အွန်လိုင်းပေါ်မှာကောင်လေးတစ်ယာက်ကိုချစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ?

Dear ShweMOM,

သမီးWechatက​နေချစ်သူထားခဲ့ဘူးပါတယ်။ ဒါပေမယ့် ရီးစားစကား​ပြောပြီးပြီးချင်းပဲ ညမ အ​ဖြေ​ပေးလိုက်
ပါတယ်​ ချက်​ချင်းပဲ သမီးချစ်​သူကို သူ့သူငယ်​ချင်း​တွေနဲ့ မိတ်​ဆက်​​ပေးလို့ ​ပြော​တော့ သူက အင်းတဲ့။အဲ့ဒါနဲ့
သမီးက ဘယ်​လိုမိတ်​ဆက်​​ပေးမှာလဲ လို့​မေး​တော့ သမီးကို wechatက​နေဘ​လော့သွားပါတယ်​ အရမ်းချစ်
ရသူမို့ ​နောက်​အ​ကောင့်​တခုက​နေ ​တောင်းပန်​ပြီး စကား​တွေ ၃ရက်​​လောက်​​ပြောခဲ့ ပါတယ်​။ သမီးကို သူရဲ့
ဖုန်းနံပါတ်​ကို အပြင်​မှာ​တွေ့မှ ​ပေးမယ်​လို့​ပြောပါတယ်​။အဲ့ဒါနဲ့ သမီးလ ​ခေါင်းငြိမ့်​ရုံအပြင်​မတတ်နိုင်ခဲ့
ပါဘူး ဒါ​ပေမဲ့  ​တွေ့ဖို့ခွင့်​​တောင်းတော့လဲ ငြင်းလိုက်​ပါတယ်​ မ​တွေ့ချင်​​သေးဘူးလို့​နောက်​​တော့ ဘ​လော့
လုပ်​သွားပြန်​ပါတယ်​။သမီးလဲ မာန ထိခိုက်​လွန်းလို့ မဆက်​သွယ်​​တော့ပါဘူး ​ငါေးတာ့လကြာပြီး​တော့
ခု​တော့ Fbမှာ fri listထဲ​ရောက်​​နေပါပြီသမီးမှန်း သူမသိပါဘူး ။ရူးသွပ်​မတတ်​ချစ်​​နေဆဲပါပဲသူ့အသိုင်းဝိုင်း
လဲ သိပါပြီ ။သူက ရန်​ကုန်​ သမီးက မန်း​လေး ပါ ဘယ်​လို လုပ်​ရမလဲ သူ့အချစ်​ကို ပြန်​ရချင်​ပါတယ်​ ပြီးတော့
သမီး ဘာမှားလို့လဲ​တွေးမရပါ။အမြန်​ဆုံး ​ဖြေ​ပေးပါ​နော်​ အ​ရေးကြီးအလျင်​လို​နေလို့ပါ အားကိုးရတဲ့​ပြောစရာ
လူလဲ မရှီပါဘူး ​ကျေးဇူးပါရှင်​။

READ
ရည်းစားဟောင်းနဲ့ ဇာတ်လမ်းပြန်စပြီးနောက် ၊ ခင်ပွန်းကိုထားခဲ့ဖို့ သင့်မသင့် ဆုံးဖြတ်ပေးပါ

ShweMOM မှအကြံပြုချက်

ပထမဦးဆုံးပြောချင်တာကတော့ အွန်လိုင်းမှာချစ်သူထားတာ ငယ်ရွယ်တဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။
အွန်လိုင်းကနေ ကြိုက်ပြီး အပြင်မှာ ငြားသွားတဲ့သူတွေရှိပေမယ့် ရာခိုင်နှုန်းက အရမ်းများပါတယ်။ တကယ့်
တကယ်တမ်းတွေ့ကြတဲ့ အချိန်မှာ ဓာတ်ပုံတွေထဲကလို မဟုတ်တာ၊အသက်ကြီးနေတာ၊ ရာဇဝတ်မှုကျူး
လွန်တာတွေက ကမ္ဘာအနှံ့အပြားမှာ ဖြစ်နေပါတယ်။ တကယ်သာ သူကညီမကိုချစ်ရင် ဘလော့သွားစရာ
အကြောင်းမရှိပါဘူး။ ညီမနဲ့ စကားပြောနေအုံးမှာပါပဲ။

ငယ်ရွယ်စဉ်မို့လို့ ရင်ခုန်စိတ်လှုပ်ရှားတာမျိုးဖြစ်တတ်ပြီး အသက်ကြီးလာတဲ့အခါကျရင် ဒီလိုရူးသွပ်ဖူးတာ
မျိုးတွေကို ညီမပြန်ပြီးရယ်နေပါလိမ့်မယ်။ အွန်လိုင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက်မတွေ့နိုင်တာမို့
ညာချင်သလိုလည်း ညာလို့ရပါတယ်။ အကြံပေးချင်တာကတော့ အယုံမလွယ်စေချင်ပါဘူး။ ငယ်သေးတာ
မို့ အချစ်ရေးထက် ပညာရေးကို ပိုဂရုစိုက်စေချင်ပါတယ်။ အခြားအရာတွေ ကြိုးစားရင်း သူ့ကို မေ့ဖျောက်
ဖို့ ကြိုးစားချင်ပါတယ်။ ဖူးစာရှင်မှန်ရင် တစ်နေ့ ရှေ့မှောက်ကိုရောက်လာမှာပါ။ အဲ့ဒိအတွက် စိတ်မပူပဲ
ဘဝအတွက် ကြိုးစားဖို့ အကြံပြုချင်ပါတယ်။ ရည်းစားထားရင်လည်း အွန်လိုင်းထက် လက်တွေ့ဆန်တဲ့
အပြင်မှာ သိပြီးသားသူကိုပဲ ထားစေချင်ပါတယ်။

READ
ခင်ပွန်းက ဂရုမစိုက်တော့လို့ စိတ်ညစ်နေရပါတယ် ... ဘာလုပ်သင့်ပါသလဲ ?

ShweMOM

ဘယ်သူ့ကိုမှ ဖွင့်ပြောလို့မရ၊ ဖွင့်တိုင်ပင်လို့မရတဲ့ ကိစ္စမျိုးတွေကို ShweMOM ကိုမေးလို့ရပါပြီ။ မေးသူရဲ့
နာမည်ကိုဘယ်တော့မှ ဖော်ပြမှာ မဟုတ်ပါဘူး။ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။ မေးမြန်းချင်ပါက
[email protected] သို့ အီးမေးလ်ပေးပို့ကာ မေးမြန်းနိုင်ပါတယ်။

SHARE