သေချာမကြည့်ပါက မျက်လုံးပြူးသွားနိုင်တဲ့ စုံတွဲတစ်တွဲရဲ့ ဓာတ်ပုံ

လူမှုကွန်ယက် Reddit အသုံးပြုသူတွေကြားမှာ ရေပန်းစား ကျော်ကြားခဲ့တဲ့ စုံတွဲပုံတစ်ပုံဟာ အခုဆို အခြားအင်တာနက် လူမှုကွန်ယက်တွေမှာလည်း အတော်လေး ရေပန်းစားနေပါတယ်။ အဆိုပါ ဓာတ်ပုံမှာ စုံတွဲတစ်တွဲဟာ နေကာမျက်မှန်ကိုယ်စီနဲ့  ရေကန်တစ်ခုဘေးမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံကို ပထမ ကြည့်လိုက်တာနဲ့တင် လူတိုင်းကို မျက်လုံးပြူးသွားစေပါလိ့မ်မယ်။ အကြောင်းကတော့ Optical Illusion လို့ ခေါ်တဲ့ အမြင်ရောထွေး လွှဲမှားမှုကို မျက်လုံးကနေတစ်ဆင့် ဦးနှောက်ဆီကို ချက်ချင်းပို့လွှတ်လိုက်တဲ့အတွက် ဦးနှောက်ကလည်း ကြည့်ဖို့ရန် မသင့်တော်တဲ့ ဓာတ်ပုံလို့ ဆုံးဖြတ်လိုက်လို့ပါ။

သေချာမကြည့်ရင် အမျိုးသားဟာ အ၀တ်အစားဗလာပုံစံမျိုး ဖြစ်နေပါတယ်။ ဒါပေမယ့် သေချာကြည့်လိုက်တဲ့အခါမှာ သူ ၀တ်ထားတဲ့ ဘောင်းဘီကို အမျိုးသမီးရဲ့ ခြေထောက်တွေက ဖုံးအုပ်ထားလို့ သူ့ကို အ၀တ်အစားမပါဘူးလို့ ထင်မြင်မိစေခဲ့တာပါ။ ပိုပြီး အမြင်ကို လွဲမှားသွားစေတာကတော့ အမျိုးသမီးခြေထောက်ကို ကိုင်ပြီး အောက်ကို တွဲလောင်းချထားတဲ့ လက်ညှိုးဟာ မျက်စိရှက်စရာ ဖြစ်စေခဲ့ပါတယ်။

READ
Single နဲ့ Relationship ဘဝ ကွာခြားပုံ

ပြီးခဲ့တဲ့လကလည်း ဒီလို ဓာတ်ပုံမျိုး ပေါ်ထွက်ခဲ့ပြီး Andy အမည်ရ တွစ်တာအကောင့်ကနေ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဓာတ်ပုံကိုတော့ တော်တော်များများက Photoshop နဲ့ ဖန်တီးထားတာလို့ ထင်မြင်ချက် ပေးခဲ့ကြပြီး၊ အချို့ကတော့ မှန်ကနေတစ်ဆင့် ပုံရိပ်ယောင်အလင်းပြန်မှုလို့လည်း ပြောနေကြပါတယ်။ အနီးစပ်ဆုံးကတော့ အဲဒီစုံတွဲဟာ နေရာတစ်ခုတည်းမှာ ကိုယ်နေဟန်ထား ကွဲပြားတဲ့ဓာတ်ပုံနှစ်ခု ရိုက်ကူးခဲ့ပြီး၊ ပြန်လည် Edit လုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE