သားသမီးဒဏ်ရာရရှိမှုကြောင့် အသည်းကွဲမတတ် ငိုကြွေးနေတဲ့ မျောက်မကြီး

အိန္ဒိယနိုင်ငံသား ဓာတ်ပုံဆရာ Jabalphur ဆိုသူက တောထဲမှာ ငှက်တွေကို ဓာတ်ပုံရိုက်ဖို့ သွားနေချိန်မှာ ဒဏ်ရာရရှိထားတဲ့ မျောက်ကလေးကို လက်နဲ့ပွေ့ချီထားပြီး အသည်းကွဲမတတ် ငိုကြွေးနေတဲ့ မျောက်မကြီးရဲ့ ပုံတွေ့တာနဲ့ အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jabalphur က ” ကျွန်တော်တောထဲမှာ ငှက်တွေကို ဓာတ်ပုံရိုက်ပြီး အိမ်ပြန်တော့မယ့်အချိန် မျောက်တွေ အုပ်စုလိုက်အပြေးအလွှားသွားနေတဲ့ပုံကို အမှတ်တမဲ့မြင်လိုက်ရချိန်မှာတော့ ကျွန်တော်ဟာ သူတို့ရဲ့လှုပ်ရှားမှုတွေကိုဓာတ်ပုံရိုက်ဖို့ ထိုင်စောင့်ဦးမယ်လို့” ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်ပုံတော်တော်များများကိုရိုက်ကူးခဲ့ပေမယ့် တစ်ချို့ပုံတွေက အလင်းရောင်ကောင်းမွန်စွာ မရှိတာကြောင့်ဆုံရှုံးခဲ့ရပေမယ့် ဒဏ်ရာရရှိထားတဲ့ မျောက်ကလေးကို လက်နဲ့ပွေ့ချီထားပြီး အသည်းကွဲမတတ် ငိုကြွေးနေတဲ့ မျောက်မကြီးရဲ့ ပုံကိုတော့ ကံကောင်းထောက်မစွာနဲ့ပဲ အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

Jabalphur ဟာ သားသမီးကြောင့် ၀မ်းနည်းပူဆွေးသောကရောက်နေတဲ့ မျောက်မကြီးရဲ့ ဓာတ်ပုံကို ရိုက်ကူးမှုအပြီးမှာ နာရီအနည်းငယ်လောက် မှင်သက်နေခဲ့မိတယ်လို့ဆိုပါတယ်။ သူရဲ့ဓာတ်ပုံဆရာသက်တမ်းတစ်လျောက်  မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီး ရိုက်ကူးခဲ့ရတဲ့ပုံတွေထဲမှာ သူရဲ့နှလုံးသားကို ထိစေခဲ့တဲ့ အရမ်းဝမ်းနည်းစရာကောင်းတဲ့ ပုံတစ်ပုံလို့လည်း ပြောခဲ့ပါတယ်။

READ
သေနတ်၊မူးယစ်ဆေးနှင့်ကားတိုက်မှုကြောင့် အမေရိကန်မှာလူငယ်များသေဆုံးမှုမြင့်တက်

Myo Ko (Shwemom)

Source : The Sun

SHARE