ဟာဇက်ကိုခေါ်ယူဖို့ ရီးယဲလ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဟုဆို

စပိန်ထိပ်သီးကလပ် ရီးယဲလ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ဘယ်လ်ဂျီယံကစားသမား ဟာဇတ်ကို ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီချက် ရရှိခဲ့ပြီဟု အားကစားသတင်းဂျာနယ်တွေဖြစ်ကြတဲ့ Sport Magazine နဲ့ 101 Great Goals တို့မှာ ဖော်ပြခဲ့ပါတယ်။ ဟာဇက်ဟာ ပုဂ္ဂိုလ်ရေးအရ ချယ်လ်ဆီးကို စွန့်ခွာလို ကြောင်း ၀န်ခံထားသူ ဖြစ်ပါတယ်။

ဒါ့အပြင် ဟာဇက်ဟာ သူရဲ့အပေါင်းအသင်းတွေကိုလည်း အနာဂတ်ကာလမှာ Ballon d’Or’ ဆုကို ရီးယဲလ်အသင်းနဲ့ အတူ ရယူလိုကြောင်း ထုတ်ဖော်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီသတင်းတွေနဲ့ မရှေးမနှောင်းမှာ ရီးယဲလ် အသင်းဟာ ကစားသမားကို ခေါ်ယူနိုင်ဖို့ ပုဂ္ဂိုလ်ရေးအကြိုသဘောတူညီမှု ရခဲ့တာလို့ ယူဆရပါတယ်။

ဟာဇက်က ” ကျနော် ချယ်လ်ဆီးနဲ့အတူ အမှတ်ပေးဖလားချန်ပီယံ ဖြစ်လိုပါတယ် … အဲဒီနောက်မှာတော့ ရီးယဲလ်နဲ့ စာ
ချုပ်ချုပ်ပြီး Ballon d’Or’ ဆုကို ရယူသွားဖို့ ဆန္ဒရှိပါတယ် “လို့ ၀န်ခံခဲ့တာပါ။ အခြားသတင်းတစ်ရပ်မှာတော့ ဟာဇက်ဟာ ဘရပ်ဆဲလ်မြို့မှာ ရီးယဲလ်အားကစားဒါရိုက်တာ Jose Angel Sanchez နဲ့  နိုဝင်္ဘာလကတည်းက လျှို့ဝှက်တွေ့ဆုံခဲ့
တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။

READ
မက်ဆီ၏ပင်နယ်တီကန်သွင်းမှုကို ရော်နယ်ဒိုနှင့်နှိုင်းယှဉ်ခဲ့တဲ့Goal.com

ချယ်လ်ဆီးအသင်းကတော့ ဟာဇက်သတင်းကို အတည်ပြုထုတ်ပြန်ခြင်း မရှိသေးဘဲ၊ အခြားတစ်ဖက်မှာလည်း ကစား သမားကို ကာလရှည်စာချုပ်ချုပ်ဆိုဖို့ စည်းရုံးသိမ်းသွင်းမှုတွေ ပြုလုပ်နေဆဲလို့ ဆိုပါတယ်။ ချယ်လ်ဆီးတာဝန်ရှိသူတွေဟာ ဟာဇက်နဲ့ နှစ်ဦးနှစ်ဘက် အကျိုးများနိုင်မယ့် စာချုပ်သစ်ကို ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဟာဇက်ကိုယ်တိုင်က အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ချယ်လ်ဆီးအသင်းနဲ့ မည်သည့်ဆွေးနွေးမှုမှ မလုပ်ရသေးဘူးလို့ ၀န်ခံခဲ့ပါတယ်။ သူက ” အသင်းနဲ့တော့ ဘာမှ မပြောရသေးပါဘူး … ကျနော်က ရှေ့လာမယ့် ပွဲစဉ်တွေကိုပဲ အာရုံစိုက်ထားတာပါ … ဆွေးနွေးတယ်ဆိုတာ နောက်မှ လုပ်ရမယ့် အလုပ်ပါ … ဘာပဲဖြစ်ဖြစ် … ဘောလုံးရာသီကို အကောင်းဆုံးနဲ့ ပြီးဆုံးသွားချင်ပါတယ် “လို့ ပြောခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE