သေဘာၤေပၚက နာရီသူခိုး ဉာဏ္စမ္း

ဂ်ပန္ကုန္တင္သေဘာၤတစ္စီးဟာ ပင္လယ္ထဲမွာ ရွက်လွှင့်နေပါတယ်။

တစ်နေ့မှာတော့ သဘောင်္ရဲ့ကပ္ပတိန်ဖြစ်သူ ရေချိုးခန်းဝင်နေတုန်း ဘေစင်ပေါ်မှာ တန်ဖိုးကြီး နာရီတစ်လုံးကို ချွတ်ထားခဲ့မိပါတယ်။ ရေချိုးပြီးလို့ ပြန်ထွက်လာချိန်မှာတော့ သူ့ရဲ့နာရီက ပျောက်ချင်းမလှပျောက်သွားပြီး အားလုံးကို လိုက်မေးတော့လည်း ဘယ်သူမှ ရေချိုးခန်းဘက် မလာကြောင်းပြောကြပါတယ်။

အခြေအနေအရပ်ရပ်ကို စစ်ဆေးသုံးသပ်ပြီးတဲ့နောက်မှာတော့ ကပ္ပတိန်က သံသယဖြစ်ဖွယ် လူငါးယောက်ကို ရွေးထုတ်နိုင်ခဲ့တယ်။ တစ်ယောက်ချင်းစီကို ပြီးခဲ့တဲ့ (၁၅) မိနစ်အတွင်း ဘယ်နေရာမှာရောက်နေတယ်၊ ဘာတွေလုပ်နေလဲလို့ စစ်ဆေးတဲ့အခါမှာတော့……

ဖိလစ်ပိုင်လူမျိုး ထမင်းချက်က – “ချက်ပြုတ်ဖို့အတွက် အအေးခန်းထဲက အသားတွေသွားထုတ်နေပါတယ်”

အိန္ဒိယလူမျိုး စက်ပြင်အင်ဂျင်နီယာက (ဓာတ်မီးတစ်လက် ကိုင်ထားလျက်) – ” ကျွန်တော် အရန်စက်အင်ဂျင်ကို စစ်ဆေးရေး လုပ်နေပါတယ်”

ထိုင်းလူမျိုး သင်္ဘောသားက – ကျွန်တော် သင်္ဘောရွက်တိုင်ထိပ်မှာ ရောက်နေပါတယ်။ အလံက ဇောက်ထိုးဖြစ်နေတာတွေ့လို့ တက်ပြင်နေတာပါ”

READ
သေရေး ရှင်ရေးအခြေအနေတွေကို သင် ကျော်လွှားနိုင်ပါ့မလား

အင်္ဂလိပ်လူမျိုး ရေဒီယိုအင်ဂျင်နီယာက – “ကျွန်တော် ကုမ္ပဏီကို နောက် ၇၂ နာရီအကြာ ဗုဒ္ဓဟူးနေ့မနက် ၁၀ နာရီလောက် ကမ်းကပ်မယ့်အကြောင်း သတင်းပို့နေပါတယ်”

ပြင်သစ်လူမျိုး ပဲ့ထိန်းအရာရှိက – “ကျွန်တော်မနေ့ညက ညဂျူတီဝင်ထားလို့ အခုအိပ်နေပါတယ်”

ကပ္ပတိန်ကတော့ ဒီငါးယောက်ရဲ့ အဖြေတွေကို ပြန်သုံးသပ်ပြီး ၂ မိနစ်အတွင်းမှာ တရားခံကို ဖမ်းမိသွားပါတယ်။
သင်ရော ဘယ်သူတရားခံလို့ ထင်လဲ။

Share the quiz to show your results !


Just tell us who you are to view your results !

A thief on the ship riddle! %%personality%%

ဇော်မျိုးနိုင် (Shwemom)

SHARE