သားသုံးယောက်နှင့် မြင်းအမွေခွဲခြင်း ဉာဏ်စမ်း

ဒီတစ်ခါတော့ အမွေခွဲတဲ့ ဉာဏ်စမ်းဖြစ်ပါတယ်။ တချို့ကြားဖူးသိဖူးသူတွေလည်း ရှိလောက်ပါတယ်။ သေချာတာတော့ ပထမဆုံး ဖြေမယ့်သူတွေ လုံးဝစဉ်းစားလို့ မရနိုင်ပါဘူး။ ကဲ…ဟုတ် မဟုတ် အောက်မှာကြည့်ပါ။
—————-
တစ်ခါက တောင်ယာသမားကြီးတစ်ယောက်မှာ သားသုံးယောက်နဲ့ မြင်း(၁၇)ကောင်ပိုင်သတဲ့။
သူသေခါနီးအချိန်မှာ သားတွေကို အမွေခွဲပေးဖို့ သေတမ်းစာရေးပြီး ရွာသူကြီးထံမှာ အပ်နှံခဲ့ပါတယ်။
ဒီလိုနဲ့ သူဆုံးပြီး ရက်လည်ပြီးတဲ့အခါ အမွေခွဲပေးဖို့ သေတမ်းစာကို လူအများရှေ့မှာ သူကြီးကိုယ်တိုင် ဖတ်ပြခဲ့တယ်။

ဒါပေမဲ့ စာကိုဖတ်အပြီးမှာ သူကြီးနဲ့ ရွာသူရွာသားတွေအားလုံး ဘာလုပ်ရမှန်းမသိဖြစ်သွားကြတယ်။ စာထဲမှာ ဒီလိုရေးထားတယ်။

အကြီးဆုံးသားကို မြင်းတွေရဲ့ တစ်ဝက်တိတိကို ခွဲပေးရန်…
သားအလတ်ကို မြင်းအားလုံးရဲ့ သုံးပုံတစ်ပုံ နဲ့
သားအငယ်ဆုံးကိုတော့ မြင်းအားလုံးရဲ့ ကိုးပုံတစ်ပုံကို တိတိကျကျ ခွဲဝေပေးဖို့ ရေးထားပါတယ်။

READ
သင့်ရဲ့အတိတ်ဘ၀က လက်တွဲဖော်ဟာ ဘယ်သူများလဲ?

မြင်းက (၁၇) နှစ်ကောင်ဖြစ်တာကြောင့် သူ့သေတမ်းစာအတိုင်း ဘယ်လိုမှ ခွဲပေးလို့မရနိုင်ပါဘူး။
သားသုံးယောက်ကလည်း ငါ့ပိုပေး၊ သူ့လျော့ပေးတွေဖြစ်ကုန်ပြီး ရန်ဖြစ်မယ့်အနေအထားကို ရောက်လာခဲ့တယ်။

အဲ့ဒီအချိန်မှာပဲ ဘယ်ကမှန်းမသိတဲ့ မြင်းတစ်စီးနဲ့လူတစ်ယောက် ရောက်လာပြီး သူတို့အခက်အခဲကို သူဖြေရှင်းပေးနိုင်ပါတယ်လို့ ပြောပါတယ်။

ပြီးတော့ သူ့နည်းအတိုင်း ဖြေရှင်းပေးလိုက်တာ ညီအစ်ကိုသုံးယောက်လုံး ဖခင်ရဲ့သေတမ်းစာအတိုင်း အဝေတည့်သွားပြီး ပျော်ရွှင်သွားကြပါသတဲ့….

Share the quiz to show your results !


Just tell us who you are to view your results !

READ
သင် “နေမာ” အကြောင်း ဘယ်လောက်သိလဲ?

Can you solve this three sons & horse dividing logic riddle? %%personality%%

ဇော်မျိုးနိုင် (Shwemom)

SHARE