ်ယောက်ဖြစ်တဲ့ Mary နဲ့ Max တို့ရဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီး Imdb Rating 8.2 ရှိထားတဲ့ ဇာတ်ကားကောင်းလေးတဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည်ရူ့သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

Lumos(Shwemom)

Ref : Beauty and Tips

SHARE