ကိုယ့်ချစ်သူကောင်လေးအတွက် အကောင်းဆုံးချစ်သူဖြစ်ဖို့ဘယ်လိုနေရမလဲ

ချစ်သူစုံတွဲတွေမှာ များသောအားဖြင့် ဖြစ်တတ်တာက ချစ်သူတွေမဖြစ်ခင်တုန်းကတော့ ယောက်ျားလေးက မိန်းကလေးကို အလျှော့ ပေးအလိုလိုက်တတ်ကြပေမယ့် ချစ်သူတွေဖြစ်သွားရင်တော့ မိန်းကလေးတွေဘက်က အလျှော့ပေးရတာများပါ တယ်။ရည်းစားနဲ့ပြတ်လို့ တစ်ယောက်ပြီး တစ်ယောက်ပြောင်းချစ်ရတဲ့အဖြစ်မျိုးကို ဘယ်မိန်းကလေးမှ မလိုလားကြပါ ဘူး။အဲ့ဒီတော့ ကိုယ့်ကိုထားမသွားဖို့နဲ့ ကိုယ်တိုင်လည်း စိတ်ချမ်းသာဖို့ ချစ်သူကောင်လေးအတွက် ကိုယ်ဟာ အကောင်းဆုံးချစ်သူဖြစ်ဖို့လိုပါတယ်။အဲဒီလို အကောင်းဆုံးချစ်သူဖြစ်ဖို့ ကြိုးစားနေကြတဲ့ မိန်းကလေးတွေအတွက်  အထောက်အကူဖြစ်စေမယ့် အချက်လေးတွေကို Shwemomမှတစ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။

သင့်ချစ်သူကို နေရာပေးပါ

မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေကြားမှာ အချစ်ကို တန်ဖိုးသတ်မှတ်ပုံခြင်း ကွဲပြားတဲ့အတွက် မိန်းကလေးတွေအတွက် ဘ၀တစ်ခုစာ တန်ဖိုးကြီးပြီး ယောက်ျားလေးတွေ အတွက် အချစ်ရဲ့တန်ဖိုးက ဘ၀အစိတ်အပိုင်းတစ်ခုစာလောက်ပဲရှိတတ်ကြပါတယ်(အားလုံးကိုတော့ မဆိုလိုပါဘူး)။ဘယ်လိုပဲဖြစ်ဖြစ် လွတ်လပ်မှုကို ခုံမင်တယ်၊ ကဏ္ဍများစွာကို စိတ်ဝင်စားတတ်တဲ့ယောက်ျားလေးတွေကို လွတ်လပ်မှုဆိုတာကို အထိုက်အလျောက်တော့ပေးရပါမယ်။အဲဒီလိုမှမဟုတ်ရင် သူတို့ရဲ့ လွတ်လပ်မှုကို ကိုယ်က ဖျက်ဆီးတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ခံရနိုင်ပါတယ်။ဒါကြောင့် သူ့ဘ၀လေးနဲ့သူ လွတ်လပ်မှုကို ဖန်တီးဖို့ ကိုယ်က ယုံကြည်ထားတယ်ဆိုတာကိုလည်း ပြသရပါမယ်။

READ
လူအများစု အချစ်ကိုကြောက်ရတဲ့အကြောင်းအရင်း (၅)ချက်

သူ့သူငယ်ချင်းတွေကို လိုက်လျောညီထွေဆက်ဆံပါ

သူ့သူငယ်ချင်းတွေလို့ပြောလိုက်တာနဲ့ သူ့ရဲ့ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေလည်းရှိနိုင်သလို သူ့ကိုခင်တွယ်တဲ့ ဘယ်သူ့ကိုမဆို လိုက်လျောညီထွေဆက်ဆံနိုင်အောင်ကြိုးစားပါ။သူ့သူငယ်ချင်းတွေကို လေးစားမှုထားပြီး လိုက်လျောညီထွေဆက်ဆံပေးခြင်းအားဖြင့် သင်နဲ့ သင့်ချစ်သူကြားက လွဲချော်မှုလေးတွေကို သူငယ်ချင်းတွေက သံတမန်နည်းနဲ့ ဖြေရှင်းပေးနိုင်မှာပါ။

