အယူခံပယ်ချခံခဲ့ရလို့ အိန္ဒိယနာမည်ကြီး အုပ်စုဖွဲ့မုဒိမ်းသမားလေးဦး၏သေဒဏ် အတည်ဖြစ်

2012 ခုနှစ်မှာ အိန္ဒိယနိုင်ငံတစ်ခုလုံး တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့ အသက် 23 နှစ်အရွယ်ကျောင်းသူလေးကို ဘက်စ်ကားပေါ်မှာ အုပ်စုဖွဲ့ အဓမ္မကျင့်ပြီး သတ်ဖြတ်မှုပါ ကျူးလွန်ခဲ့သည့် အဓိကတရားခံ လေးဦးကို အိန္ဒိယအဆင့်မြင့်တရားရုံးက 2013 ခုနှစ်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

ယခင်က မူလတရားခံမှာ 5 ဦးဖြစ်ပြီး၊ တစ်ဦးမှာ သေဒဏ်ချမှတ်ကြောင်း တရားစီရင်ခံရသည့်နောက်တစ်ရက်တွင် အချုပ်ခန်းထဲမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ ထိုစဉ်က ပြစ်မှုကျူးလွန်သူများကို ချုပ်နှောင်ထားသည်မှာ 7 လသာ ရှိသေးချိန် ဖြစ်ပါတယ်။

2ေ014 သဒဏ်စီရင်မှုကို တရားခံလေးဦးစလုံးက Supreme Court မှာ အယူခံတင်ခဲ့ပြီး အဆိုပါတရားရုံးက အမှုကို သေချာပြန်လည် ဆန်းစစ်ဖို့ လက်ခံခဲ့ပါတယ်။ ဒီအယူခံကို တရားရုံးက လက်ခံပြီး မကြာမီမှာ အိန္ဒိယအမျိုးသမီးထုဟာ ဆန္ဒပြပွဲတွေ ဆက်တိုက် ဆင်နွှဲကာ အစိုးရကို တော်တည့်မှန်ကန်တဲ့ တရားစီရင်မှု ပြုဖို့ ဖိအားပေးခဲ့ကြပါတယ်။

READ
ထဘီမနိုင်ပုဝါမနိုင်နဲ့ လမ်းမထက်က အမျိုးသမီးလေးယောက်ရဲ့ ရင်တမမ,ရန်ပွဲ

ဒါကြောင့် မေလ 5 ရက်နေ့မှာ Supreme Court က ပထမတရားရုံးက ချမှတ်ထားတဲ့ သေဒဏ်ကို ထပ်မံအတည်ပြုခဲ့
ပါတယ်။ ဒါကြောင့် တရားခံတွေဖြစ်တဲ့ Vinay Sharma, Akshay Kumar Thakur, Pawan Gupta နဲ့ Mukesh Singh တို့ဟာ သေချာပေါက် ကြိုးပေးသေဒဏ် စီရင်ခံရတော့မှာ ဖြစ်ပါတယ်။

ရှေ့နေ Ajay Prakash Singh

တရားခံတို့ရဲ့ ရှေ့နေ Ajay Prakash Singh ကတော့ ဥပဒေအရ ဆက်လက်ရင်ဆိုင်နေဖို့ ရှိနေပြီး၊ အိန္ဒိယသမ္မတရဲ့ အထူး ကင်းလွတ်ခွင့်ကိုသာ မျှော်လင့်ရတော့မှာ ဖြစ်တယ်လို့ သတင်းသမားများနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်ကတော့ အတော်နည်းပါးပါတယ်။

အိန္ဒိယရဲ့တပ်ဖွဲ့ မှတ်တမ်းအရ ယင်းတို့ဆီမှာ တိုင်ကြားထားတဲ့ အဓမ္မမှုပေါင်း 34000 အထိ ရှိပြီး၊ 84000 မှာတော့ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေဖြစ်တယ်လို့ ဆိုပါတယ်။ National Crime Records Bureau ရဲ့ အဆိုအရလည်း အိန္ဒိယနိုင်ငံဟာ အာရှမှာတော့ အဓမ္မမှုအများဆုံးအဆင့်မှာ ရပ်တည်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

READ
မြန်မာ့မြေပေါ်က ရှာဖွေတွေ့ရှိခဲ့တဲ့ နှစ်ပေါင်း(၉၉)သန်းက ဂေါ်ဇီလာအမြှီးကျောက်ဖြစ်ရုပ်ကြွင်း

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE