သူကိုယ့်ကိုချစ်နေတယ်ဆိုတာ သိစေနိုင်တဲ့အပြုအမူ(၅)ခု

ယောကျာ်းတွေရဲ့ စိတ်ဟာ တကယ်ခန့်မှန်းရခက်ပါတယ်။ တစ်ချို့ကလည်း ရှေ့မှာ ပေါ်ပေါ်ထင်ထင် မချစ်ပြတတ်ပေမယ့် တကယ့်ကိုယ်စိတ်ထဲမှာတော့ ချစ်တာမျိုး တစ်ချို့ကလည်း Romance ဆန်ဆန် ချစ်ပြတတ်ပေမယ့် တကယ့် နှလုံးသားထဲမှာတော့ အဲ့လောက် မနက်ရှိုင်းတာမျိး ရှိပါတယ်။ပါးစပ်က တဖွဖွမပြောတတ် ပေမဲ့ သူဟာ သင့်ကို တကယ်ချစ်မချစ်ဆိုတာ သူ့ အပြုအမူတွေကြည့်ရုံနဲ့ သိနိုင်ပါတယ်။

(၁) သင်ပြောသမျှနားထောင်ပေးနိုင်ရင် 

နားထောင်ကောင်းသူ တစ်ယောက်ဟာ တကယ်ကို ဆွဲဆောင်မှုရှိသူပါ။ ကိုယ်ပြောသမျှကို အသေးအဖွဲက အစ
စိတ်ရှည်ရှည်နဲ့ နားထောင် ပေးရင်တော့ သူ သင့်ကို တကယ် ချစ်လို့ပါ။ ဒါဟာ သင့်ကို လေးစားသမှု ရှိတယ်
ဆိုတဲ့ သဘောလည်းသက်ရောက်စေပါတယ်။

(၂)သင့်ကို အရာရာဂရုစိုက်တတ်ရင်

သင် နေမကောင်းတဲ့အခါ ဆေးဝယ်ပေးတာမျိုး ၊ စွပ်ပြုတ်ပူပူလေး ဝယ်လာပေးတာမျိုး၊ သင်ကြိုက်တတ်တဲ့
ဇာတ်ကားလေးတွေ ဝယ်လာပေးတာမျိုး ဒီလို အသေးအဖွဲက အစ ကိုယ့်ဘဝ မှာ အခက်အခဲပြဿနာတွေ
ကြုံလာတိုင်း ရင်ဆိုင်ဖြေရှင်းပေးတာမျိုး အထိ ဂရုစိုက်ပေးရင်၊ သူ့ မှာ သင့်ဘဝကို လုံခြုံ လောက်သည်အထိ
ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်ရှိကြောင်း သင့်ကိုသိစေချင်နေပြီဆိုရင် သူ သင့်ကို တကယ်ချစ်လို့ပါ။

READ
ယောက်ျားလေးတွေဆီက မိန်းကလေးတွေတကယ်လိုချင်တဲ့အရာများ

(၃) သူ့ရဲ့အနာဂတ်အစီအစဉ်ထဲ သင့်ကိုထည့်သွင်းစဉ်းစားနေပြီဆိုရင် 

သင့်ကို သူ့ဘဝရဲ့အရေး ကြီးတာတွေ သင်နဲ့အတူလျှောက်လှမ်းမယ့် အနာဂတ်ရေးရာ တွေပြောဆိုနေပြီဆိုရင်
သူတစ်ခုခုလုပ်ပြီဆို သင့်ကိုပါ ထည့်သွင်းစဉ်းစားနေပြီဆိုရင် သူသင့်ကို တကယ်ချစ်လို့ပါ

(၄)သူမြတ်နိုးတန်ဖိုးထားတဲ့သူတွေနဲ့ သင့်ကို မိတ်ဆက်ပေးရင်

သင့်ချစ်သူဟာ သူ့မိဘအသိုင်းအဝိုင်းတွေအတွက်နဲ့ ကိုယ့်ကိုယ် အချိန်မပေးနိုင်တာထက် သူ့မိဘ အသိုင်းအဝိုင်း
နဲ့ သင့်ကို မိတ်ဆက်ပေးဖို့  အချိန်ပေးတဲ့သူဆိုရင်သင့်ချစ်သူဟာ ယောက်ျားကောင်းတစ်ယောက်ပါ။ သူငယ်ချင်း
အပေါင်းအသင်းတွေနဲ့ တရားဝင်မိတ်ဆက်ပေးပြီး သင့်ကို သူကို ချစ်သလို ချစ်ပေးဖို့ဆန္ဓရှိရင် သူ သင့်ကို
တကယ်ချစ်လို့ပါ။

(၅)လေးလေးနက်နက် ချစ်ကြောင်းပြောရင် 

ဘယ်လောက်ပဲ အချစ်ရေးမှာ ရိုးအတဲ့ယောကျာ်းဖြစ်ဖြစ် မိန်းကလေးတစ်ယောက်ကို တကယ် အရူးအမူး စွဲစွဲ
လမ်းလမ်းချစ်ရင် အမြဲတမ်း တဖွဖွ မဟုတ်တောင် ကိုယ်တကယ်လေးလေးနက်နက်ခံစားမိတိုင်း ချစ်တယ်
ဆိုတာ ပြောတတ်ကြပါတယ်။ နောက်ပြီး သူသင့်ကို ဘယ်လောက်ချစ်ကြောင်း သိစေချင်ရင် သူသင့်ကို
တကယ်ချစ်လို့ပါ။

ဒါဆိုရင် သင့်ချစ်သူက ပါးစပ်က တဖွဖွထုတ်မပြောလည်း သင့်ကို ဘယ်လောက်ချစ် ဘယ်လောက်တန်ဖိုးထား
တယ်ဆိုတာ သိနိုင်ပါပြီ။

SHARE