တောင်တွေကိုပတ် မြောင်းဖောက်ကာ ရွာမှာရေရဖို့ ကြိုးစားခဲ့တဲ့ တရုတ်အဖိုးအို

လောကကြီးမှာ ဘယ်လောက်ပဲ ခက်ခက် လူကြံရင် မဖြစ်နိုင်တဲ့ အရာဆိုတာ မရှိကြောင်း တရုတ်အဖိုးအိုတစ်ဦးက သက်သေပြခဲ့ပါတယ်။အဖိုးရဲ့ နာမည် ကတော့ Huang Dafa ဖြစ်ကာ၊တရုတ်နိုင်ငံ Caowangba ဆိုတဲ့ ရွာင ယ်လေးရဲ့ အကြီးအကဲ(ရွာလူကြီး)ပါ။အဖိုးအိုဟာ နှစ်ပေါင်း(၃၆)နှစ်လောက် အချိန်ယူ ကာ Guizhou ပြည်နယ်မှာရှိတဲ့ တောင်တွေကိုပတ်မြောင်းဖောက် ကာ ရွာမှာရေရဖို့ ကြိုးစားခဲ့သူပါ။တောင်(၃)လုံးကို ဖြတ်ကျော် ပြီး ဖောက်ထား ရတဲ့ ရေမြောင်းဖြစ် ကာ အရှည် (၁၀)ကီလိုမီတာရှိပါတယ်။

အဖိုးအိုနေထိုင်ရာ ရွာအနီးမှာ တောင်နှစ်လုံးရှိပါတယ်။တောင်တွေ ၀ိုင်းနေတဲ့ ရေရောက်ဖို့ ခက်ခဲတဲ့နေရာပါ။ရွာကို ရေလမ်းကြောင်း တိုက်ရိုက်ရောက်ဖို့က တစ်နည်းပဲရှိပါတယ်။တောင်တွေကို ပတ်မြောင်းဖောက်ဖို့ပါ။ဒါကို သိနေလို့  တောင်တွေကိုပတ်ပြီး မြောင်းဖောက်ဖို့ ပြောပေမယ့် ဒါဟာ မဖြစ်နိုင် တဲ့ စိတ် ကူး၊အချည်းအနှီးဖြစ်မယ့် ကြိုးစားမှုလို့ အားလုံးက တုံ့ပြန်ခဲ့ ပါတယ်။ဒါပေမယ့် ဘယ်သူတွေဘာပြောပြော  အဖိုးကတော့ သူ့စိတ်ကူးကို လုံးဝလက်မေ လျှာ့ခဲ့ပဲ နောက်လာမယ့် မျိုးဆက်တွေရေကို ပေါပေါများများ သုံးနိုင်ဖို့ ဘယ်ေ လာက်ပဲခ က်ခက်နေပါစေ သူ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။  (၁၉၅၉)ခုနှစ်တည်းက တောင်ကိုပတ်မြောင်းဖောက်တဲ့ အလုပ်ကို စတ င်ခဲ့ပြီး နှစ်ပေါင်း(၃၆)နှစ်ကြာမှ ပြီးစီးခဲ့ပါတယ်။တကယ့်ကို ဇွဲကောင်းကောင်းနဲ့ ကြိုးစားခဲ့ရတာပါ။အခုဆိုရင်တော့ အားလုံးက မဖြစ်နိုင်ဘူးဆိုတဲ့ စကားေ တွကို ချီးကျူးစကားတွေအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး တစ်ရွာလုံးကလည်း အဖိုး အိုကို ကျေးဇူးတင်နေကြပါပြီ။ဒါပေမယ့် လွယ်လွယ်နဲ့တော့ အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။

READ
မြည်းကလေးပေးတဲ့ ဘဝသင်ခန်းစာ

လွန်ခဲ့တဲ့(၃၆)နှစ်က  Huang ဟာ မီတာ(၃၀၀)ရှိတဲ့ တောင်နံ ရံကို တွယ်ဖက် ပြီး သူကိုယ်တိုင်မှ လုပ်မပြရင် ကျန်တဲ့ သူတွေ လုပ်ရဲမှာ မဟု တ်ဘူးဆိုပြီး လုပ်ပြခဲ့ပါတယ်။ဒီလိုလုပ်ပြတဲ့ အတွက် သူ့ရဲ့ဦးဆောင်မှုနောက်ကို လိုက်ရဲတဲ့ သူတွေ ထွက်ပေါ်လာခဲ့ပါတယ်။တစ်ချို့ကလည်း အန္တရာယ်များတယ် ဆိုပြီး မ လိုက်ကြသူတွေရှိပါတယ်။ဒီလိုနဲ့ပဲ ရွာသားတစ်ချို့နဲ့ အတူလက်တွဲပြီး (၁၀)နှ စ်လောက်ကြာအောင် မြောင်းဖောက်တဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ရေကသူတို့ထင်သလောက် ရေစီးအားသိပ်မကောင်းခဲ့ပါဘူး။ဒါကြောင့် Huang တစ်ယောက် ဒီပြဿနာကို အဖြေရှာဖို့ Fengxiang ဆိုတဲ့မြို့မှာ water-system engineering  ဆိုတဲ့ ဘာသာရပ်ကို နှစ်အနည်းငယ်ကြာ လေ့လာ ခဲ့ပါတယ်။(၁၉၉၀)မှာပြန်လာပြီး ရွာသားတွေနဲ့ အတူ နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားခဲ့ပါတယ်။မိသားစုကိုပါပစ်ပြီး ရွာမှာရေရရေးကိုသာ ကြိုးစား ခဲ့ တာပါ။ေ တာင်ပေါ်မှာ မြောင်းဖောက်တဲ့ အလုပ်တွေလုပ်နေစဉ် သူ့ရဲ့ သမီး နဲ့မြေးဖြစ် သူတို့ ကွယ်လွန်သွားခဲ့ပါတယ်။ဒီလိုအချိန်မှာတောင် အိမ်မှာ ရှိနေ မပေးနိုင်ပဲ တောင်ပေါ်မှာ မြောင်းဖောက်တဲ့ အလုပ်ကို လုပ်နေခဲ့တာပါ။

READ
Mark Wahlberg ဘာလို့အောင်မြင်လဲ?

(၁၉၉၅)မှာတော့ မီတာ(၂၂၀၀)နဲ့မီတာ(၇၂၀၀)ရှိတဲ့ မြောင်းတွေကို အောင်မြင် စွာ ဖောက်ပြီးခဲ့ပြီး Caowangba ရွာကိုလည်း ရေစစီးလာခဲ့ပါတယ်။တခြားရွာ (၃)ရွာကိုလည်း ဖြတ်သန်းစီးဆင်းတာပါ။တောင်တွေကိုပတ်ပြီး ဖောက်ထားတဲ့ အဲ့ဒီရေမြောင်းကိုတော့ အဖိုးအိုကို ဂုဏ်ပြုတဲ့အနေနဲ့ Dafa Channel လို့ အမည်ပေးခဲ့ပါတယ်။အဲ့ဒီမြောင်းကနေ နှစ်စဉ်လူ(၁၂၀၀)ကို သောက်ရေ၊သုံးရေ ထောက်ပံ့ပေးနေပြီး ဆန်စပါး နှစ်သောင်းခွဲမှ လေးသိန်း ကီလိုဂရမ်အထိ ထွက် ရှိနိုင်အောင် ကူညီပေးနေတာပါ။

Nilar(Shwemom)

Ref;.odditycentral

SHARE