မိကျောင်းတွေနဲ့ အနီးကပ် မျက်နှာချင်းဆိုင် ဓါတ်ပုံရိုက်ကူးခဲ့သူများ

မိကျောင်းနဲ့ အနီးကပ်မျက်နှာချင်းဆိုင်ဖို့ မပြောနဲ့ မိကျောင်းရှိတယ်ဆို တဲ့ အသံကြားတာနဲ့ ဝေးဝေးရှောင်တတ်ကြပါတယ်။ဒါပေမယ့် ဒီခရီး သွားတွေကတော့ မိကျောင်းကို လုံးဝကြောက်ရွံ့ခြင်းမရှိပဲ မိကျောင်းနဲ့ အနီးကပ်မျက်နှာချင်းဆိုင်ပြီး ဓါတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။

လန်ဒန်နဲ့ကော်လိုရာဒိုမှလာတဲ့ ခရီးသွားဧည့်သည် Andrew Trace နဲ့  William Drumm တို့ဟာ သူတို့ရဲ့အားလပ်ရက်(၂)ရက်ကို မက္က ဆီကိုနို င်ငံမှာရှိတဲ့ Banco Chinchorro သန္တာကျောက်ကျွန်းကို သွားပြီး မိကျောင်းတွေနဲ့ အတူတူရေကူးခဲ့တာပါ။သူတို့အတွက် ဒါဟာ ပထမဆုံး အကြိမ်ပါ။မျက်လုံးချင်းပါဆုံပြီး၊မျက်နှာချင်းဆိုင်ကနေ ဓါတ် ပုံတွေပါ ရိုက်ကူးခဲ့တာပါ။Mr Trace ကတော့  နှစ်ရက်ကျော်ကြာ အ ချိန်အတွင်းမှာ မိကျောင်း(၁၂)ကောင်ကို တွေ့ခဲ့ကြောင်း၊အရွယ်အစား ကတော့ (၁၃)ပေလောက်ရှိတယ် လို့ဆိုပါတယ်။မျက်နှာချင်းဆိုင် ဓါတ် ပုံရိုက်ချိန်တိုင်းမှာ တစ်ခါတစ်လေ မိကျောင်းတွေက ရှေ့ကို တိုးလာတဲ့ အဖြစ်မျိုးနဲ့လည်း ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

READ
ဆွစ်ဇာလန်မှာ လည်ပတ်စရာနေရာများ

Banco Chinchorro သန္တာကျောက်ကျွန်းဟာ အမေရိကန်မိေ ကျာ င်းတွေ ပျော်မွေ့ရာ နေရာတွေထဲက တစ်ခုပါအနီးကပ်ဓါတ်ပုံရိုက်တိုင်း အနားတိုးလာတဲ့ မိကျောင်းတွေကို လေ့ကျင့်ထိန်းကျောင်းတဲ့ တုတ်ေ ချာင်းနဲ့ နှင်ထုတ်ခဲ့တာပါ။ကြောက်စိတ်တော့ မ၀င်မိပဲ၊ရေအောက်မှာ ဖြစ်တာကြောင့် မိကျောင်းတွေဟာ ဖြည်းဖြည်းနှေးနှေးလေးပဲ လှုပ်ရှား သွားလာနေတယ်လို့ သိရပါတယ်။

မိကျောင်းတွေကို အနီးကပ်လေ့လာချင်တယ်ဆိုရင် ရေငုပ်တာကို ကူ ညီဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကနေ ခရီးအစီအစဉ်တွေကို စီစ ဉ်ပေးတယ်လို့ သိရပါတယ်။မိကျောင်းတွေရဲ့ အရွယ်အစားကတော့ (၉)ပေကနေ(၁၃)ပေအကြားရှိပါတယ်။

ကျွန်းမှာရှိတဲ့ သန္တာကျောက် တန်းတွေဟာ အရှည်(၂၅)မိုင်၊ အကျယ် (၁၀)မိုင်နီးနီး ရှိပါတယ်။ မိကျောင်းတွေကို စိတ်ဝင်စားတယ်၊ရေငုပ် စွန့်စားရတာ ကြိုက်တယ် ဆိုရင်တော့ အမေရိကန် မိကျောင်းတွေေ ပျာ်မွေ့ရာ မက္ကဆီကိုမှာရှိတဲ့ Banco Chinchorro သန္တာကျောက် ကျွန်းကို သွားရောက်လည် ပတ်ဖို့ တိုက်တွန်းချင်ပါတယ်။

READ
စင်္ကာပူကိုမသွားခင် သိထားသင့်တဲ့ ဥပဒေများ

Ref;Daily Mail

SHARE