ပိုစတာထဲက ပျောက်ဆုံးနေတဲ့ မျက်နှာကို အချိန်တိုအတွင်း ရှာနိုင်ပါ့မလား ?

ဒီပိုစတာထဲမှာတော့ ကလေးသုံးယောက်ဟာ ကစားစရာအရုပ်လေးတစ်ခုကို သယ်ဆောင်သွားနေတာကို တွေ့ရမှာပါ။ ဒါပေမယ့် ဒီပိုစတာထဲမှာ အမျိုးသားတစ်ယောက်ရဲ့ အမျိုးသားမျက်နှာတစ်ခုက ရှိနေပါသေးတယ်။ အရောင်ရောပြွန်းမှုတွေ သိပ်လုပ်မထားပေမယ့် အဲဒီအမျိုးသားရဲ့ မျက်နှာကို ရှာဖို့အတော်ခက်ပါတယ်။

အဲဒီအမျိုးသားဟာ ပုံထဲမှာပါဝင်တဲ့ ကလေးတိုရဲ့ ဖခင်လို့လည်း ဆိုထားပါတယ်။ ဖခင်ရဲ့ မျက်နှာက ပိုစတာရဲ့ တစ်နေရာရာမှာ ရှိနေပြီး၊ ဒီအတိုင်း ရှာလို့မတွေ့လို့ ပိုစတာကို ဖင်ပြန်ခေါင်းပြန် ထောင်ကြည့်ခဲ့ရသူတွေတောင် ရှိပါတယ်။ တွေ့တဲ့သူ တစ်ချို့လည်း ရှိနေပေမယ့် အရေအတွက်အားဖြင့်တော့ အလွန်နည်းပါးပါတယ်။

ကလေးတို့ဖခင်ရဲ့ ပုံဟာ မင်အစက့်အပျောက်အနည်းငယ်နဲ့သာ ပုံဖော်ထားလို့ သာမန် ရုပ်ပုံပဟေဠိတွေထက်စာရင် တော်တော်များများကို ဦးနှောက်ခြောက်စေပါလိမ့်မယ်။ အဖြေရဲ့ သဲလွန်စကို ပြေရလျှင်တော့ ပထမဆုံးကလေးရဲ့ အတွန့်လေးဖြစ်နေတဲ့ ကုတ်အင်္ကျီကို တွေ့ရပါလိမ့်မယ်။

READ
ဖောက်ပြန်နေတဲ့ခင်ပွန်းက ငွေတွေအပိုင်စီးသွားမှာစိုးလို့ ဒေါ်လာ9000 မျိုချခဲ့သည့်အမျိုးသမီး

အဲဒီနေရာကတော့ သူတို့ဖခင်ရဲ့ မေ့စေ့၊ အောက်ကို နည်းနည်းဆင်းသွားရင် ပါးစပ်၊ နှာခေါင်း စသည်တို့ကို တွေ့ရပါလိမ့်မယ်။ ဒီလိုမှ အဖြေကို မသိသေးရင်တော့ အောက်ဆုံးမှာ ဖော်ပြထားတဲ့ပုံရဲ့ မင်နီဝိုင်းပြထားရာနေရာကို အပေါ်အောက် ပြောင်းပြန်လှည်ပြီး ကြည့်ကြည့်ပါ။ အဖြေက ရှင်းရှင်းလင်းလင်း ဖြစ်နေပါလိမ့်မယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE