ကျွန်တော်တို့ဦးနှောက်ကြီးဟာ ပုံမှန်ကျင့်သားရနေတဲ့ နေ့စဉ်နိစ္စဒူဝကိစ္စတွေကိုပဲ လုပ်ဆောင်နေရတဲ့အတွက် ပျင်းနေရောပေါ့။ စိတ်ဖိဆီးမှုတွေလျော့ကျအောင်၊ အကြံဥာဏ်ကောင်းတွေ လိုအပ်နေရင်လည်း မတူညီတဲ့ရှုထောင့်ကနေ မြင်မိပြီး အဖြေတွေထွက်လာအောင်၊ ဦးနှောက်ကိုအနားပေးပြီး လုပ်ဆောင်ရည်တွေပြန်မြှင့်တင်ပေးဖို့ဆိုရင် ဉာဏ်စမ်းလေးတွေ ပုံမှန်ဖြေကြည့်တာ အကောင်းဆုံးနဲ့ လွယ်ကူအချိန်သက်သာဆုံး နည်းလမ်းတစ်ခုပါပဲနော်။ ကလေးတွေပဲ ဉာဏ်စမ်းဖြေရမယ်ဆိုတဲ့ အတွေးကြီးဟာ သိပ်ကိုလွဲနေတဲ့အတွေးကြီးပါပဲ။ ဒီတစ်ခေါက်မှာတော့ မေးခွန်းကခပ်လွယ်လွယ်ပေးတွေဖြစ်ပေမယ့် ဘာကြောင့်မှန်းမသိ တော်ရုံမဖြေနိုင်ကြတဲ့ ဦးနှောက်စားဉာဏ်စမ်းမေးခွန်း (၈) ခုကို ကျွန်တော်တို့ဖက်က ပြင်ဆင်ပေးထားပါတယ်။ ကဲ.. ဖြေကြည့်လိုက်ရအောင်။
