ပလတ်စတစ်ဆန်နဲ့ ဆန်အစစ် ခွဲခြားနည်း

(၂၀၁၆)ခုနှစ် နိုဝင်ဘာလကစပြီး ပလတ်စတစ်ဆန်တွေ ပေါ်ထွက်လာနေတဲ့ သတင်းတွေ ထွက်လာခဲ့တာပါ။ဖန်တီးထားတဲ့ ဆန်အတုတွေဟ  တကယ့် ဆန်အစစ်နဲ့ လုံးဝနီးပါးတူပါတယ်။တရုတ်ဘက်ကနေ ထုတ်တယ်လို့ ပြောနေကြပြီး ကျန်းမာရေးအာဏာပိုင်တွေက တရုတ်ဆန် ထုတ်သူတွေကို သတိပေးတာမျိုးတွေအထိ ဖြစ်ခဲ့ပါတယ်။ဆန်အတုတွေကို မီလာမင်းလို့ ခေါ်တဲ့ ပလတ်စတစ်တစ်မျိုးကို သုံးပြီး ဆန်အဖြစ် ပုံပြောင်းကြတာပါ။အာလူးကစီဓါတ် နဲ့ပလတ်စတစ်တို့ကို ရောပြီး၊တကယ့်ထမင်းအနံ့လိုဖြစ်အောင် အနံ့ကိုပါထည့်ပြီး ထုတ်ထားတာပါ။အရသာကပါ တကယ့်ထမင်းနဲ့တူပါတယ်။ဆန် အတု၊အစစ် ခွဲတဲ့ နည်းကတော့…

#ထောင်းပါ

ဆန်ကို ငရုတ်ဆုံထဲထည့်ပြီး ထောင်းကြည့်လိုက်ပါ။အဖြူရောင် အမှုန့်ဖြစ်သွား ရင်တော့ ဆန်အစစ်ဖြစ်ပြီး အ၀ါရောင် အစွန်းအထင်းကျန်ခဲ့ရင်တော့ ပလတ်စ တစ်ဆန်ပါ။

#ရေစိမ်ကြည့်

ရေတစ်ဖန်ခွက်လောက်ယူပြီး ဆန်အနည်းငယ်ကို ထည့်ပါ။ပလတ်စတစ်ဆန်ဆို ရင် ရေပေါ်မှာပေါ်နေမှာပါ။

#မီးရှို့

မီးရှို့ကြည့်ပါ။ပလတ်စတစ်ဆန်ဆိုရင် သေချာပေါက် ပလတ်စတစ်အနဲ့ထွက် လာပြီး တောက်လောင် နေမှာပါ။

READ
နေအိမ်အတွင်း လေကောင်းလေသန့်ရအောင် စိုက်ထားသင့်တဲ့ အပင်များ

#ဆူအောင်တည်

ဆန်အနည်းငယ်ကို ရေနဲ့ဆူအောင်တည်ပြီး ချက်ကြည့်ပါ။ပြီးရင်တော့ ရလာတဲ့ ထမင်းကို ပုလင်းထဲထည့်ပြီး(၃)ရက်လောက် စောင့်ကြည့်ပါ။ပလတ်စတစ် ဆန်ဆိုရင် မှိုမတတ်ပဲ၊ဆန်အစစ်ဆိုရင်တော့ မှိုတတ်တာကို တွေ့ရမှာပါ။ နောက်တစ်နည်းကတော့ ဆန်ကို ရေဆူအောင်တည်ပြီးစောင့်ကြည့်ပါ ။ပလတ် စတစ်ဆိုရင် အိုးရဲ့ထိပ်မှာ ထူတဲ့ အလွှာတစ်ခု ပေါ်လာတတ်ပါတယ်။

# ပလတ်စတစ်ဆန်အတု လုပ်နေတဲ့ ဗီဒီယို

Nilar(Shwemom)

Ref;/technofizi

SHARE