Gymကတစ်ယောက်နဲ့ အိမ်ကမိန်းမမသိအောင်ဖောက်ပြန်မိနေတယ်။ ဘာလုပ်သင့်ပါသလဲ?

Sporty couple exercising at the fitness gym

Dear ShweMOM,

ကျွန်တော် Gymမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဖောက်ပြန်နေမိပါတယ်။ ကျွန်တော်တို့ခဏခဏတွေ့ဖြစ်နေပါတယ်။
ကျွန်တော်ကအိမ်ထောင်နဲ့ပါ။ ကျွန်တော့်အမျိုးသမီးကို လှည့်စားနေတာကို ကျွန်တော့်ကို ကျွန်တော်မုန်းမိပါတယ်။ ကျွန်တော်
က အသက်၃၂ပါ။ ကျွန်တော့်မိန်းမက အသက်၂၈ပါ။ ကျွန်တော်တို့အိမ်ထောင်သက်က ၃နှစ်ရှိသွားပါပြီ။ ကျွန်တော်တို့အရမ်း
ချစ်ကြပါတယ်။ ဒါပေမယ့် ပြဿနာကတော့ သူကလေးမလိုချင်တာပါ။ သူကကလေးယူဖို့ကိစ္စပြောတိုင်း အခြားအကြောင်းပြ
ချက်များစွာနဲ့ ငြင်းဆန်ပါတယ်။ ကျွန်တော်စိတ်တွေညစ်နေရတာတော်တော်ကြာပါပြီ။ ဒါ့ကြောင့် ညနေဘက်Gymတစ်ခုမှာ
ပုံမှန်ဆော့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒိမှာ အခုဒီတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ သူက ရုပ်ချောတဲ့အပြင် ကိုယ်လုံးကိုယ်ပေါက်က
လည်း လှပါတယ်။ တွေ့ပါများ၊စကားပြောပါများရာကနေ ခင်သွားကြပါတယ်။ နောက်တော့ မမှားသင့်တာမှားသွားပါတယ်။
အခုတော့ တစ်ပတ်ကို ၂ကြိမ်လောက် တွေ့ဖြစ်နေပါတယ်။ သူက အသက်၃၆လောက်ရှိနေပါပြီ။ သူက ကျွန်တော့်မှာ ဇနီးရှိ
တာကို ကျွန်တော်ပြောပြလို့သိပြီးပါပြီ။ သူကကျွန်တော့် အဖြစ်ကိုသနားနေပါတယ်။ သူက ရေရှည်လက်တွဲပြီး ကလေးတွေ
နဲ့ သာယာတဲ့ ဘဝလေးအတူတူ တည်ထောင်ချင်တယ်လို့ဆိုပါတယ်။ သူက ကျွန်တော့်ကို ပိုပိုပြီးချစ်လာပါတယ်။ ကျွန်တော့်
ရဲ့ဇနီးကို ကျွန်တော်မနာကျင်စေချင်ပါဘူး။ ကျွန်တော်ရပ်တန့်သင့်နေပြီဆိုတာသိပါတယ်။ တစ်ချိန်ထဲမှာပဲရပ်တန့်လိုက်ရင်
မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာလည်း ကြောက်နေပါတယ်။ ဘယ်သူ့မှလည်း ဖွင့်ပြောလို့မရတဲ့ ကိစ္စမို့လို့အကြံပြု
ပေးပါအုံးခင်ဗျာ။

READ
ဘော့စ်က ထိကပါးရိကပါးလုပ်တာကို ဘယ်လိုကာကွယ်ရမလဲ ... ?

ShweMOM မှအကြံပြုချက်

ရပ်တန်းက ရပ်သင့်နေပါပြီ။ အစ်ကို့ရဲ့ အမျိုးသမီးက ကလေးမယူချင်တာ ဆိုတဲ့ အပြစ်ကလေးပဲရှိပုံရပါတယ်။ အခုတွဲနေတဲ့
တစ်ယောက်ကို ရှင်းလင်းအောင်ပြောပြပါ။ အစ်ကိုက အစ်ကို့မိန်းမကိုပဲချစ်ကြောင်း ဒီအိမ်ထောင်ရေး အခြေအနေကိုပဲ တိုး
တက်အောင် လုပ်ဖို့ဆုံးဖြတ်ထားကြောင်း၊ အိမ်က မိန်းမကိုမခွဲနိုင်ကြောင်းပြောပြပါ။ ပြီးရင် အပြီးဖြတ်ပါ။ အဲ့ဒိGymလည်းမ
သွားပါနဲ့တော့။

