ခါးနဲ့တင်ပါး ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့တဲ့ Playboy မော်ဒယ် Chloe Khan

နာမည်ကျော် Playboy မော်ဒယ် Chloe Khan ဟာ သူမရဲ့ခါးနဲ့ တင်ပါးကို ပြုပြင်မှုတွေ လုပ်ခဲ့ပါတယ်။တင်ပါးပြုပြင်မှုအတွက် တူရကီမှာ လုပ်ခဲ့ တာ ပါ။ခွဲ စိတ်ပြုပြင်မှု လုပ်တဲ့ ဓါတ်ပုံနဲ့၊ မယုံနိုင်ေ လာက်အောင် ပြောင်းလဲ၊သေးသွယ် သွားတဲ့ ခါးကို အွန်လိုင်းပေါ် တင်ခဲ့ရာ အားလုံး အံ့အားသင့်ခဲ့ကြပါတယ်။

သူမရဲ့ အသက်ဟာ (၂၅)နှစ်သာရှိပါသေးတယ်။သူမရဲ့ ပိုလျှံထွက်နေတဲ့ BODY အစိတ်အပိုင်းတွေကြောင့် မကြာခဏဆိုသလို လူအာရုံစိုက်ခံရေ လ့ ရှိပါတယ်။တင်ထားတဲ့ ပုံထဲမှာတော့အနက်ရောင်ဂျင်းကိုဝတ်ထားပြီး အဆီေ တွကို ဖယ်ထုတ်လိုက်ပြီးနောက် သေးသွယ်သွားတဲ့ သူမရဲ့ ခန္ဓာ ကိုယ်ကို ပြ ထားတာပါ။Post နဲ့အတူရေးတင်ထားတဲ့ စာသားမှာတော့ အား လုံးကို ဖယ်ထု တ်လိုက်ပြီ။ရလဒ်ကို ပြချင်လွန်းလို့ မစောင့်နိုင်တော့ဘူး။မိတ်ကပ် လိမ်းမထား ဘူး။ခွဲစိတ်မှုကနေ အေးဆေး ပြန်ကောင်းလာတယ်လို့ ရေးထားပါတယ်။

READ
ရိုနယ်လ်ဒိုနှင့် မော်ရင်ဟိုတို့ အခွန်ရှောင်ခြင်း၊ ငွေကြေးခ၀ါချခြင်းတို့တွင် ပါဝင်ပတ်သက်ခဲ့ဖွယ်ရှိ

သူမရဲ့ ပလတ်စတစ်ဆာဂျရီအတွေ့အကြုံတွေကို ဝေမျှမယ်လို့ followers တွေကို ကတိပေးခဲ့ပါတယ်။ခွဲစိတ်မှုလုပ်ဖို့ သွားနေတဲ့ အချိန်မှာ ဘရာဇီးလူ မျိုးတွေလို တင်ပါးကိုရဖို့ တူရကီကို သွားနေတဲ့ လမ်းမှာပါလို့ ဗီဒီယိုဖိုင် တစ်ခု တင်ခဲ့ပါတယ်။အစားထိုးခွဲစိတ်ပြုပြင်တာမျိုးကို လုပ်ခဲ့တာမ ဟု တ်ပဲ ခန္ဓာကိုယ်ထဲက ပိုနေတဲ့ အဆီတွေကို ယူပြီး တင်ပါးမှာ ထည့်ခဲ့တာလို့ ပြောပါတယ်။ခါးကအဆီတွေကို လည်း ဖယ်ထုတ်ပစ်လိုက်တာကြောင့် အရမ်း ကို သေးသွယ်သွားခဲ့တာလို့ သိရပါတယ်။

Nilar(Shwemom)

Ref;Daily Mail

SHARE