မြို့ထဲတစ်နေရာရဲ့ ညနေမှောင်စပျိုးချိန်မှာ ကားတစ်စီးဟာ လမ်းလျှောက်နေတဲ့ ကလေးငယ်တစ်ယောက်ကို ပွတ်တိုက်မိပြီး ထွက်ပြေးသွားခဲ့တယ်။ ဖြစ်ချင်တော့ အဲ့နေရာမှာ ရဲတစ်ယောက်လည်း ရှိနေခဲ့ပြီး ထိုရဲက တာဝန်ကျ ယာဉ်ထိန်းရဲကို စည်းကမ်းမဲ့ အရှိန်ပြင်းမောင်းသွားတယ်လို့ သတင်းပေးခဲ့တယ်။ ယာဉ်ထိန်းရဲကလည်း အခင်းဖြစ်နေရာကို စစ်ဆေးပြီး အနီးအနားက မျက်မြင်သက်သေ ခြောက်ယောက်ကို ခေါ်ယူမေးမြန်းရာမှာ ခုလို ထွက်ဆိုချက်တွေ ရခဲ့တယ်။
သက်သေ (၁) ကားက အနက်ရောင်ဖြစ်ပြီး၊ အမျိုးသားတစ်ယောက် မောင်းလာတာဖြစ်တယ်။
သက်သေ (၂) ကားက အရှိန်ပြင်းမောင်းလာပြီး၊ ရှေ့မီးကြီးတွေလည်း ပိတ်ထားသေးတယ်။
သက်သေ (၃) ကားက နံပါတ်ပြားတော့ ပါတယ်။ ပြီးတော့ ဖြည်းဖြည်းလေးပဲ မောင်းလာတာ။
သက်သေ (၄) ကားက တိုယိုတာ ကုမ္ပဏီထုတ် ဖြစ်ပြီး၊ ရှေ့မီးကြီးတွေလည်း ပိတ်ထားသေးတယ်။
သက်သေ (၅) ကားက နံပါတ်ပြား မပါဘူး။ ပြီးတော့ အမျိုးသမီးတစ်ယောက် မောင်းလာတာဖြစ်တယ်။
သက်သေ (၆) ကားက ဟွန်ဒါ ကုမ္ပဏီထုတ်ဖြစ်ပြီး အဖြူရောင်ဖြစ်တယ်။
နောက်ဆုံး တရားခံကို ဖမ်းမိချိန်မှာတော့ သက်သေ ခြောက်ယောက်မှာ တစ်ယောက်ရဲ့ ထွက်ဆိုချက်ကသာ အပြည့်အစုံမှန်ကန်ပြီး ကျန်ငါးယောက်ကတော့ တစ်ဝက်မှန်၊ တစ်ဝက်မှား ထွက်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ကဲ…ဒီလောက်သိရပြီဆိုရင် အဖြေထုတ်နိုင်ကောင်းပါပြီ။ အောက်က မေးခွန်း (၆) ခုကို ဖြေပေးပါ။

ဇော်မျိုးနိုင် (Shwemom)