ဒီအရာကနေသင်ခန်းစာယူပါ။ သာယာတဲ့အိမ်ထောင်ရေးဆိုတာ ကိုယ့်အိမ်ထောင်ရေးကိုပဲ တိုးတက်အောင်လုပ်ယူရမှာပါ။
အခြားထွက်ပေါက်အနေနဲ့ ဖောက်ပြန်ခြင်းကို မလုပ်သင့်ပါဘူး။ ဒါဟာ ဆိုးရွားတဲ့အခြေအနေတစ်ခုကိုပဲရောက်စေမှာပါ။
ကလေးတွေ ရှိနေရင်ပိုဆိုးပါတယ်။ မိမိကြောင့် ကလေးတွေ လူပုံအလယ်မှာ သိက္ခာကျရမှာကိုပြန်စဉ်းစားပါ။ မိမိကဖောက်
ပြန်နေရင် သားသမီးလေးတွေ ခင်ပွန်း၊ သို့မဟုတ် ဇနီးရွေးချယ်တဲ့အခါ ပတ်ဝန်းကျင်က ဖောက်ပြန်တဲ့ အသိုင်းအဝိုင်းက
လာကြာတာလေ။ သူတို့လည်း ဖောက်ပြန်ကျမှာပါပဲ ဆိုတဲ့စကားတွေနဲ့ အထိုးအနှက်ခံရပါလိမ့်မယ်။ မိမိရဲ့ တဒင်္ဂသာယာ
မှုကြောင့် အခြားသူတွေရဲ့ ဘဝပျက်စီးမှာကို နောက်တစ်ခါမလုပ်မိပါစေနဲ့။

READ
ချစ်သူရှိရက်နဲ့အခြားတစ်ယောက်ကို စိတ်ဝင်စားမိတာဘယ်လိုလုပ်ရမလဲ

အိမ်က အမျိုးသမီးကိုလည်း နားလည်အောင် ရှင်းပြပါ။ သင်ကလေး ဘယ်လောက်လိုချင်ကြောင်း၊ သင်ကလေးတွေအတွက်
ဘယ်လိုကြိုးစားမှာ ဖြစ်ကြောင်း၊ စတာတွေရှင်းပြပါ။ နောက်ဆုံး သူကကလေး လုံးဝမလိုချင်ဘူးဆိုရင်တောင် ရှင်သူ့ကို
ချစ်လို့ယူခဲ့တာမဟုတ်လား။ သူဆိုတဲ့ ဖြစ်တည်ခြင်းကို ချစ်ခဲ့တာ မဟုတ်လား။ ရှင်သူ့ကို တကယ်ချစ်ရင် ကလေးမယူချင်
တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့တော့ သူ့ကိုဘယ်တော့မှ ထားသွားမှာ မဟုတ်ပါဘူး။

အမှားကိုသိတာကောင်းပါတယ်။ အခုလို Dear ShweMOM ကဏ္ဍကို အီးမေးလ်ပို့ပြီးမေးတာလည်း ကောင်းပါတယ်။ ဒါမှ
လည်း အကြံဥာဏ်တစ်ပိုင်းတစ်စရမှာပါ။ မှားတတ်တာ လူတိုင်းမှားတတ်ပါတယ်။ ဒါပေမယ့် ဒါမျိုး နောက်တစ်ကြိမ်မမှားပါ
စေနဲ့။

ShweMOM

ဘယ်သူ့ကိုမှ ဖွင့်ပြောလို့မရ၊ ဖွင့်တိုင်ပင်လို့မရတဲ့ ကိစ္စမျိုးတွေကို ShweMOM ကိုမေးလို့ရပါပြီ။ မေးသူရဲ့နာမည်ကိုဘယ်
တော့မှ ဖော်ပြမှာ မဟုတ်ပါဘူး။ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။ မေးမြန်းချင်ပါက[email protected]m သို့
အီးမေးလ်ပေးပို့ကာ မေးမြန်းနိုင်ပါတယ်။ အီးမေလ်းဖြင့် တစ်ယောက်ချင်းဆီကိုတော့ ပြန်ကြားသွားမှာ မဟုတ်ပါဘူး။ မေး
သူရဲ့ အမည်ကို မဖော်ပြပဲ ဒီဝက်ဘ်ဆိုဒ်ပေါ်မှာပဲ ပြန်ဖြေသွားမှာပါ။

SHARE