အမြဲတမ်းကိုယ်သင်းရနံ့လေးမွှေးပြီး စွဲဆောင်မှုရှိတဲ့လူတစ်ယောက်ဖြစ်ဖို့ နည်းလမ်း(၅)ခု

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အနံ့အသက်ဟာ အဲ့ဒီလူရဲ့ အရေးကြီးတဲ့Image တစ်ခုလို့တောင် ပြောလို့ရပါတယ်။ကိုယ့်ခန္ဓာကိုယ်က အနံ့အသက်မကောင်းရင် လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့ အချိန်နဲ့ လူတွေကြားထဲ ရောက်သွားတဲ့အချိန်မှာ
ဘယ်လိုမှ ယုံကြည်မှုရှိရှိ ပြောဆိုဆက်ဆံနိုင်မှာ မဟုတ်ပါဘူး။ပုံမှန်အားဖြင့် ခန္ဓာကိုယ် အနံ့ အသက်ကောင်းတဲ့သူတောင်မှ ရာသီဥတု အရမ်းပူအိုက် လာ ပြီးချွေးထွက်တဲ့ ရာသီမှာမျိုးမှာဆိုရင် အနံ့အသက်က ဘယ်လိုမှကောင်းနိုင်မှာ
မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ပျှမ်းမျှအားဖြင့် sweat glands (ချွေး glands )သုံးသန်းမှ လေးသန်းအထိရှိပါတယ်။ ဒီလိုချွေးထွက်ပြီး စိတ် ညစ်နေချိန်မှာ ခန္ဓာကိုယ်ရနံ့ကလည်း ဆိုးရွားလာမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်
ရနံ့ အဆိုးရွားကြီး မဖြစ်ပဲ  သင်းသင်းလေးမွှေးနေအောင် လုပ်နို်င်မယ့် နည်း လမ်းတွေရှိပါတယ်။ အဲ့ဒီနည်းလမ်းတွေကိုတော့ Shwemom စာဖတ်ပရိသ တ်ကြီးအတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁)တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ

တစ်ကိုယ်ရည်သန့်ရှင်းဆိုတာ လူတစ်ယောက်အတွက်၊လူတစ်ယောက် နေထိုင် ရပ်တည်မှုအတွက် အခရာကျလှပါတယ်။တစ်ကိုယ်ရည်သန့်ရှင်းခြင်းလို့ ဆိုရာ မှာ ရေချိုးခြင်းဟာ မပါမဖြစ်ပေါ့။ ရာသီဥတု ပူပြင်းရင် အထူးသဖြင့် နွေ ရာသီလို အရမ်းပူအိုက်တဲ့ အချိန်မှာ တစ်နေ့ကိုရေနှစ်ကြိမ်လောက်တော့ ချိုးပေး ပါ။ ဒီန ည်းဟာ ချွေးနဲ့ခန္ဓာကိုယ် အရေပြား ပေါ်မှာ ကပ်နေတဲ့ ဗက်တီးရီးယားေ တွ ကို ရှင်းပစ်နိုင်တဲ့ အလွယ်ဆုံး အထိရောက် ဆုံးနည်းပါ။ချွေးက ကိုယ်နံ့ဆိုးစေ တဲ့ အဓိက အကြောင်းအရင်းတွေထဲကတစ်ခုပါ။

(၂)ရေချိုးဆပ်ပြာရည်(shower gels)ကို သုံးပါ

READ
သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက်လား?

ရေချိုးတယ်ဆိုတဲ့ နေရာမှာလည်း ခန္ဓာကိုယ်ပေါ်က ချေးညှော်တွေကို တကယ် သန့်စင်အောင် ချိုးပေးဖို့တော့ လိုပါတယ်။ရေချိုး ဆပ်ပြာမှာရော၊Shower Gels မှာပါ အဆီတွေ၊အနံ့တွေနဲ့ ဗီတာမင်တွေ ထည့်ပေမယ့် အဲ့ဒါတွေဟာ Shower Gels တွေမှာ ဆိုရင် ပိုအစွမ်းထက် ၊ပိုအာနိသင်ပြပါတယ်။ပန်းရနံ့  ဆီမွှေးဒြပ်ပေါင်းတစ်ချို့နဲ့ အမြှုပ်ထတွေဟာ ရေချိုးဆပ်ပြာမှာ ထည့်လို့ မရ တာတွေရှိပါတယ်။Shower Gels တွေကတော့ အရေပြားပေါ်မှာ အနံ့ပိုစွဲစေနို င်သလို ပိုမိုလန်းဆန်းတဲ့ ခံစားမှုကိုပါ ပေးစွမ်းနိုင်ပါတယ်။ဒါကြောင့် ရေချိုး ဆ ပ်ပြာအစား ရေချိုး ဆပ်ပြာရည်(Shower Gels )ကို ရွေးချယ်ပါ။ဥပမာ- Lux Sakura Dream လိုရေချိုးဆပ်ပြာရည်မျိုးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ရေချိုးဆပ်ပြာရည်တော်ေ တ်ာများများမှာ မတွေ့ရတဲ့ ချယ်ရီပန်းလို့ လူသိများတဲ့ ဂျပန် ဆာကူရာရဲ့ အဆီအနှစ်နဲ့ပြုလုပ်ထားလို့ အမြှုပ်ထွက် အားကောင်းပြီး အ သားအရေကို ပိုမိုစိုပြေစေပါတယ်။မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့ အပြင် နူးညံ့တောက် ပပြီး ပန်းနုရောင်သမ်းတဲ့ အသားအရေကိုပါ ပေးစွမ်းနိုင် ပါတယ်။

