နာမည်ကျော် ဦးထုပ်(၄)လုံး ပဟေဠိကို သင်ဖြေရှင်းနိုင်မလား?

ဟိုးရှေးရှေး ခေတ်ကပေါ့။ ရာဇ၀တ်သား လေးယောက်ကို ဖမ်းဆီးလာခဲ့တယ်။ ဖြစ်ချင်တော့ အကျဉ်းထောင်မှာ လူတွေများလွန်းလို့ သူတို့လေးယောက်ကို ထားစရာမရှိဘူးဖြစ်နေတယ်။ ဒီလိုနဲ့ ထောင်ပိုင်ကြီးက အကြံတစ်ခုရလာတယ်။ သူတို့ လေးယောက်ကို ဉာဏ်စမ်းတစ်ခုမေးမယ်။ ဖြေနိုင်ရင် ပြန်လွှတ်ပေးမယ်။ မဖြေနိုင်ရင်တော့ ခေါင်းဖြတ်သတ်မယ်လို့ သတ်မှတ်ခဲ့တယ်။ ဒီလိုနဲ့ ထောင်သား လေးယောက်ကို ပုံပါ လှေကားထစ်တွေအတိုင်း မတ်တပ်ရပ်ခိုင်းထားတယ်။
၎ ယောက်မြောက် ထောင်သားကိုတော့ နံရံတစ်ခုခြားထားတယ်။ သူတို့ကိုအဖြူရောင်နဲ့ အမည်းရောင် ဦးထုပ်(၂)လုံးစီကို တစ်ယောက်တစ်လုံးစီဆောင်းပေးထားကြောင်း ရှင်းပြတယ်။
ပြီးတော့ ကိုယ့်ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ် ဘာအရောင်လဲဆိုတာ ပြောရမယ်။ တစ်ခွန်းပဲ ပြောရမယ်။ မှားရင် သေဒဏ်။
စည်းကမ်းချက်ကတော့ လှည့်မကြည့်ရဘူး။ အချင်းချင်းမေးခွင့်မရှိဘူး။ ကိုယ့်ဦးထုပ်ကိုယ်လည်း ချွတ်ကြည့်ခွင့်မရှိဘူး။

READ
သင်နဲ့သင့်ချစ်သူရဲ့ကြားက အဓိက အားနည်းချက်ဟာ ဘာလဲဆိုတာ သိချင်လား

ဘယ်သူအရင်ဆုံး ဖြေနိုင်သွားမလဲ…? စဉ်းစားကြည့်ပါ။

Share the quiz to show your results !


Just tell us who you are to view your results !

READ
ဒီပုံအပေါ် သင့်ရဲ့အမြင်က သင့်ရဲ့ဗီဇ၊ စိတ်နေစိတ်ထားတွေကို ဒီလိုပြောပြနေပါတယ်

Can you solve this famous hat puzzle? %%personality%%

ဇော်မျိုးနိုင် (Shwemom)

SHARE