ပထမရည်းစားရဲ့ရန်ကို ဘယ်လို ကာကွယ်ရမလဲ … ?

Dear Shwemom …

ကျွန်မက အဝေးပြေးခရီးသည်ပို့ဆောင်ရေးတစ်ခုမှာ လက်မှတ်ရောင်းစာရေးမအဖြစ် လုပ်ကိုင်နေတာ နှစ်နှစ်လောက် ရှိပါပြီ။ ကျွန်မမှာ အရင်ချစ်သူတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ရည်းစားဦးလို့ပဲ ဆိုဆို ကျွန်မရဲ့ အဦးဆုံးရည်းစားပါဘဲ။ ဒါပေမယ့် သူက နောက်တစ်ယောက်ထားသွားလို့ ကျွန်မလည်း ငါးလအကြာမှာ နောက်ထပ်ချစ်သူတစ်ယောက် ရခဲ့ပါတယ်။ ချစ်သူတွေ ဖြစ်ကြတဲ့ ပြီးခဲ့တဲ့ လေးလလောက်ကအထိ တစ်ခြား ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီနောက်မှာ ချစ်သူဟောင်းက ပြန်ပေါ်လာပါတယ်။ သူရဲ့ လက်ရှိချစ်သူနဲ့ ပြတ်ပြီး ကျွန်မကို ပြန်ချဉ်းကပ်ဖို့ ကြိုစားပါတယ်။ ကျွန်မက အခြေအနေအရသာ အပြောင်းအလဲ လုပ်ခဲ့ရပေမယ့် သူ့ကို ဘယ်လိုနည်းနဲ့မှ ပြန်လက်ခံဖို့ အစီအစဉ်မရှိပါဘူး။ လက်ရှိ ကျွန်မချစ်သူကိုပဲ ကျွန်မက ချစ်ပါတယ်။ သူက အလိမ္မာနည်းနဲ့ ကပ်လို့မရလို့ နောက်ပိုင်း ရုန့်ရင်းကြမ်းတမ်းတဲ့ နည်းကို သုံးလာပါတယ်။ သူ့အိမ်နဲ့ ကျွန်မအိမ်ကလည်း မဝေးတော့ ကျွန်မကို ကားဂိတ်နဲ့ အိမ်ပြန်လမ်းတစ်လျှောက် မကြာမကြာ ချောင်းမြောင်းပြီး နှောက်ယှက်လေ့ရှိပါတယ်။ တစ်ခါတလေ လက်ရှိချစ်သူလည်း ပါတတ်လို့ သူတို့ချင်း ပြဿနာဖြစ်ဖို့ မလိုလားပါဘူး။ ဘယ်လို ဖြေရှင်းရ ကောင်းမလဲ အကြံပေးပါဦး။

READ
Gymကတစ်ယောက်နဲ့ အိမ်ကမိန်းမမသိအောင်ဖောက်ပြန်မိနေတယ်။ ဘာလုပ်သင့်ပါသလဲ?

Shwemom မှ အကြံပေးချက်

အခုဖြစ်နေတဲ့ ပြဿနာက ရှင်းရှင်းလင်းလင်း ဖြစ်ပြီးသားကိစ္စတစ်ခုကို ပြန်ရှုပ်အောင် လုပ်ချင်တဲ့လူတစ်ယောက်ကြောင့် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်နေရတာပါ။ ရေးထားတဲ့ စာထဲမှာ အရင်လူက အိမ်ချင်းမဝေးဘူးလို့လည်း သိရပါတယ်။ ဒီတော့ ဖြေရှင်းသင့်ဆုံးနည်းလမ်းကတော့ လက်ရှိချစ်သူကိုပါ ခေါ်ပြီး ဆိုင်ရာ အုပ်ချုပ်ရေးမှုရုံးကို အကူအညီတောင်းပြီး မိဘတွေကို ခေါ်ရှင်းပါ။ သင့် မိဘတွေပါ ပါအောင်ခေါ်နိုင်ရင် ပိုပြီးတော့ ကောင်းပါတယ်။ ဒီကနေ ရလာမယ့်အကျိုးက အ
ရင်လူကို ဥပဒေအရလည်း တားမြစ်မယ့်အကြောင်း အသိပေးလိုက်နိုင်သွားမယ်၊ သင့်ရဲ့ လက်ရှိချစ်သူနဲ့ သင်ဟာ အ
တည်တကျတွဲနေတယ်ဆိုတာကိုလည်း အရင်လူရဲ့ မိဘတွေကို အသိပေးပြီးသားဖြစ်လို့ သူတို့ရဲ့ သားကို ထိမ်းကျောင်းဖို့ အခွင့်အရေး ရသွားမယ်။ နောက် သင့်လက်ရှိရည်စားနဲ့ ကိစ္စကို သွယ်ဝိုက်တဲ့နည်းနဲ့ နားဖောက်ပြီးသား ဖြစ်သွားမယ်။ တစ်ခု သတိထားဖို့က တစ်ချို့ ကျားနာတွေဟာ ဒဏ်ရာရလေ ပိုဆိုလေးပါဘဲ။ ဒါကို သတိထားပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းလို့ရရင် ငြိမ်းချမ်းတဲ့နည်းကို သုံးပါ၊ တရားဥပဒေနဲ့ တိုက်ရိုက်ဖြေရှင်းသင့်တယ်ထင်ရင် တရားဥပဒေနဲ့ ဖြေရှင်းပါ။ အ
ခြေအနေပေါ် မူတည်ပြီး သင့်ဆုံးဖြတ်ချက် မှန်ကန်မယ်လို့ ယူဆပါတယ်။

READ
လက်မထပ်ခင်အတူနေဖို့ပြောနေတဲ့ချစ်သူကို ဘယ်လိုဖြေရှင်းရမလဲ

လေးစားစွာဖြင့် …

Shwemom

sm

SHARE