လမ်းမကြီးပေါ်မှာ စာပေလေ့လာနေဆဲ ဖိလစ်ပိုင်အဖိုးအို

Bernard Nebria လို့ အမည်ရတဲ့ အမျိုးသားဟာ အဖိုးအိုတစ်ယောက် လမ်းမပေါ်မှာ စာပေလေ့လာနေတာကို တွေ့လို့ ဓာတ်ပုံ ချက်ချင်းရိုက်ကာ လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့ပါတယ်။ Nebria က ” ဒီအဖိုးကို သိကြပါသလား … ကျနော်ကတော့ လမ်းမပေါ်မှာ စာလေ့လာနေတာတွေ့လို့ မှတ်တမ်း ယူခဲ့ပါတယ် “လို့ ရေးသားခဲ့ပါတယ်။

Nebria က လူတွေဟာ ဘ၀နေထိုင်မှု အာမခံချက်ရဖို့အတွက် ပညာသင်ကြားရကြောင်း၊ တစ်ချို့က ဆင်းရဲလွန်းလို့ ကျောင်းမတက်နိုင်ကြကြောင်း၊ တစ်ချို့က သာမန်လူတန်းစားဖြစ်လို့ သာမန်ကျောင်းကိုသာ တက်နိုင်ကြကြောင်း၊ ပိုက်ဆံချမ်းသာတဲ့သူတွေကတော့ ငွေကြေးအကုန်အကျခံရတဲ့ ကျောင်းတွေမှာသာ တက်ကြကြောင်း ရှင်းပြထားပါတယ်။

တစ်ချို့သော လူချမ်းသာတွေဟာ သားသမီးအလိုကိုလိုက်ပြီး၊ မိမိတို့မှာ ငွေကြေးချမ်းသာတယ်၊ သားသမီး ပညာမတတ်လဲ သူတို့ထားခဲ့မယ့် ပိုက်ဆံတွေက ဆယ်သက်စာ စားမကုန်ဘူးဆိုပြီး အတွေးလွဲတတ်တယ်လို့လည်း ဖော်ပြထားပါတယ်။

READ
စိတ်ဓာတ်ကျရင် နားထောင်သင့်တဲ့သီချင်း(၃)ပုဒ်

အခု ဒီအဖိုးကြီးကတော့ အဘယ်အကြောင်းကြောင့် အခုအချိန်ထိ လေ့လာဆည်းပူးနေသလဲဆိုတာကို Nebria က သိချင်နေလို့ အဖိုးကို သိသူများရှိရင် မှတ်ချက် ရေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဖိုးကို ကောင်းကောင်း သိတယ်လို့ဆိုသူတစ်ယောက်က ဖိလစ်ပိုင်နိုင်ငံ Cavite မြို့က လမ်းမတွေပေါ်မှာ ကြင်လည်သူ ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

အဖိုးကို Nixon ရပ်ကွက် ၀န်းကျင်ကလူတွေက ကောင်းကောင်းသိကြကြောင်း၊ စိတ်ကျန်းမာရေး သိပ်မကောင်းကြောင်း၊ တစ်ခါတလေ ရဲဝတ်စုံ၊ တစ်ခါတလေ ကုမ္မဏီဝန်ထမ်းဝတ်စုံ၊ တစ်ခါတရံကျပြန်တော့ ယာဉ်ထိန်းရဲဝတ်စုံတွေ ၀တ်လေ့ရှိကြောင်း၊ အခု သူက ကျောင်းဝတ်စုံကို ၀တ်ပြီး စာပေလေ့လာတဲ့သဘောမျိုး လုပ်နေတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ဘာပဲပြောပြော ပညာရေးနဲ့ပတ်သက်တဲ့ Nebria ရဲ့ ပြောကြားချက်တွေကိုတော့ လူတွေက ထောက်ခံခဲ့ကြပါတယ်။

READ
ငြိမ်းချမ်းရေးဗိသုကာကြီးမဟတ္တမဂန္ဓီရဲ့ မှတ်သားဖွယ်စကား(၁၀)ခွန်း

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE