အေဗရာဟမ်လင်ကွန်းအကြောင်း လူသိနည်းတဲ့အချက်(၁၂)ချက်

အမေရိကန်နိုင်ငံရဲ့ ၁၆ ယောက်မြောက် သမ္မတဖြစ်တဲ့ အေဗရာဟမ်လင်ကွန်းဟာ သူတို့နိုင်ငံရဲ့ စံပြပုဂ္ဂိုလ်ကြီး
ဖြစ်ပြီး ယခုအချိန်ထိလည်း ပြည်သူတွေအသည်းကြားထဲမှာ နာမည်ရှင်ကျန်နေဆဲ၊ ထိုက်ထိုက်တန်တန် ဂုဏ်
ပြုနေရဆဲ သူရဲကောင်းကြီးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ စီးပွားရေး၊ စစ်ရေး၊
ပညာရေး ပြန်လည်ဦးမော့လာနိုင်ခဲ့ပြီး အဲဒီလို ဦးဆောင်မှုကောင်းမွန်တဲ့ အစိုးရတစ်ရပ်ကို စတင်မွေးဖွားပေး
ခဲ့သူဆိုရင်လည်း မှားနိုင်မည် မထင်ပါ။ လင်ကွန်းရဲ့အကြောင်းကို လူတော်တော်များများက သိပြီး လူသိပ်မသိ
တဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်။ အဲဒီအကြောင်းအရာတွေဟာ ဘယ်လောက်အထိ လျှို့ဝှက်သ
လဲဆိုရင် သမိုင်းပညာရှင်တွေတောင် မသိပါဘူး-တဲ့။ သည်တော့ လင်ကွန်းရဲ့ လူသိနည်းတဲ့ အကြောင်းအရာ
တွေကို ဖော်ပြလိုက်ပါတယ်။

1. ဆေးလိပ်နဲ့ အရက်မသောက်ပါ။

အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ဆေးလိပ်နဲ့ အရက်မသောက်တာကတော့ နည်းနည်း ထူးဆန်းပါ
တယ်။ ဒါပေမယ့် လင်ကွန်းကတော့ ဆေးလိပ်နဲ့ အရက်ကို လုံးဝ မသောက်ပါဘူးတဲ့။ ဓာတ်မတည့်ဘူးလို့
ဆိုရမလား သူဟာ အဲဒါတွေ သောက်လိုက်ရင် တစ်ကိုယ်လုံး ပျော့တွဲ-သွားတတ်ပါတယ်တဲ့။

2. မုတ်ဆိတ်ရှည်နဲ့ဆို ကြည့်ကောင်းတယ်။

ဒါကတော့ အသက်(11)နှစ်အရွယ် ကောင်မလေးက လင်ကွန်းဟာ မုတ်ဆိတ်ရှည်နဲ့ဆို ကြည့်ကောင်းတယ်
လို့ စာရေး ပေးခဲ့လို့ သူဟာ နောက်ပိုင်း မုတ်ဆိတ်ကို ပြုပြင်ရုံကလွဲပြီး လုံးဝ မရိတ်တော့ဘူးလို့ သိရပါတယ်။

READ
ပညာရှင်များခန့်မှန်းထားသော လူသားမျိုးနွယ်ပျောက်ကွယ်သွားစေမည့်အဖြစ်အပျက်များ

3. သူငယ်ချင်းမရှိသလောက်ရှားတယ်။

သူ့ကို ထောက်ခံအားပေးပြီး သူနဲ့ ရှားရှားပါးပါး သူငယ်ချင်းဖြစ်ခွင့်ရတဲ့ David Davis က လင်ကွန်းဟာ စကား
နည်းပြီး၊ အပေါင်းအသင်း မရှိသလောက်ရှား-တယ်လို့ ပြောခဲ့ဖူးပါတယ်။

4. လုပ်ကြံခံရတာကို သုံးရက်ကြိုပြီးအိပ်မက်မက်ခဲ့သူ

လင်ကွန်း လုပ်ကြံခြင်း မခံရခင်မှာ လင်ကွန်းဟာ သုံးရက်ကြိုပြီး သူ့ကို လုပ်ကြံကြတယ်လို့ အိပ်မက် မက်ခဲ့ပါ
တယ်တဲ့။ လုပ်ကြံခံရတဲ့ ညနေပိုင်းမှာလည်း သူရဲ့ သက်တော်စောင့်က ဇာတ်ရုံကိုမသွားပါနဲ့လို့ တားပေမယ့်
မရခဲ့ပါဘူး-တဲ့။

