အိမ်ထောင်ရေးသုခ ပြည့်ဝဖို့ စားသင့်တဲ့အစားအစာများ

စုံတွဲတော်တော်များများမှာ အရေးကြီးဆုံးအချက်က တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိရှိနဲ့ အပေးအယူမျှတဖို့
ဖြစ်ပါတယ်။ ဒီအချက်သာ ကိုက်ညီနေတယ်ဆိုရင် အချစ်ရေး အဆင်ပြေကြမှာ အသေအချာပါဘဲ။ အိမ်ထောင်သည်ဘ၀ ရောက်လာတဲ့အခါမှာ အိမ်ထောင်ပြုရခြင်းရဲ့ အထွတ်အထိပ် လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ကာမဂုဏ်ကိစ္စကို လက်လွတ်စပယ် ဖယ်ပစ်လိုက်လို့ မရပါဘူး။

တစ်နည်းပြောရရင် လူသားတို့ အိမ်ယာတည်ထောင်ပြုကြခြင်းဟာ အမွေခံ သားထောက်သမီးခံရရှိဖို့ တစ်ခုတည်းအ
တွက် မဟုတ်ပါဘူး။ အရာရာကို ရည်ဆိုင်ကျော်ဖြတ်ဖို့အတွက် လက်တွဲညီရပါတယ်။ နောက်ပြီး လင်နဲ့မယား ကုတင်ပေါ် ဆက်ဆံရေးကလည်း သားသမီး ရလိုခြင်းဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်း ထားလို့ မဖြစ်ပါ။ သူ့မှာလည်း အပေးနဲ့ အယူ ဆိုတာ ရှိပါတယ်။ ဒီအချက်ကို အိမ်ထောင်သက် အတော်ရင့်မာနေကြတဲ့ လူတွေတောင် သတိမထားမိတတ်ပါဘူး။

ဒီတော့ လင်နဲ့မယား အပေးအယူမျှဖို့ နှစ်ယောက်သား အတ္တကို ရှေ့တန်းမတင်ဖို့ လိုသလို၊ တစ်ကိုယ်ကောင်းဆန်လို့
လည်း မကောင်းပါဘူး။ တစ်ယောက်က စိတ်ပါတယ်၊ တစ်ယောက် စိတ်မပါဘူးဆိုရင်လည်း ဒီကိစ္စက အရုပ်ကြီးနဲ့ ကိစ္စပြီးရတာနဲ့ ဘာမှ မထူးပါ။ ဒီတော့ Shwemom ရဲ့ အိမ်ထောင်သည် ပရိသတ်ကြီးအတွက် အိမ်ထောင်ရေးသုခ ပြည့်ဝချင်ရင် စားရမယ့် အစားအစာတွေကို the sun သတင်းစာကို ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

READ
အမျိုးသမီးအသုံးအဆောင်အထဲကနေပြန်ထုတ်မရလို့ ဆေးရုံပြေးခဲ့ရတဲ့ကောင်မလေး

(၁) မုန့်ညှင်း

မုန့်ညှင်းကို နေ့စဉ် ပုံမှန်စားပေးပါက ကာမဂုဏ်ခံစားလိုစိတ်ကို ဖြစ်တည်စေပါတယ်။ ဆက်ဆံနေစဉ်မှာ အာရုံထွေပြားမှုကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အဖော်ဖြစ်သူကို တင်းတိမ်စေပါတယ်။ မုန့်ညှင်းဟာ ဘေးအန္တရာယ်အကင်းဆုံး ဆေးဖြစ်ပါတယ်။

(၂) သဘာဝကြက်ဥ

ကာမသုခအတွက် အကောင်းဆုံး သဘာဝဆေးကတော့ အားလုံးလည်း သိပြီးဖြစ်တဲ့ ကြက်ဥပါ … ဒါပေမယ့် သဘာဝ
ကြက်ဥစစ်စစ် ရဖို့က အတော်လေး ခက်ခဲလာပါပြီ။ မေထုန်မဲ့သားစပ်နည်း စနစ်အောင်မြင်ပြီး နောက်ပိုင်း သဘာဝ ကြက်
ဥတွေဟာ အခြားကြက်ဥတွေနဲ့ယှဉ်ရင် ဈေးပိုကောင်းလာပါတယ်။ အကြောင်းကတော့ သဘာဝကြက်ဥဆိုတဲ့အတိုင်း အဲဒီကိစ္စအတွက် သဘာဝ အရင်းအမြစ်တွေ ခိုင်မာပါတယ်။ လိပ်ဥကလည်း ဒီကိစ္စမှာ အတော်စွမ်းတယ်လို့ ဆိုပါတယ်။

(၃) ယုန်သား

ယုန်သားကလည်း ထိုနည်း၎င်းပါဘဲ။ ကိုယ့်အတ္တအတွက်တော့ မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။ thesun မှာ ညွှန်းထားတဲ့ တိုင်းဆိုရင်တော့ ယုန်သားဟာ လိင်စိတ်ကို မကြာခဏ နိုးကြွစေတဲ့အထိ စွမ်းဆောင်နိုင်တယ်လို့ ညွှန်းထားပါတယ်။ ဒါ့အပြင် သုတ်ကောင်လေးတွေရဲ့ ရေရှည်အသက်ရှင်ရေးကို ထိန်းပေးထားနိုင်ပါတယ်တဲ့။

READ
ဇနီးသည်ကလိင်ကိစ္စကို ငြင်းပယ်နေရသည့် အကြောင်းအရင်းများ

(၄) အရက်

အရက်ကို အလွန်အကျွံ မသောက်သုံးသင့်ပါဘူး။ တစ်ခွက်ဆီလောက်ဆိုရင် အဆင်ပြေပါတယ်။ အရက်မှာပါတဲ့
အယ်လ်ကိုဟောဓာတ်ဟာ အနည်းငယ်သာဆိုရင် လိင်စိတ်အတွက် အထူးကောင်းမွန်ပါတယ်။ အရက်ကို မသောက်
ချင်ဘူး ဆိုရင်လည်း အနီရောင်ဝိုင်ဟာ ကျန်းမာရေးနဲ့လည်း သင့်တော်ပြီး ကာမအားကို ဖြစ်စေပါတယ်။

(၅) ခရုကမာ

ပင်လယ်ထွက် အစားအစာတွေထဲမှာ ခရုကမာဟာ ကာမစွမ်းအားအတွက် ကောင်းဆုံးဖြစ်ပါတယ်။ Omega 3 Fatty Acid ကြွယ်ဝလို့ ပုံမှန်သုံးဆောင်ပါက စောခြင်း၊ မြန်ခြင်း၊ စိတ်မပါခြင်း၊ မောပန်းခြင်းကို မဖြစ်စေပါဘူးတဲ့။ ဒါ့အပြင် ကိစ္စ၀ိစ္စပြီးလို့ လူတစ်ကိုယ်လုံး နုံးချိနေတာကိုမျိုးလည်း မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် Allergic ရှိတယ်ဆိုရင်တော့
ရှောင်ပါ။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE