အသက်အရွယ်မရွေး ဆွဲဆောင်မှုရှိစေမယ့် နည်းလမ်း (၇) ခု

သင်ဟာ အသက် နှစ်ဆယ် သုံးဆယ် လေးဆယ် ငါးဆယ် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် လှပပြီး ဆွဲဆောင်မှုရှိအောင် လုပ်လိုက်ရပါတယ်။ အသက်ငယ်မှ ဆွဲဆောင်မှုရှိတာ မဟုတ်သလို အသက်ကြီးလည်းတိုင်း မလှတော့တာမဟုတ်ဘူး။ ဘယ်အသက်အရွယ်ရာက်ရောက် ဆွဲဆောင်မှုရှိနေတဲ့ အမျိုးသမီးတွေကို သင့်ပတ်ဝန်းကျင်မှာ တွေ့ဖူးမှာပါ။ သူတို့ကို တွေ့တိုင်း လိုက်ငေးနေရပြီး ကုသိုလ်ကံကောင်းလိုက်တာလို့ ပြောဖူးမှာပါ။ တကယ်တော့ သင်လည်း သူတို့လို အမြဲတမ်း လှပဆွဲဆောင်မှုရှိအောင် ကြိုးစားလို့ရတယ်ဆိုတာ အောက်ပါနည်းလမ်းတွေက သက်သေပြပါလိမ့်မယ်။

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ ပြုမူနေထိုင်ပါ

သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက်အဖြစ် သတ်မှတ်ထားရင် အခြားသူတွေကလည်း အဲဒီလို သတ်မှတ်မှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ အလိုလိုဆွဲဆောင်မှု ရှိနေပါတယ်။

977204-beautiful-girl

(၂) သဘာဝအတိုင်း နေပါ

၁၉၈၀ ခုနှစ်ကို ဆွဲဆောင်မှုရှိဖို့ မိတ်ကပ်တွေ အများကြီး လိမ်း၊ အ၀တ်အစားတွေ တောက်တောက်ပြောင်ပြောင်တွေ ၀တ်၊ ဆံပင်ကို အရမ်းသနေတာတွေကို အခုခေတ်မှာ လုပ်စရာမလိုတော့ပါဘူး။ အခုခေတ်မှာ ဆွဲဆောင်မှုရှိဖို့ မိတ်ကပ်တွေ အခြားအလှပြင်ပစ္စည်းတွေ အများကြီးမလိုပါဘူး။ အဲဒါကြောင့် အတတ်နိုင်ဆုံး သဘာဝနှင့် နီးစပ်အောင် အလှပြင်သင့်ပါတယ်။

READ
ခေါင်းလျှော်ရာတွင် သကြားထည့်လျှော်ပေးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ

(၃) သန့်ရှင်းအောင် နေပါ

အမြဲတမ်း သန့်ရှင်းသပ်ရပ်အောင် ကြိုးစားပါ။ လက်သည်းတွေ မညီမညာဖြစ်နေတဲ့၊ ဆံပင်တွေ ရှုပ်ပွနေတဲ့၊ ဖိနပ်တွေ ညစ်ပတ်နေတဲ့ မိန်းကလေးကို ဘယ်သူမှ ဆွဲဆောင်မှုရှိတယ်လို့ မထင်ပါဘူး။ မြင်လိုက်တိုင်း သန့်ရှင်းသပ်ရပ်ပြီး အနားကပ်လိုက်တိုင်း မွှေးနေတဲ့ မိန်းကလေးကို ဆွဲဆောင်မှုမရှိဘူးလို့ ဘယ်သူမှ မပြောပါဘူး။

(၄) လေ့ကျင့်ခန်းလုပ်ပါ

သင်ဟာ ဆွဲဆောင်မှုရှိဖို့ လှပတဲ့ ခန္ဓာကိုယ်အချိုးအစား ရှိသင့်ပါတယ်။ အဲဒါကြောင့် သင့်တင့်မျှတတဲ့ အစားအစာတွေ စားပြီ လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုရင် သင် လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ရမှာ အသေအချာပါပဲ။ အကယ်၍ သင်ဟာ လက်ရှိခန္ဓာကိုယ်အချိုးအစားကို သဘောကျတယ်ဆိုရင်တောင် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ဆက်လက်ထိန်းထားသင့်တယ်။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေပါတယ်။

(၅) စိတ်ဝင်စားစရာကောင်းအောင် နေပါ

ဆွဲဆောင်မှုရှိတယ်ဆိုတာ အပြင်ပန်းရုပ်ချော ခန္ဓာကိုယ်အချိုးအစား လှရုံတင်မဟုတ်ပါဘူး။ သင့်နှုတ်ခမ်းက ထွက်လာတဲ့
စကားတွေကလည်း ဆွဲဆောင်မှုရှိဖို့ လိုပါတယ်။ ဘယ်သူမှ ဦးနှောက်ထဲမှာ လှဖို့ကလွဲပြီး တခြားဘာမှမသိတဲ့သူနှင့် အချိန်ကုန်ခံပြီး စကားမပြောချင်ပါဘူး။ အဲဒါကြောင့် ရုပ်လှဖို့ ကြိုးစားသလို ဗဟုသုတရှိအောင် စာဖတ်တာ အားကစားလုပ်တာတို့ကို လေ့လာလိုက်စားသင့်ပါတယ်။

READ
ဆံပင်ကျွတ်ရတဲ့ အဓိက အကြောင်းအရင်း(၅)မျိုး

(၆) ပြုံးပါ

အပြုံးဟာ ထောင်ပေါင်းများစွာသော စကားလုံးတွေနှင့် ညီမျှတယ်။ အပြုံးတစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ အာရုံကို ဖမ်းစားလို့ရတယ်။ အဲဒါကြောင့် အပြုံး၏အစွမ်းသတ္တိကို အထင်မသေးပါနဲ့။ ပြီးတော့ သင့်အလှနှင့် ဆွဲဆောင်မှုရှိမှုကို လူတွေကို ပြသဖို့ တစ်ခါတစ်ရံမှာ အပြုံးပဲ လိုအပ်တာပါ။

(၇) အ၀တ်ဗီရိုကို ပြောင်းလဲပါ

သင် ၀တ်နေကျအရောင်မဟုတ်တဲ့ အ၀တ်အစားအသစ်တွေကို ၀တ်ပြီး အပြင်ထွက်လည်ဖို့ မကြောက်ပါနဲ့။ ဖက်ရှင်အကြောင်းကို သင် မကျွမ်းကျင်ဘူးဆိုရင် ကျွမ်းကျင်တဲ့ သူငယ်ချင်းတစ်ယောက်ကို အကူအညီ တောင်းပါ။

သင်ဟာ အမြဲတမ်း သက်တောင့်သက်သာနှင့် ဆွဲဆောင်မှုရှိနေတယ်ဆိုရင် သင့်ပတ်ဝန်းကျင်က သူတွေက အားကျတဲ့မျက်လုံးတွေနဲ့ ကြည့်ကြမှာပါ။ သင်ဟာ အသက်နှစ်ဆယ်အရွယ် ကောင်မလေးပဲဖြစ်ဖြစ် မြေး၁၃ယောက်ရှိတဲ့ အဘွားပဲဖြစ်ဖြစ် ဒီနည်းလမ်းတွေကို သုံးပြီး ဆွဲဆောင်မှုရှိအောင် ပြောင်းလဲလိုက်ပါ။

( Shwemom)

Ref: Lovepanky.com

SHARE