လူအများနှင့်မဆက်ဆံလိုသူများအတွက် သင့်တော်သောအလုပ်များ

သင့်ကိုယ်သင်လူမှုပေါင်းသင်းဆက်ဆံရေးမှာ အားနည်းချက်ရှိသူလို့ သတ်မှတ်ထားတယ်၊လူအများနဲ့ဆက်ဆံဖို့ဝန်လေး တတ်သူဖြစ်လို့ လုပ်ငန်းခွင်မှာအဆင်မပြေဖြစ်မှာကိုစိုးရိမ်နေတယ်ဆိုရင်တော့ Shwemom ကနေ အခုဖော်ပြပေး မယ့်အလုပ်အကိုင်တွေထဲက သင့်တော်တဲ့အလုပ်ကိုရွေးချယ်လုပ်ကိုင်နိုင်ပါတယ်။အရေးကြီးတာက သင့်မှာအလုပ်လုပ် ချင်စိတ်ရှိဖို့ပါပဲ။

(၁)Writer

သင်က စာဖတ်ဝါသနာပါသူတစ်ယောက်ဖြစ်ဖို့နဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေရေးရတာ ကိုလည်းစိတ်ဝင် စားသူဆိုရင်တော့ သင့်မှာ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေရှိပါတယ်။အောင်မြင်ကျော်ကြားတဲ့စာရေး ဆရာအများစုက ဘာသိဘာသာအေးဆေးနေတတ်သူများဖြစ်ကြပြီးကိုယ်ပိုင်စိတ်ကူးအတွေးအခေါ် နဲ့မွေ့လျော်တတ် သူများဖြစ်ကြပါတယ်။ဒါကြောင့်သင်က လူတွေနဲ့သိပ်မဆက်ဆံချင်တဲ့သူဆိုရင်တော့ စာရေးတဲ့အလုပ်ကိုလုပ်နိုင်ပါတယ်။

(၂)IT careers

အခုခေတ် နည်းပညာသမားတွေ၊အိုင်တီပညာရှင်တွေဟာ အလုပ်အကိုင်ကောင်းနဲ့လစာကောင်းရဖို့ ခက်ခက်ခဲခဲ ရှာဖွေနေစရာမလိုသလိုလူမှုဆက်ဆံရေးကောင်းမွန်နေဖို့လည်းမလိုပါဘူး။သတင်းအချက်အလက်နည်းပညာနဲ့သူတို့ရဲ့ကျွမ်းကျင်မှုကသာ သူတို့ကို မီလျံနာဖြစ်အောင်စွမ်းဆောင်ပေးတာပါ။web developer,programmer,mechanic စတဲ့ နည်းပညာအသုံးချလုပ်ငန်းတွေကလူအများနဲ့မဆက်ဆံလိုသူတွေအတွက်သင့်တော်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။

(၃)Translator

အခုခေတ်က မိခင်ဘာသာစကားပြောတတ်ရုံတင်မပြီးဘဲ second languageတစ်ခုခုတော့တတ်ထား သင့်တဲ့ခေတ် ဆိုတော့ ဘာသာစကားတစ်ခုခုတတ်ကျွမ်းနေသူဆိုရင်အလုပ်အကိုင်အခွင့်အလမ်းကမခက်ပါဘူး။ဘာသာပြန်သူအများ စုကကိုယ့်အိမ်မှာပဲလုပ်နိုင်တဲ့အခွင့်အလမ်းတွေရကြပါတယ်။ဒါပေမယ့်ဒီအလုပ်ကလည်းလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ဘာသာပြန်ရာမှာ စကားလုံးအသုံးအနှုန်းသေသပ်မှု၊သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုတွေရှိဖို့လိုပါတယ်။

READ
စာရေးဆရာဖြစ်လိုသူများ လိုက်နာသင့်တဲ့အချက်(၇)ချက်

(၄)Social Media Manager

သင့်အနေနဲ့ လူတွေကို မျက်နှာချင်းဆိုင်စကားပြောဖို့ သိပ်ပြီးစိတ်မ၀င်စားသူဆိုရင်တော့ ဒီအလုပ်က သင့်တော်တဲ့ အလုပ်ထဲမှာပါပါတယ်။အခုနောက်ပိုင်း social mediaသုံးစွဲမှု ကွန်ရက်တွေကလည်းကျယ်ပြန့်လာတော့ဒီလုပ်ငန်းက တဖြည်းဖြည်းတွင်ကျယ်လာနေပါပြီ။အွန်လိုင်းကနေ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်စီမံခန့်ခွဲပေးနေရုံပါပဲ။ ဒါပေမယ့် သူ့မှာလည်းသတိထားရမယ့်အချက်လေးတွေတော့ရှိတာပေါ့။ဒီလုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် စိတ်ရှည်သည်းခံဖို့နဲ့ လုပ်ငန်းကိုအမြဲတမ်း update ဖြစ်အောင်လုပ်နေဖို့တော့လိုပါတယ်။

(၅)Graphic Designer

ဒီလုပ်ငန်းကလည်း  စက်ကိရိယာစုံစုံလင်လင်ရှိနေရင် အိမ်မှာပဲ အေးဆေးလုပ်ရတဲ့အလုပ်ပါပဲ။ ကွန်ပျူတာနဲ့ဒီဇိုင်းဖန်တီး မှုမှာဆန်းသစ်တီထွင်နိုင်ရင်တီထွင်နိုင်သလောက် ၀င်ငွေဖြောင့်တဲ့အလုပ်လည်းဖြစ်ပါတယ်။အထူးသဖြင့် 3D ဂရပ်ဖစ် ဒီဇိုင်းနာတွေဆိုရင်ဝင်ငွေကောင်းကောင်းရှာနိုင်တဲ့သူတွေပါပဲ။ဒါပေမယ့် ဒီလုပ်ငန်းအလှအပဆန်းသစ်မှု၊စနစ်ကျသပ်ရပ်မှု ကို နည်းပညာနဲ့ဖန်တီးရတာဖြစ်တဲ့အတွက် ကျွမ်းကျင်အဆင့်ဖြစ်ဖို့လိုပါတယ်။အဲဒီအတွက် ကွန်ပျူတာရှေ့မှာအချိန်များစွာ ရင်းနှီးမြှုပ်နှံနိုင်ပြီး လေ့လာမှုများစွာပြုလုပ်နိုင်ဖို့ သင့်အနေနဲ့အမြဲတမ်းအဆင်သင့်ဖြစ်နေဖို့တော့လိုပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:amerikanki.com

SHARE