တည်ငြိမ်သူ ကွီးတွေကိုမှ စိတ်ဝင်စားနေမိတဲ့ ကောင်မလေးတွေအတွက်…

ကိုယ့်ထက်အသက်ကြီးနေတဲ့ တည်ငြိမ်လွန်းတဲ့ ဦးနဲ့ကိုကိုအရွယ်ကိုမှ စိတ်ဝင်စားမိ Crush မိနေပြီလား..?အမျိုးသမီးတော်တော်များဟာ သူတို့ထက် အသက်ကြီး တဲ့ အမျိုးသားကို ပိုနှစ်သက်လေ့ရှိပါတယ်။ အကြောင်း အရင်းကတော့ သူတို့ရဲ့ရင့်ကျက်မှုတွေ၊တည်ငြိမ်မှုတွေက အမျိုးသမီးတွေ အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပေးစွမ်းနိုင်လို့ပါ။ တခြားကိုယ်နဲ့ ရွယ်တူ၊ ကိုယ့်ထက် ငယ်တဲ့ အမျိုးသားတွေနဲ့ တည်ငြိ မ်နေတဲ့ သူတို့ ပုံစံက သင့်အတွက် သဘောကျချင်စရာဖြစ်သလို တစ် ဖက်မှာလည်း ချဉ်းကပ်ဖို့က နည်းနည်းရှိန်ချင်စရာပါ။ရွယ်တူတွေနဲ့ ကိုယ့် ထက်ငယ်တဲ့ ကောင်လေးတွေဆီက စိတ်ဝင်စားမှုကို ရအော င်ယူရတာလွယ်ပေမယ့်၊ ကိုယ့်ထက် အသက်ကြီးတဲ့ ယောက်ျားတစ်ေ ယာက် ဆီက စိတ်ဝင်စား မှုကို ယူရတာက ပိုခက်ပါတယ်။ဒါပေမယ့် နည်းလမ်းတော့ရှိပါတယ်။သူတို့ရဲ့ စိတ်ဝင်စားမှုကို အရယူချင်တယ်ဆို ရင်တော့…

(၁)ယုံကြည်မှုရှိပါ
အရေးအကြီးဆုံးအချက်ပါ။ယုံကြည်မှုရှိဖို့ လုံးဝလုံးဝကို လိုအပ်ပါတယ်။ ဒါမှလည်း သူတို့လို တည်ငြိမ်လွန်းတဲ့ သူတွေကို စွဲဆောင်ရာမှာ အ ဆင်ပြေမှာပါ။မိန်းကလေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စိတ် က ယောက်ျားတွေရဲ့ စိတ်ကို စွဲဆောင်နိုင်ပါတယ်။ဒါကြောင့် ကိုယ် စိတ်ဝင်စားနေတဲ့ အမျိုးသားရဲ့ ရှေ့မှာ သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြ ည်မှုရှိနေတဲ့ ပုံပေါက်ပါစေ။သူရှေ့မှာ သင့်အမူအယာတွေက သက်ေ သာင့်သက်သာရှိနေပါစေ။
(၂)ရင့်ကျက်ပါ
ကိုယ့်ထက်အသက်ကြီးတဲ့ အမျိုးသားကိုမှ စိတ်ဝင်စားနေမိတဲ့ ကောင် မေ လးတွေအတွက် ဒါဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ ရင့်ကျက်ပါ။အသက်ကြီးတဲ့ အမျိုးသားတိုင်းဟာ ချွဲချွဲနွဲ့နွဲ့ကောင်မေ လးတွေကိုမှ သဘောကျတယ်မထင်ပါနဲ့။တကယ်ရင့်ကျက်နေတဲ့ အ မျိုးသားတွေအတွက်ကတော့ လိုတာထက်ပိုလွန်းတဲ့ချွဲနွဲ့မှုတွေက စိတ်ရှုပ်စရာဖြစ်နေတတ်ပါတယ်။ဒါကြောင့် ရင့်ကျက်ပါ။ကိုယ်ပိုင် ဆုံးဖြတ်ချက်ချနိုင်တဲ့ ကောင်မလေးမျိုးဖြစ်နေပါစေ။

(၃)အသွင်အပြင်ကို ပြောင်းလဲပါ

READ
ချစ်သူကောင်လေးမရှိရသေးခြင်းရဲ့ အကြောင်းရင်း(၁၃)ချက်

ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကလည်း အရေးကြီးပါတယ်။အမြဲတမ်း ကလေးပုံ စံဝတ်စားပြင်ဆင်နေလို့တော့ မရပါဘူး။ကိုယ်က သူနဲ့အတူ ပွဲလမ်းတွေသွားစ ရာရှိရင်လည်း လက်ချင်းချိတ်ပြီး ရဲရဲဝံ့ဝံ့ ခေါ်သွားလို့ ရတဲ့ ကောင်မလေးမျိုး ဆို တာကိုလည်း သူသိအောင် ပြထားရပါမယ်။ ဒါကြောင့် တစ်ခါတလေကျရင်ေ တာ့ သူ့ရှေ့မှာ ကြော့ရှင်းလှပတဲ့ ပုံ စံမျိုး၊ တည်ငြိမ်တဲ့ ၀တ်စားပြင်ဆင်မှုတွေ နဲ့လည်း ပြင်တတ်၊နေတတ် တယ်ဆိုတာလေးကိုလည်း ပြထားပါ။သူ့ပတ်ဝန်း ကျင်နဲ့သူ့ အသိုင်း အ၀ိုင်းမှာလည်း သင်က၀င်ဆံ့နိုင်သူဆိုတာကို ပြထားပါ။

