အခြားအမျိုးသမီးကို ကားပေါ်တင်သွားတဲ့ခင်ပွန်းနောက် သက်စွန့်ဆံဖျားလိုက်တဲ့ဇနီး

ခင်ပွန်း်ဖြစ်သူက တခြားမိန်းမတစ်ယောက်ကို ကားပေါ် တင်ခေါ်သွားတာကို မြင်လိုက်တဲ့ အမျိုးသမီးဟာ ကားစက်ဖုံးပေါ်ကို မရမ ကတွယ်ကပ်ပြီး လိုက် သွားခဲ့ပါတယ်။တွဲလောင်းအနေအထားနဲ့ မိုင်အေ တ်ာခရီးပေါက်တဲ့ အထိ ဒီအ တိုင်း တွယ်ကပ်သွားပြီး လိုက်သွားခဲ့တာပါ။

ဒီဖြစ်ရပ်ဟာ တောင်အာဖရိကနိုင်ငံ၊  Pretoria မှာ ဖြစ်ခဲ့တာပါ။တခြားအမျိုးသ မီးကို ကားပေါ်တင်ပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ ခင်ပွန်းနောက်ကို မရမကကို လို က်ခဲ့တာပါ။လူသူတွေထူထပ်နေတဲ့ လမ်းမပေါ်မှာ ကားရှေ့မှန်ပေါ်မှာ တွဲလဲခိုပြီး အသက်အန္တရာယ်ကို မကြောက်မရွံ့နဲ့ လိုက်နေခဲ့တာပါ။Norah Pitje ဆို သူက ဒီမြင်ကွင်းကို ဗီဒီယိုရိုက်ပြီး  မေ(၈)ရက်နေ့က Facebook ပေါ်မှာ တင်ခဲ့တာပါ။” မယားငယ်ထားတဲ့ ခင်ပွန်းကို တွေ့လိုက်တဲ့ အမျိုးသမီး” ဆိုတဲ့ စာနဲ့အတူတင်ခဲ့တာပါ။ကားပေါ်ကို ခုန်တတ်ပြီး တွယ်လိုက်နေတဲ့ အမျိုးသမီးနဲ့ အမြှောင်မယားကို ကာကွယ်ပေးဖို့ စက်ဖုံးပေါ်မှာ တွယ်ကပ်နေတဲ့ ဇနီးကိုပြုတ် ကျအောင် မြန်မြန်မောင်းနေတဲ့ အမျိုးသားတို့ကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။

READ
ချစ်သူတွေကိုမနှစ်မြို့တဲ့ သရဲတစ်ကောင်ရဲ့ ခြောက်လှန့်ခြင်းကိုခံခဲ့ရဟု ဖွင့်ဟခဲ့တဲ့ အမျိုးသမီး

တခြားဗီဒီယို Clip ထဲမှာတော့ အမျိုးသားဟာ ကားကိုရပ်လိုက်ပြီး လူအုပ်ကြီး ကလည်း သူတို့ရဲ့ သုံးပွင့်ဆိုင်ပြဿနာကို စုဝေးကြည့်ရှုနေပုံကို တွေ့ရပါ တယ်။ အမျိုးသားဖြစ်သူကားထဲက ထွက်လာချိန်မှာတော့ အမျိုးသမီးဟာ လှမ်းပြီး ဆောင့်ဆွဲပစ်ခဲ့ပြီးတကယ့်ကို အချစ်တိုက်ပွဲတစ်ခု ဖြစ်ခဲ့တာပါ။fb စာမျ က်နှာေ ပ်ါက ဗီဒီယိုဖိုင်အောက်မှာတော့ အမျိုးသားက မရပ်ပဲ ဆက်မောင်းနေခဲ့တာကိုမှ အမျိုးသမီးလုပ်သူ ခရီးမိုင်အတော်လေးရောက်တဲ့ အထိ တွယ် ကပ်ပြီး သူမရဲ့ အချစ်ကို ပြခဲ့တယ်လို့ ၀င်မန့်ထားပါတယ်။ဒီကားဟာ အမျိုးသမီးရဲ့ ကိုယ်ပိုင် ကားလို့ ယူဆရပါတယ်။အဲ့ဒီဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ်မှာ ကြည့်ရှုသူ (17,000) ကျော်ခဲ့ပါတယ်။

Nilar(Shwemom)

Ref;thesun

SHARE