ကျောင်းစာညံ့သူတွေက ပိုအောင်မြင်ကြတဲ့ အကြောင်းအရင်း(၄)မျိုး

တက္ကသိုလ်ကျောင်းတွေနဲ့အတန်းထဲတွေမှာ ညံ့ခဲ့ကြတဲ့ C အဆင့်တွေဟာ တ ကယ့်လုပ်ငန်းခွင်နယ်ပယ်တွေမှာကြည့်လိုက်ရင် A အဆင့်ရသူတွေထက် ပိုေ အာင်မြင်မှုရတတ်ကြပါတယ်။တစ်ခါတစ်ခါမှာတော့ ကျောင်းကနေ သတ် မှတ်ေ ပးလိုက်တဲ့ A,B,C ဆိုတဲ့ အဆင့်သတ်မှတ်ချက်တွေက လူတစ်ယောက်ရဲ့ အနာဂါတ် အောင်မြင်မှုကို ခန့်မှန်းပေးလို့ မရပါဘူး။ကျောင်းတုန်းက အတန်း ထဲမှာ ထိပ်ဆုံးအဆင့် “A” ရခဲ့သူတွေထက် C အဆင့်ရခဲ့သူတွေက လုပ်ငန်း ခွင်မှာ အောင်မြင်မှုပိုရရတဲ့ အကြောင်းအရင်းတွေကတော့..

(၁)အလုပ်ကြိုးစား

တက္ကသိုလ်ကနေ အဆင့်ကောင်းကောင်း ထွက်လာကြတဲ့ သူတွေ မှာ ရွေးချ ယ်စရာ လမ်း ပိုများတတ်ကြပါတယ်။ဒါပေမယ့် အဆင့်ကောင်းကောင်း မရခဲ့ သူတွေကတော့ သူတို့နဲ့ယှဉ်ရင် ရွေးစရာလမ်းနည်းပါးတဲ့ အတွက် လုပ်ငန်းခွင် အင်တာဗျူးတွေပြင်ဆင်ရာမှာ ပိုကြိုးစားပြင်ဆင်တတ်ကြသလို၊လုပ် ငန်းခွင် ထဲ ရောက်လာရင် ပိုအားစိုက် ကြိုးစားကြတာကို တွေ့ရပါတယ်။

(၂)ပေါင်းသင်းဆက်ဆံရေး ပိုကောင်း

READ
တစ်ယောက်တည်းနေတတ်သူတွေဟာ ပိုမိုဥာဏ်ရည်ထက်မြက်လေ့ရှိတဲ့အကြောင်းရင်း

အတန်းထဲမှာ ထိပ်ဆုံးရောက်နေတဲ့ သူတွေနဲ့ယှဉ်ရင် နောက်ဆုံးမှာရှိနေသူတွေ က လူမှုပေါင်းသင်းဆက်ဆံရေးပိုကောင်းကြပါတယ်။ထိပ်ဆုံးမှာရှိခဲ့သူတွေက သူတို့ကိုယ်တိုင် လူတော်ဖြစ်တာကြောင့် လူတော်တွေနဲ့ပေါင်းသင်းဆက်ဆံ ဖို့ဆိုတာ သူတို့အတွက် ခဲယဉ်းကြပါတယ်။ဘယ်လောက်ပဲ အရည်အချင်းတွေ မိုးမွှန်အောင်တော်နေပါစေ သင့်ရဲ့အရည်အချင်းတွေဟာ စာရွက်ထဲက အဆင့်ေ တွလောက်နဲ့မဟုတ်ပဲ ထောက်ခံပေးမယ့် လူလိုအပ်ပါတယ်။ လူမှုပေါင်း သင်း ဆက်ဆံရေးကောင်းသူတွေဟာ အလုပ်အကိုင်ကောင်းကောင်း ပိုရဖို့ အခွင့်အရေး များပါတယ်။

(၃)သင်ယူလိုစိတ်ရှိသူ

သူတို့ဟာသင်ယူလိုစိတ်ပြင်းပြသူတွေပါ။ဒါပေမယ့်စာအုပ်တွေ၊ပါမေက္ခတွေဆီကတော့ မဟုတ်ပါဘူး။ဘ၀သင်ခန်းစာကို သင်လိုကြတာပါ။ပြင်ပစူးစမ်းေ လ့ လာလိုစိတ်အပြည့်ရှိနေတာကြောင့် အားနည်းချက်၊အားသာချက်နဲ့အောင်မြင်မှု ရဲ့ သော့ချက်တွေကို မြင်နိုင်ကြလို့ပါ။ဒါကြောင့်လည်း ငယ်စဉ်က အတန်းပညာ မထူးချွန်ကြသူတော်တော်များများဟာ အောင်မြင်မှုရနေကြတာပါ။

(၄) Perfect မဟုတ်လို့

ဒီအချက်ကတော့ ထူးဆန်းကောင်း ထူးဆန်းပါလိမ့်မယ်။ဒါပေမယ့် Done is better than perfect. ဆိုတဲ့စကားရှိပါတယ်။သူတို့အတွက်ကတော့ လုံးဝပြီးပြည့်စုံတဲ့ Perfect ကိုရှာနေတာမဟုတ်ပါဘူး။ အကျိုးအပြစ်ကို ထိုင်တွက်နေတာထက် တစ်ခုခုကို ချက်ချင်းအကောင်အထည်ဖော်တတ်ပြီး မအောင်မြင်ခဲ့ရင် အရှုံးထဲက သင်ခန်းစာကို ယူတတ်ကြတဲ့ လက်တွေ့သ မားေ တွပါ။စွန့်ဦးတီထွင်သူလုပ်ငန်းရှင်အများစုဟာ သူတို့ရဲ့ ကျောင်းသားဘ၀ မှာ အတော်ခက်ခဲ့ကြရတဲ့ အဲ့ဒါကြောင့်ပါ။သူတို့အတွက်တော့ အရှုံးဆိုတာဟာ အကောင်းဆုံး ဆရာလို့ လက်ခံထားကြသူတွေပါ။

READ
ဒေါ်လာ(1000)အောက် DSLR ကင်မရာဝယ်မယ်ဆို ဘယ်တံဆိပ်တွေကို ရွေးချယ်သင့်သလဲ ?

Ref;womanitely.

SHARE