5. ဘွဲ့ရမဟုတ်

လင်ကွန်းဟာ ဘွဲ့ရတစ်ယောက် မဟုတ်ပါဘူး။ သူဟာ စာကို ပြင်ပမှာ ဘယ်လောက်အတိုင်းအတာထိ လေ့
လာခဲ့တယ်လို့လည်း လူတွေက သေချာမသိကြပါဘူး။ လင်ကွန်းလိုပဲ ကမ္ဘာကျော်တွေဖြစ်တဲ့ အက်ဒီဆင်၊
ဟင်နရီဖိုဒ့်၊ စတိဗ်ဂျော့၊ ဘီလ်ဂိတ်-တို့ဟာလည်း တက္ကသိုလ်အသီးသီးကနေ ဘွဲ့ရခဲ့သူတွေ မဟုတ်ကြပါ
ဘူး။

6. အဖေနဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်ခဲ့

လင်ကွန်းဟာ သူ့အဖေနဲ့ စိတ်သဘေားထားချင်း မတိုက်ဆိုင်လို့ အပြောအဆို အဆက်အဆံ မလုပ်ပါဘူး
တဲ့။ သူ့ဖခင်ရဲ့ ဈာပနကိုလည်း မသွားခဲ့ဘူးလို့ ဆိုပါတယ်။

7. ဥပဒေသိပ်ကျွမ်းတယ်။

လင်ကွန်းဟာ ကျောင်း (12)လသာ တက်ခဲ့ရပေမယ့် ဥပဒေရေးရာဆိုင်ရာ ကိစ္စရပ်တွေမှာတော့ ကျွမ်းကျင်
လှပြီး နိုင်ငံအတွက် အကျိုးရှိတဲ့ ဥပဒေတွေကိုလည်း သူ ကိုယ်တိုင် ရေးဆွဲခဲ့ပါတယ်။

READ
ဘုန်းကြီးကို ဘီးသွားရောင်းတဲ့ စိတ်ဝင်စားစရာပုံပြင်

8. ကိုးနှစ်သားမှာ အမေ ဆုံးပါးခဲ့တယ်။

လင်ကွန်းရဲ့ အမေဟာ သူ ကိုးနှစ်သားအရွယ်မှာ သေးဆုံးခဲ့ပါတယ်။ အကြောင်းကတော့ နွားနို့သောက်တာ
အဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ဆုံးပါးခဲ့တာဖြစ်ပါတယ်။

9. “ Abe” လို့ခေါ်တာကို စိတ်ဆိုးတယ်။

အေဗရာဟမ်လင်ကွန်းဟာ သူ့ကို ချစ်စနိုးနဲ့ နာမည်အတိုကောက်ဖြစ်တဲ့ “Abe”လို့ ခေါ်ရင် သိပ်ကို စိတ်ဆိုး
တတ်သူ ဖြစ်တယ်လို့ သိရပါတယ်

10. အရပ်ရှည်ဆုံးသမ္မတ

လင်ကွန်းရဲ့ အရပ်ဟာ (6)ပေ(4)လက်မ (193 စင်တီမီတာ) ရှိတာမို့ သမိုင်းမှာတော့ သူက အရပ်အရှည်ဆုံး
သမ္မတလို့ ဆိုပါတယ်။

11. ထူးဆန်းသော မတူညီမှု

လင်ကွန်းကို လုပ်ကြံတဲ့ John Wilkes Booth ရဲ့ အစ်ကို Edwin Booth ဟာ လင်ကွန်းရဲ့သား Robert ကို
ရထားမတော်တမှုတစ်ခုမှာ အသက်ဘေးကနေ လွတ်အောင် ကယ်ဆယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

12. ဦးထုတ်ထဲမှာပဲ သိမ်းတယ်

လင်ကွန်းဟာ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ဦးထုပ်ထဲမှာပဲ သိမ်းလေ့ရှိပါတယ်။ အဲဒီအတွက်လည်း
ဘယ်တော့မှာ သတိလက်လွတ်မဖြစ်ဘဲ ဦးထုပ်ကို ဟိုမှာမေ့ကျန်တာတို့ ဒီမှာ ထားခဲ့မိတာတို့ မရှိပါဘူးတဲ့။

နတ်စည်တော် (Myanmar Online Media)

Myanmar Online Media

Ref: list25

SHARE