မြန်မာဘာသာဖြင့်ရေးထားသောပထမဆုံး Sex Educationဝက်ဘ်ဆိုဒ်လွှင့်တင်

မြန်မာနိုင်ငံမှာ လိင်ပညာနဲ့ပက်သက်ပြီး အသိပေးမှုတွေ နည်းခဲ့ပါတယ်။ Shwemomမှ Sex Education ဆိုတဲ့
သီးသန့်ကဏ္ဍတစ်ခုမှာ တတ်နိုင်သလောက် ဆောင်းပါးတွေနဲ့ အသိပညာပေးတွေလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အပြည့်
အဝတော့ အာရုံစူးစိုက်ပြီး အမြဲတင်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ Shwemom အနေနဲ့ အခြားကဏ္ဍများစွာရှိနေခဲ့လို့
အပြည့်အဝအာရုံစူးစိုက်ခြင်း မရှိခဲ့တာလည်းဖြစ်ခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ပထမဆုံး မြန်မာဘာသာစကားနဲ့
Sex Education Website တစ်ခုစတင်ခဲ့ပါပြီ။ Thiloyarmay.org မှာ မြန်မာလူမျိုးများအတွက် မျိုးဆက်ပွား
ကျန်းမာရေးနှင့် ဖိုမဆက်ဆံရေးပညာပေး အကြောင်းအရာများကို မြန်မာဘာသာစကားနဲ့ဖတ်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီဝက်ဘ်ဆိုဒ်လေးကို DKT International ကုမ္ပဏီက မြန်နိုင်ငံသားများအတွက် မျိုးဆက်ပွားကျန်းမာရေးနှင့် ဖိုမဆက်ဆံရေးအသိပညာများ တိုးတက်စေဖို့ လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်နာမည်ကို မြန်မာဘာသာတိုက်ရိုက်အသံထွက်ဖြင့် “သိလိုရာမေး”ဟု အမည်ပေးထားတာလည်း တွေ့ရပါတယ်။ မြန်မာလူငယ်များ မိမိတို့၏ ခန္ဓာကိုယ်နှင့်
ကျန်းမာရေးအတွက် လိုအပ်သည့် ဗဟုသုတအချက် အလက်များနှင့် အကြံပေးချက်များ ရရှိအသုံးချနိုင်စေရန်
ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

DKT မှ ဒါရိုက်တာ Hyam Bolande က “ကျောင်းတွေမှာ ဖိုမဆက်ဆံရေးအသိပညာပေး မရှိတာကတကြောင်း၊
ယဉ်ကျေးမှုဓလေ့အရ လူငယ်တွေက လိင်ကိစ္စနဲ့ပတ်သက်လာရင် ချောင်ပိတ်မိနေသလို ခံစား နေရပါတယ်။ ကျွန်တော်တို့ကတော့ လူငယ်တွေအတွက် ဖုန်းကနေဖြစ်ဖြစ် ကွန်ပျူတာကဖြစ်ဖြစ် သိချင်တဲ့မေးခွန်းတွေကို နှစ်ကိုယ်ကြား
ဖြေကြား အကြံဥာဏ်ပေးသွားမှာပါ” ဟု ပြောကြားသည်။

READ
အိမ်ထောင်ရေးသုခ ပြည့်ဝစေမယ့်အစားအစာများ

Screen Shot 2016-08-19 at 4.27.33 PM

ယင်းသို့ အမေးအဖြေကဏ္ဍအပြင် လိင်ကိစ္စနှင့် စပ်လျင်းပြီး သန္ဓေတားဆေးအသုံးပြုပုံများ၊ ကိုယ်ဝန် ဆောင်ကျန်းမာရေး၊  လိင်မှကူးစက်တတ်သော ရောဂါပိုးများအကြောင်း စသည်တို့ကို ယင်း ဝက်ဘ်ဆိုက်တွင် ရှာဖွေဖတ်ရှုနိုင်မည်ဖြစ်သည်။
ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည့် အချက်အလက်များမှာ ကမ္ဘာတစ်ဝန်းရှိမှန်ကန်သော ကျန်းမာရေး အရင်းအမြစ်များမှ
ရယူထားခြင်းဖြစ်သည်။

DKT Facebook Page ရဲ့ လွှမ်းမိုးမှုကြောင့် ၂ နှစ်အတွင်း Follower တစ်သန်းကျော်ရရှိခဲ့ပါတယ်။

