အုပ်စုဖွဲ့အဓမ္မကျင့်ခံရသည့် အမျိုးသမီး 15 နှစ်ကြာသည်အထိ တရားမျှတမှုရဖို့ တိုက်ပွဲဆင်နွှဲခဲ့ရ

အိန္ဒိယနိုင်ငံ ဂူဂျာဒက်မြို့မှာ Bilkis Bano အမည်ရ အမျိုးသမီးဟာ  2002 ခုနှစ်တုန်းကာလက လူအုပ်စုတစ်စုရဲ့ အုပ်စုဖွဲ့အဓမ္မကျင့်ခြင်းကို ခံခဲ့ရပါတယ်။ သူမဟာ ပြင်းထန်လှတဲ့ ဝေဒနာကြောင့် သတိလစ် မေ့မြော့သွားခဲ့ပြီး၊ သတိ လည်လာတဲ့အခါမှာတော့ မိသားစုဝင် 14 ဦးစလုံးဟာ သူမအနီးအနားမှာ ရက်ရက်စက်စက် အသတ်ခံထားရတာကို တွေ့ ခဲ့ရပါတယ်။ ထိုစဉ်က သူမဟာ အသက် 19 နှစ်သာ ရှိပါသေးတယ်။

သူမဟာ ဒီဖြစ်ရပ် အမှုအမှန်အတိုင်း ပေါ်ပေါက်ဖို့အတွက် အိန္ဒိယရဲ့ ခြစားနေတဲ့ တရားစီရင်ရေးအောက်မှာ 15 နှစ်ကြာ တိုက်ပွဲဝင်ခဲ့ရပါတယ်။ နောက်ဆုံးတော့ ဆက်စပ်တရားခံ 11 ယောက်အပြင်၊ အမှုမှာ မလျှော်သြဇာသုံးကာ ပါဝင်ကြိုး ကိုင်ဖို့ ကြိုးစားခဲ့တဲ့ အခြားလူ 8 ယောက်ကိုလည်း စီရင်ချက် အသီးသီးချမှတ်နိုင်ခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ Bano ရဲ့ 2 နှစ်အရွယ်သာရှိသေးတဲ့ သမီးငယ်လေးလည်း ရက်ရက်စက်စက် အသတ်ခံခဲ့ရပြီး၊ ထို
စဉ်က Bano ဟာ ကိုယ်ဝန် 5 လအရွယ်ကိုလည်း လွယ်ထားရသူ ဖြစ်ပါတယ်။ သူမတို့ဟာ စုစုပေါင်း 17 ဦးဖြစ်ပြီး၊ ထရပ်ကားတစ်စီးနဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ ထိုစဉ်က လူမျိုးရေး ပဋိပက္ခဖြစ်နေချိန်မို့ လွတ်ကင်းရာကို ရွှေ့ပြောင်းခဲ့ခြင်း ပါ။

READ
တရုတ်နိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအောက်မှာ ပိရမစ်ပုံစံဂူဗိမာန်တစ်ခုတူးဖော်တွေ့ရှိ

တောစပ်တစ်ခုအရောက်မှာ လက်နက်ကိုင် အမျိုးသား 35 ယောက်ဟာ ကားကို အပိုင်စီးခဲ့ပါတယ်။ အားလုံးကို ထိုးကြိတ် ကန်ကျောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမဟာ ဓားပြအဖွဲ့ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြီး အုပ်စုလိုက် အဓမ္မကျင့်တာကို မရှုမလှ ခံခဲ့ရပါတယ်။ သူမ နိုးလာတဲ့အခါမှာ ဆွေမျိုးတွေ အားလုံး သေဆုံးကုန်ပါပြီ။

Bano ရဲ့ 2 နှစ်သာ ရှိသေးတဲ့ သမီးလေးဟာ ဦးခေါင်း အစိတ်စိတ်ကွဲကြေသည်အထိ ရိုက်နှက်ခံထားရပါတယ်။ ပဋိပက္ခအတွင်းမှာ ထောင်ပေါင်းများစွာသော အဓမ္မကျင့်ခံခဲ့ရသူ အမျိုးသမီးတွေအနက် Bano ဟာ တစ်ဦးအပါအ၀င် ဖြစ်ပါတယ်။ တစ်ချို့ဟာ အခုထက်ထိ တရားမျှတမှု မရရှိသေးပါဘူး။ တစ်ချို့က အဓမ္မကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

ထိုစဉ်က Bano ဟာ ရဲစခန်းတစ်ခုကို သွားရောက်အမှုဖွင့်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က အမှုဖွင့်မပေးတဲ့အပြင် ဒီကိစ္စကို ပြင်ပမှာ  ပေါက်ကြားအောင် ပြုလုပ်ပါက လက်ရှိတက်ရောက်နေတဲ့ ဆေးရုံမှာ အဆိပ်ဆေးတွေ ထိုးသွင်းကာ သတ်ခံရမယ်လို့ ခြိမ်းခြောက်တာကို ခံခဲ့ရပါတယ်။ ဒါကြောင့် သူမဟာ တိုင်ကြားချက်ကို ရုတ်သိမ်းပေးခဲ့ရပြီး၊ အလိမ္မာသုံးကာ စောင့်ဆိုင်းခဲ့ ရပါတယ်။

1 နှစ်အကြာမှာ ဒီအမှုတွဲကို ဒေသတရားရုံးဆီမှာ တင်ခဲ့ပေမယ့် ကာလရှည်ကြာပြီလို့ အကြောင်းပြက ပလပ်တာကို ခံခဲ့ရ ပါတယ်။ ဆယ်စုနှစ်အကြာမှသာ Bano ဟာ National Human Rights Commission အဖွဲ့နဲ့ ဆက်သွယ်နိုင်ခဲ့ပြီး၊ နောက်ဆုံး ဒီအမှုကို အထူးတရားရုံးဖြစ်တဲ့ Mumbai court က ကိုင်တွယ်ရသည်အထိ ဖြစ်ခဲ့ရပါတယ်။

READ
ဆရာဝန်ကိုငိုကြွေးစေခဲ့တဲ့ (၁)နှစ်သာအသက်ရှင်ဖို့ရှိတော့တဲ့ ကလေးမလေးရဲ့ စာတစ်စောင်

နောက်ဆုံးမှာ လူမဆန်တဲ့ အမှုတွေကိုကျူးလွန်ခဲ့ကြတဲ့ လူတွေကို တရားရုံးအထိ ခေါ်ယူနိုင်ခဲ့ပြီး သက်ဆိုင်သူတွေကို အပြစ်အသီးသီး ချမှတ်နိုင်ခဲ့ပါတယ်။ ဒီပြစ်မှုကြီးတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူဟာ 19 ယောက်အထိ ရှိခဲ့ပြီး၊ 11 ယောက်ကတော့ အဓိက တရားခံတွေ ဖြစ်ပါတယ်။ 6 ယောက်ကတော့ ရဲအရာရှိတွေ ဖြစ်ပြီး၊ 1 ယောက်ကတော့ အစိုးရဆရာဝန် ဖြစ်ပါတယ်။

အဓိက တရားခံ 11 ယောက်အနက် 8 ယောက်ကို ထောင်ဒဏ်တစ်သက်၊ 3 ယောက်ကို သေဒဏ် ချမှတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယင်း သေဒဏ်ကျခံထားရတဲ့ တရားခံ သုံးယောက်ရဲ့အမှုကို Bombay High Court တရားရုံးက ပြန်လည် ကိုင်တွယ်ခဲ့ပြီး၊ သေဒဏ်ကို ပယ်ဖျက်ထားလို့ တရားလို Bano က အထက်တရားရုံးကို အမှုစီရင်ချက်ပြင်ဆင်ပေးဖို့  လျှောက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

source : mirro.co.uk

SHARE