 

(၃)အ၀တ်အစားတွေကို သေချာလျှော်၊လှန်း၊သိမ်းပါ

အနံ့အသက်ဆိုးရတဲ့ အကြောင်းအရင်းတွေထဲမှာ အ၀တ်အစားဟာလည်း တစ်ခုအပါအ၀င်ပါ။ ဒါကြောင့် အ၀တ်ကိုလျှော်မယ်ဆိုရင် ချွေးကွက်တတ်တဲ့ ချိုင်းလိုနေရာတွေ၊ ကော်လံနေရာတွေကို သေချာပွတ်လျှော်ပါ။အ၀တ်လျှော် စ က်ထဲမှာ ထည့်ပြီးလျှော်ရုံလောက်နဲ့ မလုံလောက်ပဲ လက်နဲ့ပဲ သေချာ ပွတ်ေ လျှာ်ပေးပါ။ အ၀တ်တွေကို လျှော်ပြီးရင် ချက်ချင်းထုတ်လှန်းပါ။တစ်ညလောက်ေ နပြီးမှ ထုတ်လှမ်းတာမျိုးမလုပ်ပါနဲ့။ချက်ချင်းထုတ်မလှန်းပဲထားရင် အ၀တ်တွေ မှာမှိုတွေ၊ဗက်တီးရီးယားတွေ ပေါက်ဖွားနိုင်ပါတယ်။ သေချာ အခြောက်ခံပါ။ ခြောက်သွားတဲ့ အ၀တ်အစားတွေကိုသိမ်းမယ်ဆိုရင် သိမ်းမယ့် သေတ္တာ၊ဗီရို ကို သေချာသန့်ရှင်းပါ။ အနံ့ဆိုးတွေရှိရင် ဖယ်ရှားပါ။ ချိတ်နဲ့ချိတ်သိမ်းမယ်ဆိုရင်
အ၀တ်အစားတစ်ခုခုနဲ့တစ်ခုကြား လက်မအနည်းငယ်လောက် ခွာချိတ်ပါ။ ဒါ မှလေ ၀င်လေထွက်ကောင်းနိုင်မှာပါ။အမွှေးနံ့သာဘူးလေးတွေကိုပါ ထည့် ထားပေးပါ။

READ
သင့်သွားတွေမှာ သွားပိုးပေါက် ဘယ်လောက်ရှိနေပြီလည်း ပြောပြကြည့်မယ်။

(၄)စားသောက်မှုပုံစံ

ကိုယ်နံ့ဆိုးရတာဟာ စားသောက်မှု ပုံစံကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာ ကိုယ်က ချွေးအရမ်းထွက်တယ်၊ကိုယ်နံ့အရမ်းပြင်းနေရင် ကိုယ့်ရဲ့ စားေ သာက် မှုပုံစံကိုပြန်စဉ်းစားပါ။အနီရောင်အသား၊အဆီ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊
စားခြင်းနဲ့ အယ်ကိုဟောပါဝင်တာတွေကိုစားသောက်တာ လျှော့ပါ။ နို့နဲ့နို့ ထွက်ပစ္စည်းတွေ၊ ချိစ်၊ ငရုတ်သီး၊ငါးတို့ကိုလည်း လျှော့ပါ။နောက်တစ်ခုကတော့ ကော်ဖီပါ။ သူ့မှာပါတဲ့ Caffeine ရဲ့ ဓါတု ဆိုးကျိုး (chemical effects)တွေ က ခန္ဓာကိုယ်ကိုချွေးထွက်တာများစေတတ်ပါတယ်။ရှောင်သင့်တာတွေကို ရှောင်ပြီးရင်တော့  လတ်ဆတ်တဲ့ သစ်သီးနဲ့ဟင်း သီးဟင်းရွက်တွေကို ရွေးချယ် စားသောက်ပါ။

(၅)တခြားဖြည့်စွက်သင့်သည်များ

ချိုင်းချွေးအရမ်းထွက် တတ်သူဆိုရင် ချိုင်းမွေးကို ရိတ်တာတွေ လုပ်ပေးပါ။ ချိုင်း နံ့မဆိုးအောင်ကျာက်ချဉ်လိမ်းတာတွေလုပ်ပေးပါ။ ရှူးဖိနပ်တစ်ရံကို မသန့်ရှင်းပဲ ရက်အကြာကြီး ဆက်တိုက်စီးတာမျိုးမလုပ်ပါနဲ့။ရေချိုးပြီးရင် ရေကို သေချာ
ခြောက်အောင်သုတ်ပါ။ အထူးသဖြင့် ခြေချောင်းတွေမှာ ရေစင်အောင်သုတ်ပါ။ အ၀တ်လျှော်တဲ့ အခါ လိုအပ်ရင်တော့ဗက်တီးရီးယားကို သေစေတဲ့ ဆပ်ပြာ မှုန့်မျိုးကို အသုံးပြုပေးပါ။အထက်ပါနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ ကိုယ်နံ့ဆိုးလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဖြစ်နေရတဲ့ ဒုက္ခကနေကင်းဝေးပြီး ကိုယ်သင်းရနံ့မွှေးမွှေးလေးနဲ့ အမြဲစွဲဆောင်မှုရှိနေမှာဖြစ်ပါတယ်။

Sponsored by  Lux Sakura Dream

SHARE