အမေရိကန်သမ္မတ ထရမ့်နဲ့မှ ထူးထူးခြားခြား သွားပြီး ဆင်လို့ နာမည်ကြီးလာတဲ့ငါးကလေး

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့က Manchester’s Trafford Centre မှာ တည်ရှိတဲ့ Sea Life ပင်လယ်ငါးပြခန်းမှာ Cowfish အမျိုးအစား ငါးတစ်ကောင်ဟာ ထူးထူးခြားခြား အမေရိကန်သမ္မတ ထရမ့်နဲ့ ဆင်တူဖြစ်နေတာကို တွေ့ခဲ့ရပါ
တယ်။ ဒီဓာတ်ပုံတွေကို Steve Collins လို့ အမည်ရတဲ့ အမျိုးသားကြီး ပြခန်းကို သားသမီးတွေနဲ့အတူ သွားရောက်စဉ် မှတ်တမ်း တင်ခဲ့တာပါ။

ငါးကလေးရဲ့ ဦးခေါင်းအထက်က ချိုဟာ သမ္မတထရမ့်ရဲ့ ကပေါက်တိကပေါက်ချာ ဆံပင်အမောက်နဲ့ တူညီနေပြီး၊ နှုတ်ခမ်းစူသလိုလိုဖြစ်နေတဲ့အနေအထားကို ထရမ့်နဲ့ သွားတူနေတယ်လို့ ဆိုပါတယ်။ Steve က ” ကျွန်တော် ဒီငါးကို မြင်တော့ မရယ်အောင် ထိန်းချုပ်ထားတာကို မရဘူး … ရယ်မိတော့တာပဲ … “လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

READ
မျောက်တွေ မျောက်ဝံတွေနဲ့ အတူကြီးပြင်းခဲ့တဲ့ သက်ရှိတာဇံမလေးကို အိန္ဒိယတွင်တွေ့ရှိခဲ့

ယခု ဓာတ်ပုံပါ Cowfish ဟာ Longhorn Cowfish အမျိုးအစားဖြစ်ပြီး၊ သူ့ကို အဖမ်းခံရတဲ့အခါ ၀က်တွေအော်သလို
အော်တတ်ကြောင်း သိရပါတယ်။ လူကို ဒုက္ခပေးနိုင်တဲ့ အဆိပ်လည်း ၎င်းငါးရဲ့ အညစ်အကြေးမှာ ပါဝင်ပြီး၊ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဓ့ရာ ရေတိမ်ပိုင်းမှာ ကျင်လည်ကျက်စားတတ်တယ်လို့ သိရပါတယ်။

သူရဲ့အဆိပ်ဟာ သွေးနွေး/သွေးအေးသတ္တ၀ါတွေသာမက ၎င်းကို ဖမ်းယူစားသောက်တဲ့ အတော်အတန်ကြီးမားတဲ့ ငါး
တွေကိုပင် သေစေနိုင်တယ်လို့ သိရပါတယ်။ အမေရိကန် သမ္မတထရမ့်ဟာ ဖြူကောင်အပါအ၀င် အခြားတိရစ္ဆာန်တွေ၊
ရှေးဟောင်းသမိုင်းဝင် ရုပ်တုတွေထဲက အပြောင်အပျက်ပုံစံမျက်နှာပေးနဲ့ ရုပ်တုတွေနဲ့ မကြာခဏ နှိုင်းယှဉ်ခံရသူ ဖြစ်ပါ
တယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE