ပါပူဝါ နယူးဂီနီနိုင်ငံမှ ကြောက်စရာခေါင်းဆောင်းနဲ့ ရွှံ့လူရိုင်းများ

ဩစတျေးလျနိုင်ငံ မြောက်ဘက်ပိုင်းမှာရှိတဲ့ ပါပူဝါ နယူးဂီနီ နိုင်ငံ(Papua New Guinea) မှာ နေထိုင်တဲ့ ရွံ့လူရိုင်းများဟာ ကမ္ဘာကြီးတိုးတက်နေပေမဲ့ ရွံ့လူရိုင်းတွေကတော့ မပြောင်းလဲဘဲ ကျန်ရှိနေသေးတာကို ဓာတ်ပုံများက ဖော်ပြခဲ့ပါတယ်။

ဒီရွံ့လူရိုင်းတွေဟာ နိုင်ငံရဲ့ အနောက်ပိုင်းမှာရှိတဲ့ ၀က်ဟီ တောင်တန်း(Waghi Valley) တစ်ဝိုက်မှာ နေထိုင်ကြပြီး ထိုဒေသမှာဆိုရင် ဈေးဆိုင်မရှိ၊လျှပ်စစ်မရှိ၊လမ်းမရှိနဲ့ ကားအစီးရေ နည်းနည်းသာရှိပြီး သဘာဝအတိုင်းကျန်ရှိနေသေးတဲ့ ဒေသ တစ်ခုလည်းဖြစ်ပါတယ်။

ပါပူဝါ နယူဂီနီ နိုင်ငံမှ ရွံ့ လူရိုင်းများဟာ မှော်အတတ်ကိုယုံကြည်ကြသူတွေဖြစ်ပြီး သူတို့ သွားရောက်တိုက်ခိုက်မဲ့ လူမျိုးစုတွေ ကြောက်ရွံ့စေရန်အတွက် ကြောက်ရွံဖွယ် မျက်နှာဖုံးများကို ၀တ်ဆင်ထားတတ်ကြပါတယ်။

ပါပူဝါ နယူဂီနီ နိုင်ငံမှရွံ့ လူမျိုးများရဲ့ ဒဏ္ဍာရီအရ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာက ရွံ့လူမျိုးစုကို တခြားသော လူရိုင်းများက လာရောက်တိုက်ခိုက်ခဲ့ကြတယ် လို့ဆိုပါတယ်။ကျုးကျော်သူ လူရိုင်းများက အင်အားကြီးနေတဲ့အတွက် ရွံ့လူရိုင်းများက ရွာအနီးက ရွံ့ထူတဲ့ မြစ်တစ်မြစ်ကို ပြေးဆင်းခဲ့ကြပြီး မြစ်ထဲမှာ ရေကျသွားတဲ့ အခါ ရွံ့လူမျိုးများဟာ ရွံ့ အလိမ်းလိမ်းနဲ့ ကျန်နေခဲ့တယ် လိုဆိုပါတယ်။ဒီလို ရွံ့တွေနဲ့ တစ်ကိုယ်လုံး ပေကျံနေတဲ့ ရွံ့လူရိုင်းတွေကို ကျူးကျော်သူလူရိုင်းများက မြင်တဲ့အခါမှာ မကောင်းဆိုးရွားဝိဥာဉ်တွေ ပူးကပ်ကုန်ပြီဆိုပြီး ထွက်ပြေးခဲ့ကြပါတယ်။

READ
သံပရာသီးကို အရည်ရွှမ်းအောင် လှီးနည်း

ဒီ ဒဏ္ဍာရီလေးကို အခြေခံပြီး ရွံ့လူရိုင်းများဟာ တခြားသောမျိုးနွယ်စုတွေကို ကြောက်ရွံစေရန်အတွက် သူတို့ကိုယ်သူတို့ ရွံ့များနဲ့ သုတ်လိမ်းပြီး ကြောက်စရာကောင်းတဲ့ မျက်နှာဖုံးများကို ၀တ်ဆင်ကြလေ့ရှိပါတယ် လို့သိရပါတယ်။

ရွံ့လူရိုင်းများဟာ တောင်ကြားတွင် တဲများဆောက်ပြီးနေထိုင်ကြပြီး ခန္ဓာကိုယ်များကို ရွံများဖြင့် သုတ်လိမ်းထားကာ ၀ါးနဲ့ပြုလုပ်ထားတဲ့ လှံများကို ကိုင်ဆောင်ကြလေ့ရှိပါတယ်။

Arkar Hein (Shwemom)

Ref : The Sun

SHARE