(၃)စိတ်မလုံခြုံတဲ့၊တွယ်ကပ်နေတတ်တဲ့ ပုံမျိုးမဖြစ်ပါစေနဲ့

အသက်ကြီးတဲ့ယောက်ျားတွေဟာ ကိုယ့်ကိုကိုယ်စိတ်လုံခြုံမှုမရှိပဲ နေရာတကာမှာ တွယ်ကပ်နေတတ်တဲ့ ကောင်မလေးမျိုးကို မကြိုက် ပါဘူး။နေရာတကာမှာ နွဲ့ဆိုးဆိုးချင်၊အချွဲလွန်၊အနွဲ့လွန်နေတဲ့ ကောင် မလေးမျိုးကိုမှ အသက်ကြီးတဲ့ယောက်ျားတွေက ကြိုက်တယ်ဆိုတဲ့ ဇာတ်ကားတွေထဲက အကြောင်းအရာတွေကို မေ့လိုက်ပါ။ကိုယ့် ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး စွဲဆောင်မှုရှိတဲ့ မိန်းကလေးမျိုး ဖြစ်ေ အာင်နေပါ။


(၄)ပိုက်ဆံ၊ဂုဏ်ဒြပ်တွေကို မက်မောတာမျိုး မဖြစ်ပါစေနဲ့

သူတို့ရဲ့ LIFE ဟာ တည်ငြိမ်အခြေကျနေပြီး အိမ်ထောင်တစ်ခုကို ထူထောင် ဖို့ ငွေကြေးအရလည်း အသင့်ဖြစ်နေကြပါပြီ။ဒီလိုလူမျိုးတွေ ဟာ သူတို့ပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ဂုဏ်ဒြပ်ကြောင့် ကပ်လာတဲ့ မိန်းကေ လးတွေအများကြီးနဲ့ ဘ၀မှာ ကြုံခဲ့ပြီးပါပြီ။သင့်အနေနဲ့ သူတို့ဆီက စိတ်ဝင်စားမှုနဲ့အချစ်ကို လိုချင်ရင် ငွေမက်တဲ့ မိန်းကလေးမျိုး မဖြစ်ဖို့ လိုပါတယ်။အစောကြီးတည်းကငွေနဲ့သူ့ရဲ့ဂုဏ်ကြောင့်မဟုတ်ပဲချဉ်းကပ်တာမဟုတ်ပဲ တက ယ်နှစ်သက်သဘောကျလို့ ဆိုတာမျိုးပဲ ဖြစ်သင့် ပါတယ်။သူတို့ရှေ့မှာ သင်ဟာငွေကြေး၊ပစ္စည်းဥစ္စာကို မက်မောတဲ့ ပုံမျိုး မဖြစ်ပါစေနဲ့။

READ
မနေချင်တဲ့သူကို ထွက်သွားခွင့်ပေးလိုက်ပါ

(၅)အသက်ကြီးနေတယ်ဆိုတဲ့ စိတ်မျိုး ၀င်အောင် မလုပ်မိစေနဲ့

သူ့ကိုသွားပြီးတော့ ဘဲကြီးကတော့ အတော်ခေတ်နောက်ကျနေ ပါပြီ လို့ သွားမလုပ်ပါနဲ့။အသက်ကြီးတဲ့ အမျိုးသားတွေဟာ အသက်ငယ်တဲ့ မိန်းလေးနဲ့ပဲ တွဲချင်ကြပါတယ်။ဘာလို့လဲဆိုတော့ သူတို့ကို နုပျိုတဲ့ ခံစားချက်တွေကို ခံစားရစေလို့ပါ။အဲ့ဒါကိုမှ သင်က သွားပြီး သူ့ကို “ငါတော်တော်အသက်ကြီးသွားပါလား” ဆိုတဲ့ အတွေးမျိုး ၀င်အောင် စကားနဲ့ပဲဖြစ်ဖြစ်၊အပြုအမှုနဲ့ပဲဖြစ်ဖြစ် လုံးဝလုံးဝ မလုပ် မိပါစေနဲ့။ သင်နဲ့တွေ့တဲ့ အချိန်တိုင်း  နုပျိုလန်းဆန်းတဲ့ ခံစားချက်မျိုးကိုပဲ ပေးပါ။

(၆)အသိအမှတ်ပြုပါ

မိန်းကလေးတစ်ယောက်ရဲ့ အသိအမှတ်ပြုခြင်းကို မခံချင်တဲ့ ယော က်ျားဆိုတာ မရှိပါဘူး။အထူးသဖြင့် အသက်ကြီးတဲ့ ယောက်ျားတွေဆို ပိုပြီးတော့တောင် အသိအမှတ်ပြုခံချင်ပါသေးတယ်။ဒါကြောင့် ကိုယ်စိတ်ဝင်စားနေတဲ့ဦး(သို့)ကိုကို တွေကို မရှိ ရှိတဲ့ အရည်အချင်းကို ရှာပြီး ချီးကျူးပါ၊သူဘက်က သင့်အပေါ် တစ်ခုခု ကူညီပေးတာမျိုး ၊ဥပ မာ- တံခါးကို သင့်အတွက် ဖွင့်ပေးလိုက်တဲ့ အသေးအဖွဲ အပြုအ မှုေ လးက အစ ကျေးဇူးတင်ကြောင်း ပြန်ပြောပြီး အသိအမှတ်ပြုကြော င်းပြပါ။
Ref;lovepanky
SHARE