စွန့်စားရတာကို နှစ်သက်သူများ အကြိုက်တွေ့စေမယ့် Cage of Death

စွန့်စားရတာ၊ထိတ်လန့်ရင်ဖိုရတဲ့ ခံစားချက်ကို ကြိုက်တဲ့ သူတွေအတွက် လည်ပတ်လို့ ကောင်းမယ့် နေရာတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါ ကတော့ သေခြင်းလှောင်အိမ်လို့ အဓိပ္ပါယ်ရတဲ့ Cage of  Death ပါ။သြ စတြေးလျနိုင်ငံ Darwin မြို့က Crocosaurus Cove တောရိုင်း တိရစ္ဆာန် ဥယျာဉ်မှာတော့ မှာတော့ရေငန်မိကျေင်းတွေ ကို လှောင်အိမ် ထဲကနေ အနီး ကပ်လေ့လာကြည့်ရှုနိုင် မှာဖြစ်ပါတယ်။

https _blueprint-api-production.s3.amazonaws.com_uploads_card_image_236954_Couple1

ကန်ထဲမှာမွေးထားတဲ့ ငါးမီတာအရှည်ရှိတဲ့ မိကျောင်းတွေကို အနီးကပ်ကြည့်ရှု ရမှာဖြစ်ပါတယ်။လှောင်အိမ်ထဲကနေ ရေအောက်မှာရှိတဲ့ မိကျေင်းတွေကို ကြည့် တဲ့ diving session  တစ်ခုစာအတွက်အချိန်(၁၅)မိနစ်ကြာမြင့် မှာဖြစ် ပြီး လှောင်အိမ်ထဲမှာတော့ လူတစ်ယောက် (သို့)နှစ်ယောက် ၀င်လို့ရပါတယ်။ လူတစ်ယောက်စာဆိုရင် အမေရိကန်ဒေါ်လာ(၁၂၅)၊နှစ်ယောက် စာအတွက် ဆိုရင် အမေရိကန်ဒေါ်လာ(၁၉၀)လောက် ကျသင့်မှာဖြစ်ပါတယ်။အသက်ကန့် သတ်ချက်ရှိပါတယ်။(၁၅)နှစ်အထက်ရှိဖို့ လိုပြီး (၁၈)အောက်ဆိုရင် မိဘအုပ် ထိန်းသူတစ်ယောက်ယောက် ပါရမှာဖြစ်ပါတယ်။

READ
အနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ် ခရီးထွက်သင့်တဲ့အကြောင်းရင်း

crocosaurus-cove

ကန်ထဲကိုအရင်မလွှတ်ခင် သင့်လုံခြုံရေးအတွက် လိုက်နာရမယ့်အချက်တွေကို ရှင်းလင်းပြောဆိုတာကို မိနစ်(၂၀)လောက် နားထောင်ပေးဖို့ လိုပါတယ်။အဲ့ဒီလို နားထောင်ပြီးမှသာ အထဲကို ၀င်ရောက်ရမှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ အထဲ ကို ၀င်ခွင့်ရမှာဖြစ်ပြီး လှောင်အိမ်ထဲကနေ ကန်ထဲမှာရှိတဲ့ မိကျောင်းတွေကို အနီးကပ်မြင်တွေ့ခွင့်ရပြီး ဓါတ်ပုံရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

https _blueprint-api-production.s3.amazonaws.com_uploads_card_image_236947_BlowingAKiss_COD

Ref;mashable

SHARE