အလှအပနဲ့ ပတ်သက်လို့ မိန်းကလေးတစ်ယောက်အတွက် အလိုအပ်ဆုံးအရာကတော့ အသားအရေ လှပမှုပါပဲ။ အသားအရေလေးကသာ လှပပြီး အပြစ်ကင်းစင်နေတယ်ဆိုရင် မှန်ကြည့်တိုင်းလည်း စိတ်ချမ်းသာရသလို အလှပြင်တိုင်း စိတ်ညစ်နေစရာ မလိုတော့ပါဘူး။ ဘာမှ မပြင်မဆင်ဘဲ နေရင်တောင်မှ ပင်ကိုအလှလေးနဲ့ ၀ံ့ဝံ့ကြွားကြွားလေး လှနေတတ်ပါတယ်။
ဒီတော့ အသားအရေလှဖို့ ဘာတွေလိုအပ်သလဲ။ ဘယ်လို ဆောင်ရန်၊ရှောင်ရန် အချက်တွေရှိသလဲ။ ကိုယ့်ရဲ့နေ့စဉ်ဘ၀ နေထိုင်မှုပုံစံက အသားအရေကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေသလည်းဆိုတဲ့ အချက်တွေကို သတိပြုမိဖို့ လိုအပ်ပါတယ်။ သင်သတိမထားမိတဲ့ သင့်ရဲ့အပြုအမူလေးတွေက အသားအရေကို ပျက်စီးဖို့ ဖြစ်စေသလား၊ ဒါမှမဟုတ် အသားအရေအတွက် ကောင်းစေတာလားဆိုတာ တစ်ချက်လောက်တော့ စစ်ဆေးကြည့်သင့်ပါတယ်နော်။ အောက်က မေးခွန်းလေးတွေကို သေသေချာချာ ဖြေကြည့်လိုက်မယ်ဆိုရင် သင့်အသားအရေ လှပဖို့အတွက် သင်တကယ် လုပ်သင့်တဲ့အရာကို ရှာတွေ့ပါလိမ့်မယ်။
