ခွေးချစ်သူများအတွက် ဘန်ကောက်မြို့က True Love Café ဆိုင်

သင်ဟာ ခွေးချစ်သူတစ်ယောက်ဖြစ်ပြီး ဘန်ကောက်မြို့ကို အလည်သွားဖို့ ပြင်ဆင်နေသူဆိုရင်တော့ ဘန်ကောက်မှာ ရှိတဲ့ True Love ကဖီးဆိုင်ကို တစ်ခေါက်လောက် ၀င်ရောက်ဖို့ လမ်းညွှန် အကြံပြုချင်ပါတယ်။

husky-cafe5-600x450

ဆိုင်ထဲမှာတော့ ထိုင်းချက်ပြုတ်နည်းစတိုင်အစားအစာတွေကို မြည်းစမ်းနိုင်မှာဖြစ်သလို ချစ်စရာကောင်းတဲ့ huskies ခွေးလေးတွေနဲ့လည်း လက်ပွန်းတတီးနေခွင့်ရမှာပါ။ True Love Café ဆိုင်ကိုတော့(၂၀၁၃)ခုနှစ်က ဖွင့်လှစ်ခဲ့တာပါ။
husky-cafe-600x388
Chotiros Ratanabirabongse ဆိုသူဟာ husky ခွေးတွေကိုသားဖောက်ရောင်းချသူုဖြစ်ပြီး၊ တစ်နေ့မှာတော့ သူ့ရဲ့လယ်ယာမြေကို လူတွေလာရောက်နိုင်တဲ့ ခွေးသားဖောက်ရောင်းချတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲဖို့ စိတ်ကူး ရခဲ့ပါတယ်။
husky-cafe4-600x400
အခုဆိုရင်တော့ လာရောက်သူတဖြည်းဖြည်းများလာပြီး ဘန်ကောက်မြို့ရဲ့ ခရီးသွားဧည့်သည်တွေ စွဲဆောင်ရာနေရာ တစ်ခုဖြစ်လာခဲ့ပါတယ်။ဆိုင်ထဲမှာတော့ ခွေး(၂၅)ကောင်ရှိပြီး၊တစ်နာရီစာအတွက်ထိုင်းဘတ်ငွေ(၃၅၀)၊အမေရိကန်ဒေါ်လာနဲ့ဆိုရင်တော့(၁၀)ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။
husky-cafe6-600x406

ခွေးတွေနဲ့ကစားချင်တယ်၊ခွေးတွေကိုကြည့်ချင်သူတွေအနေနဲ့တော့လက်တွေကိုသန့်ရှင်း၊ပလတ်စတစ်ခြေစွပ်တွေစွပ်ဖို့လိုအပ်ပြီး၊လိုက်နာရမယ့်စည်းကမ်းတွေကို ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီးမှ အထဲကိုဝင်ရမှာဖြစ်ပါတယ်။True Love Cafe ဆိုင်ဟာ husky ခွေးအမျိုးအစားတွေသီးသန့်စုစည်းထားတဲ့ ကမ္ဘာ့ပထမဆုံးကဖေးဆိုင် ဖြစ်ပါတယ်။

READ
ကမ္ဘာ့အလှဆုံးကျွန်းများ

Ref; odditycentral.com

SHARE