Bolande မှ “Kiss နှင့် Lydia Page တွေရဲ့ လိင်ပိုင်းဆိုင်ရာကျန်းမာရေး Post တွေဟာ အဲ့ဒီ အကြောင်းအရာတွေ
အတွက် များစွာသော အသိပညာပေး ပြီးဖော်ထုတ်ခဲ့ပါတယ်။ တန်ဖိုးအရှိဆုံး သတင်းအချက်အလက်များတွေကို
ထိန်းသိမ်းဖို့နဲ့ အဲ့ဒီအချက်အလက်တွေကို အိမ်ကအင်တာနက် ကနေတစ်ဆင့် ရရှိနိုင်ဖို့ ပိုမိုအရေးကြီးလာပါတယ်။
ဒါက လူတွေအတွက် ပိုမိုအကျိုးရှိလာစေပါတယ်“ ဟုထပ်ပေါင်းပြောကြားခဲ့သည်။

couple3

သိလိုရာမေး ဝက်ဘ်ဆိုက်တွင် ဆောင်းပါးပေါင်း ၃၀၀ ကျော် ရေးသားဖော်ပြထားသည်။ နောက်ပိုင်းတွင် ယခုထက်
ဆောင်းပါးပေါင်းများစွာကို ပိုမိုဖော်ပြပေးသွားရန်ရှိသည့်အပြင် ဝက်ဘ်ဆိုက် အသုံးပြုသူများမှ မေးလာမည့် မေးခွန်း
များကို ဝက်ဘ်ဆိုက်ရှိ Editorial ဝန်ထမ်းများ ဖြေကြားပေးသွားမည်ဖြစ်သည်။

Thiloyarmay.org ဝက်ဘ်ဆိုက်ကို မိုလ်ဘိုင်းဖုန်းသာမက တက်ဘလက်နှင့်ပါ အသုံးပြုနိုင်ပြီး မည်သည့်အချိန်မဆို မည်သည့်နေရာမဆို လိုအပ်သည့်အချက်အလက်များ ပံ့ပိုးပေးနိုင်ရန် ဖန်တီးထားသည်။ယင်းဝက်ဘ်ဆိုက်အား The David And Lucile Packard Foundation ၏ ထောက်ပံ့မှုဖြင့် တည်ထောင်ခြင်းဖြစ်သည်။

READ
ချစ်တင်းနှောရင်း သေဆုံးသွားခဲ့သူ(၅)ဦးအကြောင်း

DKT မိတ်ဆက်

DKT သည် ကမ္ဘာ့အကြီးမားဆုံး  သားသမီးထွန်းကားမှုထိန်းချုပ်ရေးနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယင်းလုပ်ငန်းမှာ အကျိုးအမြတ်မရယူသောအဖွဲ့အစည်း
ဖြစ်ပြီး Washington DC တွေ အခြေစိုက်ပါသည်။ DKT မှ သန္ဓေတားဆေး အသုံးပြုပုံကို ဖွံဖြိုးဆဲနိုင်ငံ ၂၅ နိုင်ငံတွင် social marketing နည်းဖြင့် အရောင်းမြှင့်တင်ခဲ့ပါသည်။ယခင်နှစ်က ချစ်သူအတွဲပေါင်း သန်း၃၀ ကျော်အား
ကာကွယ်မှုပေးနိုင်ခဲ့ပြီး မလိုလားသော ကိုယ်ဝန်ပေါင်း ၅.၅ သန်းနှင့် အန္တရာယ် ရှိသောကိုယ်ဝန်ဖျက်ချမှုပါင်း
၃.၈ သန်းကို အကူအညီပေးခဲ့ပါသည်။

မြန်မာနိုင်ငံတွင် DKT လုပ်ငန်းခွဲကို ဇူလိုင်လ၊ ၂၀၁၄ခုနှစ်တွင် လာရောက်ဖွင့်လှစ်ခဲ့ပြီး သားသမီးထွန်းကားရေး ရွေးချယ်မှုများအား အကြံဉာဏ်ပေးနေပါသည်။ ပြည်တွင်းဖြန့်ချိရေး ပါတနာများနှင့်ပူပေါင်းကား Kiss ကွန်ဒုံး၊ Lydia သားဆက်ခြားဆေးများ၊ သန္ဓေတားထိုးဆေးများနှင့်  IUD များအား ဈေးကွက်အတွင်း တင်သွင်းဖြန့်ချိခဲ့ပါသည်။

SHARE