သူ့ရဲ့ခံစားချက်တွေကိုနားလည်နိုင်အောင်ကြိုးစားပါ

သူနဲ့ထပ်တူထပ်မျှမဟုတ်တောင် သူခံစားနေရတာတွေကို နားလည်ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။သင့်ချစ်သူ သင့်အပေါ် ဘယ်လိုပြုမူဆက်ဆံသလဲဆိုတာကိုအကဲခတ်ပါ။အဲဒီအတိုင်း သင်က ပြန်လည်ပြုမူပေးပါ။တခါတရံ သင်စိတ်ကောက်လို့ သင့်ချစ်သူက ချော့ အခါ အလွယ်တကူလက်ခံပေးပါ။ယောက်ျားလေးအများစုက စိတ်မရှည်တတ်ကြ တဲ့အတွက် သင့်ရဲ့ လျစ်လျူရှုမှုက သူ့ရဲ့ လိုက်လျောမှုတွေကို ကုန်ခမ်းသွားစေပါလိမ့်မယ်။

နားထောင်ခြင်းကိုသင်ယူပါ

ယောက်ျားလေးအများစုက နားပူမခံနိုင်တတ်ကြပါဘူး။ဒါကြောင့် သူတို့မှာ ဆွေးနွေးတိုင်ပင်စရာ ဒါမှမဟုတ် သူတို့ကို အပြစ်တင်စရာ တစ်ခုခုတွေ့ခဲ့ရင် ဖြေရှင်းတာကို အရင်နားထောင်လိုက်ပါ။အကြောင်းအရာပေါ်မူတည်ပြီး ညိနှိုင်းဆွေးနွေးပါ။

သံသယဖြစ်စေမယ့်အကြောင်းပြချက်မျိုးမပေးပါနဲ့

တချို့မိန်းကလေးတွေအနေနဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို ဂရုစိုက်လာအောင် နည်းလမ်းအမျိုးမျိုးသုံးကြပါတယ်။ ကိုယ့်ကို သ၀န်တိုပြီဆိုရင် ကျေနပ်တတ်ကြပါတယ်။ဒါပေမယ့် သံသ၀င်သွားရင်တော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်တာ ကြောင့် ကိုယ့်ဘက်က အရိုးသားဆုံးနည်းနဲ့ပဲ ဆက်ဆံပါ။

READ
ချစ်သူသက်တမ်းနုနယ်သေးသူများအတွက် အကြံကောင်း(၈)ချက်

ယုံကြည်ပေးပါ

rp

ယောက်ျားလေးအများစုအနေနဲ့ ကိုယ့်ချစ်သူကိုသာ သ၀န်တိုတတ်ကြပေမယ့် သူတို့ကို သ၀န်တိုတာမျိုး မယုံကြည်တာမျိုး ကိုတော့ သဘောမကျကြပါဘူး။ဒါကြောင့် ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး အရိပ်အကဲနားလည်တတ်ဖို့လည်းလိုပါတယ်။ ကိုယ်က ယုံကြည်ပေးထားတယ်ဆိုတာကို သူ့ကိုအပြည့်အ၀သိခွင့်ပေးပါ။

သူ့အတွက် အထူးအစီအစဉ်လေးတွေလုပ်ပေးပါ

သူ့မွေးနေ့မှာ ဘုရားမှာ ဆုတောင်းပေးတာမျိုး၊ သူကြိုက်တဲ့အစားအစာလေးတွေလုပ်ကျွေးတာမျိုးနဲ့ သူ့အတွက် အမှတ်တရအစီအစဉ်လေးတွေဖန်တီးပေးပါ။

ဖော်ပြပေးခဲ့တဲ့အချက်တွေအားလုံးဟာ မိန်းကလေးတွေအနေနဲ့ ကိုယ့်ဘက်ကပဲအလျှော့ပေးနေရတယ် လို့တွေးလို့ရပေမယ့် ကိုယ်ရွေးချယ်ထားတဲ့ ချစ်သူဖြစ်လို့ ကိုယ်တိုင်လည်း စိတ်ချမ်းသာဖို့ လိုပါတယ်။

ချစ်သူစုံတွဲတိုင်း အပြန်အလှန်နားလည်မှုတွေနဲ့ ချစ်ခြင်းမေတ္တာခိုင်မြဲကြပါစေ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE