(၁၉၆)နိုင်ငံကို (၁၈)လ၊(၂၆)ရက်အတွင်း စံချိန်တင်သွားရောက်နိုင်ခဲ့သည့် အမျိုးသမီး

Cassie De Pecol လို့ အမည်ရတဲ့ အသက် 27 နှစ်အရွယ် အမျိုးသမီးဟာ နိုင်ငံပေါင်း 196 နိုင်ငံကို 18 လ 26 ရက်အတောအတွင်းမှာ စုံလင်အောင်သွားရောက်နိုင်ခဲ့တဲ့ မှတ်တမ်းကို ရေးထိုးနိုင်ခဲ့ပါတယ်။ သူမဟာ ဒီအတွက် ပေါင် 170000 အထိ အသုံးပြုခဲ့ရပြီး၊ The first documented woman to visit every country in the world မှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အမရိကန်အမျိုးသမီး Cassie ဟာ 2015 ခုနှစ် ဇူလိုင်လအတွင်း အသက် 25 နှစ်ပြည့် မွေးနေ့မှ အစပြုကာ ခရီးထွက်ခွာခဲ့သူဖြစ်ပြီး၊ နိုင်ငံပေါင်း 196 နိုင်ငံကို သွားရောက်ဖို့အတွက် လေကြောင်းလိုင်းပေါင်း 255 လိုင်းကို စီးနင်းခဲ့ရပါတယ်။ ဒီအတွက် ပေါင် 170000 ( ဒေါ်လာ 198000) ကုန်ကျခဲ့ပြီး၊ အများစုကတော့ စပွန်ဆာကုမ္မဏီတွေက ကျခံခဲ့တာလို့ သိရပါတယ်။

Cassie က ” ကျောင်းသူဘ၀ကတည်းက အပြည်ပြည်ကို သွားပြီး ဘာသာရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် စတာတွေကို လေ့လာချင်ခဲ့တာပါ… “လို့ ထုတ်ဖော်ခဲ့ပါတယ်။ သူမဟာ အမေရိကတိုက်သူဖြစ်တဲ့အတွက် သူမတို့ရဲ့ ရေခံမြေခံနဲ့ သဘာဝပတ်ဝန်းကျင်တွေကလည်း လေ့လာမကုန်နိုင်လို့ အမြဲလိုလို စွန့်စားသွားလာလိုနေဆဲလို့ ပြောပါတယ်။

READ
ဘာစီလိုနာမြို့မှာ လည်ပတ်စရာနေရာများ

ယခုခရီးစဉ်တွေကို လေယာဉ်ချည်းပဲ စီးကာသွားရောက်ခဲ့ရတာမျိုးမဟုတ်ပဲ၊ မြောက်ကိုးရီယားမှာတော့ အခက်အခဲတွေ မြောက်များစွာ ကြုံတွေ့ခဲ့ရသေးတယ်လို့ သူမရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ အခြားနိုင်ငံဒေသတွေမှာတော့ လူမှု
ရေးဆိုင်ရာ အခက်အခဲတစ်ချို့ ရင်ဆိုင်ခဲ့ရပေမယ့် သူမအနေနဲ့ နိုင်ငံနဲ့ချီရောက်ပြီးပြီဖြစ်လို့ ကျင့်သားရသွားတယ်လို့ ဆိုပါတယ်။

ယခင် 2010 ခုနှစ်မှာ အမေရိကန် မီချီဂန်ပြည်နယ်သာ Yili Liu ဟာ ကမ္ဘာနိုင်ငံအနှံ့ခရီးကို သုံးနှစ်နဲ့ သုံးလအတွင်း အပြည့်အစုံ သွားရောက်နိုင်ခဲ့ပြီး အမျိုးသားထုကိုယ်စား မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် Cassie တင်ခဲ့တဲ့ မှတ်တမ်းဟာ အမြန်ဆုံးအချိန်ကာလအတွင်း ကမ္ဘာ့နိုင်ငံပေါင်း 196 နိုင်ကို သွားရောက်နိုင်ခဲ့တဲ့ မှတ်တမ်းသစ် ဖြစ်ပါတယ်။

Cassie ဟာ သူမရဲ့ ခရီးစဉ်အတွင်း International Institute of Peace Through Tourism နဲ့ Skal International တို့က ခန့်အပ်တဲ့ ငြိမ်းချမ်းရေးသံတမန်အဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး၊ ဒီအတွက်လည်း ခရီးစဉ်အားလုံးနီးပါးဟာ သူမအတွက် စာရိတ်စက သက်သာစေခဲ့တယ်လို့ ဆိုရမှာပါ။

READ
ခရီးဆောင်အိတ် စနစ်တကျ ထုပ်ပိုးပြင်ဆင်နိုင်ဖို့ သိထားသင့်တဲ့ အချက်များ

ခရီးစဉ်အတွင်းမှာ နိုင်ငံခြားသားကျောင်းသားပေါင်း 16000 ကျော်နဲ့ ခရီးသွားလုပ်ငန်းများအကြောင်း၊ စီးပွားရေးအကြောင်း ဆွေးနွေးပေးခဲ့လို့ ကျောင်းသားတွေအတွက်လည်း အလွန်ကို အဖိုးတန်တဲ့ ဗဟုသုတတွေ ရခဲ့ပါတယ်။ Cassie ဟာ နိုင်ငံပေါင်း 50 မှာ အမှတ်တရ သစ်ပင်စိုက်ပျိုးဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ လကုန်လောက်မှာလည်း အန္တာတိကတိုက်ကို သွားရောက်ပြီးနောက် မကြာမီမှာ သူမရဲ့ အတွေ့အကြုံနဲ့ ခရီးစွားစာအုပ်တွေ ထုတ်ဝေဖို့ စီစဉ်မယ်လို့ သိရပါတယ်။ Cassie က ” ကျွန်မက တိုင်းပြည်အသီးသီးကို ခရီးသွားခြင်းနဲ့ အချိန်တွေ ကုန်ဆုံးလိုတာပါ … ဒီနည်းနဲ့ပဲ အခြားသူတွေနဲ့ မတူညီတဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို အကောက်အထည်ဖော်နိုင်ခဲ့တာပါ “လို့ ပြောခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE