GPS အားကိုးနဲ့ ကားမောင်းလို့ ဒုက္ခရောက်ခဲ့ရတဲ့ အဘွားအို

အဂလန်နိုင်ငံ Plymouth, Devon မှာ တည်ရှိတဲ့ လူစည်ကားရာ Tesco ဈေးဝယ်စင်တာမှာ အသက် 91 နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ အဖွားအိုတစ်ဦးဟာ GPS App ဖြစ်တဲ့ Sat-Nav အားကိုးနဲ့ ကားမောင်းလာခဲ့ပုံရပါတယ်။ သူမဟာ အချိန်တော်တော်ကြာတဲ့အထိ ဘာပြဿနာမှ မရှိခဲ့ပေမယ့်၊ GPS အမှားကြောင့် ထင်မှတ်မထားတဲ့ မတော်တဆမှု
ဖြစ်ခဲ့ရပါတယ်။

ယာဉ်မောင်းနေစဉ်မှာ GPS App က ဘယ်ဘက်ကို ကွေ့ဖို့ လှမ်းညွှန်ခဲ့လို့ အဖွားလည်း ကားစီယာတိုင်ကို ဘယ်ဘက်ကို ချိုးချခဲ့ပါတယ်။ ဒါပေမယ့် သူမ ချိုးချလိုက်တဲ့ လမ်းအဆုံးဟာ Tesco စင်တာအတွင်း လူသွားလမ်းဖြစ်နေပြီး အဆုံးမှာတော့ အမြင့်ပေ 30 ရှိတဲ့ ၀င်ပေါက်လှေကားကြီး ဖြစ်နေပါတယ်။ ဈေးဝယ်သူတွေလည်း အကြမ်းဖက်သမားတစ်ယောက် စင်တာကို ၀င်စီးတယ်လို့ ထင်ခဲ့ပြီး ပွက်ပွက်ညံသွားခဲ့ပါတယ်။

READ
ပျော်ရွှင်စွာဆင်နွှဲခဲ့ကြတဲ့ စပိန်ရိုးရာခရမ်းချဉ်သီးပေါက်ပွဲတော်

ဆောက်လုပ်ရေး လုပ်သားနှစ်ယောက်လည်း ကားနဲ့ အတိုက်မခံရဖို့အရေး အမြန်တိမ်းရှောင်လိုက်ရပြီး၊ အမျိုးသမီးတစ်ဦးကတော့ နံရံမှာ ကားနဲ့ ညပ်မလိုအထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် လမ်းကြောင်းမှားလာတဲ့ကားကို မြင်ရင် ရှောင်စရာနေရာကျယ်ကျယ် ရှိရင်တောင်မှ ကြောင်နေတတ်ကြပါသေးတယ်။

ဒါပေမယ့် အဖွား ကံကောင်းပါတယ်။ သူမ မောင်းလာတဲ့ Corsa အမျိုးအစား မီးခိုးပြာရောင်ကားလေးဟာ လှေကား 5 ထစ်ကို ခွပြီး အရှိန်သေရပ်တန့်သွားပါတယ်။ Tesco စင်တာရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့  Tony Johnson က ” အဖွားက အသက် 91 နှစ် ရှိပါပြီ .. ကားမှာပါတဲ့ Sat-Nav က Tesco တည်ရှိရာ ဘယ်ဘက်ကို ချိုးဖို့ လမ်းညွှန်ခဲ့ပါတယ် … ဒီတော့ ဈေးဝယ်သူရော ကားမောင်းသူပါ ထင်မှတ်မထားတာတွေ ဖြစ်ကုန်တော့တာပါဘဲ “လို့ ပြောခဲ့ပါတယ်။

READ
တောခွေးရိုင်းတွေ တိုက်ခိုက်လို့ နားရွက်တစ်ဖက်နဲ့ မေးရိုးတစ်ခုလုံး ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်

Tony က ” ဆောက်လုပ်ရေး လုပ်သားနှစ်ဦးကတော့ ကားနဲ့ မတိုက်မိအောင် အသည်းအသန် ပြေးထွက်ခဲ့ရပါတယ် .. ဒါက စင်တာမှာတော့ ပထမဆုံး အဖြစ်အပျက် မဟုတ်ပါဘူး .. ဒီမှာ ကျနော် အလုပ်လုပ်တာ ငါးနှစ်ရှိပါပြီ … အရင်ကလည်း ဒီပုံစံ တစ်ကြိမ် ဖြစ်ဖူးပါသေးတယ် “လို့ အတည်ပြုခဲ့ပါတယ်။ ဒီမတော်တဆမှုနဲ့ ပတ်သက်လို့ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သိရပါတယ်။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE