ကမ်းခြေမှာ ရေလွှာလှိုင်းစီးနေရင်း ငါးမန်းဖြူကိုက်ခြင်းခံခဲ့ရတဲ့ အမျိုးသမီး

အမေရိကန်နိုင်ငံ အနောက်ပိုင်းရှိ ကယ်လီဖိုးနီးယား ပြည်နယ်မှ ဆိုဖီယာ ရဗ် (Sophia Raab)ဆိုသူ အမျိုးသမီး တစ်ယောက်ဟာ ရေလွှာလှိုင်းစီးနေရင်း သားကောင်ရှာနေတဲ့ ငါးမန်းရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ဆိုဖီယာဟာ ကမ်းခြေမှာ ရေလွှာလှိုင်းစီးနေရင်း ဘုတ်ပြားပေါ်မှ ပြုတ်ကျခဲ့ပြီး ငါးမန်းကိုက်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

” ပထမတော့ ကျွန်မ ခြေထောက်က စူးခနဲ ဖြစ်သွားတယ် ဆိုတာကိုပဲ သိလိုက်တာပါ။ဒါပေမဲ့ ကျွန်မ ဘုတ်ပြားပေါ် ပြန်တက်လိုက်တော့ ကျွန်မ ခြေထောက်မှာ သွေးအလိမ်းလိမ်းနဲ့ စီးကျနေပါတယ်။ကျွန်မ ခြေထောက်အတွင်းသားအထိတောင်မြင်နေရပြီး ကျွန်မ တွေ့ဖူးခဲ့သမျှမှာ အများဆုံး သွေးထွက်သံယို ဖြစ်မှုတစ်ခုပါပဲ။နောက်ပိုင်းမှာကျွန်မ အကူအညီ အော်ဟစ်တောင်းခဲ့ပြီး သတိမေ့သွားခဲ့ပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။

ဆိုဖီယာကံကောင်းသွားတာတော့ ဆိုဖီယာကို ကိုက်ခဲ့တဲ့ ငါးမန်းဟာ ရေတိမ်ပိုင်းမှာ ကျက်စားလေ့ရှိတဲ့ ငါးမန်း အသေးစားလေးသာဖြစ်တဲ့အတွက် ဒဏ်ရာအကြီးအကျယ်မရခဲ့တာလို့ ဆိုဖီယာကို ကုသပေးခဲ့တဲ့ ဆရာဝန်က ပြောခဲ့ပါတယ်။ငါးမန်းကိုက်ခံခဲ့ရပေမဲ့ ဆိုဖီယာဟာ ရေလွှာလှိုင်းစီးခြင်းကို စွန့်လွတ်သွားမှာ မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။

READ
လက်ကိုသေနတ်အဖြစ်အယောင်ပြပြီး ဓားပြတိုက်သွားတဲ့ ကမ္ဘာ့အရယ်ရဆုံး ဓားပြမှု

” ကျွန်မ ရေလွှာလှိုင်းစီး ဆော့ကစားဦးမှာပါ။ငါးမန်းပေါက်လေးတစ်ကောင်က ကျွန်မ ချစ်တဲ့ အရာကို မလုပ်တော့ဖို့ မတားမြစ်နိုင်ပါဘူး။” လို့ဆိုဖီယာက ပြောဆိုခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်တောင်ဘက်ပိုင်းရှိ ကမ်းခြေများမှာ အခုတလော ငါးမန်းကိုက်ခံရမှု များပြားနေပြီး ကိုက်တဲ့ ငါးမန်းအများစုဟာ ၅ ပေအရှည်ရှိတဲ့ တစ်နှစ်သားအရွယ် ငါးမန်းလေးတွေ ဖြစ်ကြတယ် လို့ အဏ္ဏ၀ါဗေဒ ပညာရှင်ဖြစ်သူ ခရစ်လိုဝီ ကပြောဆိုခဲ့ပါတယ်။

” ကျွန်မကတော့ ဒီဖြစ်စဉ်ကို ထိန်းသိမ်းစောင့်ရှောက်မှု အားကောင်းလာခြင်းလို့ ယူဆပါတယ်။ကျွန်မတို့တွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ကယ်လီဖိုးနီးယားမှာ ငါးမန်းဖြူတွေကို ထိန်းသိမ်းစောင့်ရှောင့်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ ငါးမန်းကိုက်ခံရတဲ့ ဖြစ်ရပ်တွေ မကြာခဏဖြစ်လာရင်တော့ လူတွေကြောက်ရွံလာမှာ အမှန်ပါပဲ။ဒါပေမဲ့ ဒါဟာ အရိုင်းအစိုင်းသဘာဝ တရားတစ်ခုပါ။ဒီသဘာဝ တရားကို ကျွန်မတို့လေးစားရမှာ ဖြစ်ပါတယ်။ ” လို့ ခရစ်လိုဝီကပြောဆိုခဲ့ပါတယ်။

READ
ရေသန့်ဘူးများကိုရေပြန်ဖြည့်ပြီး မသုံးသင့်ကြောင်းသိပ္ပံပညာရှင်များသတိပေး

နောက်ထပ် အဏ္ဏ၀ါဗေဒ ပညာရှင်တစ်ဦးဖြစ်သူ ဒေ့ဘာဒါကတော့ သူအတွေ့အကြုံအရ ငါးမန်းတွေဟာ လူသားတွေကို ဘယ်တော့မှ အမဲလိုက်လေ့မရှိဘူးလို့ဆိုပါတယ်။ငါးမန်းကြီးတွေက ငါးများကိုသာ စားသုံးကြပြီး ငါးမန်းပေါက်လေးများကတော့ အတွေ့အကြုံမရှိသေးတဲ့အတွက် လူများကို ကိုက်ကြတာ ဖြစ်တယ် လို့ဆိုခဲ့ပါတယ်။

Shwemom

Ref : The Sun

SHARE