အသက်လေးဆယ်ကျော်မှာ လက်တွဲဖော်ရှာမယ်ဆို ဒါတွေလုပ်ကြည့်ပါ။

အသက် 40 ကျော်မှ ကံပေါ်ချင်ကြတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ တစ်ချို့က ကြံတော့ ကြံချင်တယ်၊ မဟန်မှာကို စိတ်ပူ
နေတတ်ကြပါတယ်။ တစ်ချို့ကကျတော့ ဒီအရွယ်ကြီးကျမှ ဒါတွေလုပ်ရမှာ ရှက်စရာလို့ မြင်နေတတ်ပါတယ်။ ဒီိလိုနဲ့ စိတ်ထဲမှာ သူများတွေချစ်သလို မချစ်ရ၊ လူဖြစ်တဲ့ဘ၀မှာ အချစ်ဆိုတဲ့အရာလေးကိုတောင်မှ တို့ထိမြည်းစမ်းခွင့် မရဘူးဆို
ရင်တော့ နည်းနည်းလေးတော့ လွဲနေပြီလို့ ပြောချင်ပါတယ်။ ကဲ အသက် 30 မှ 40 ကြား အစ်ကိုအစ်မများအတွက် တစ်စုံတစ်ယောက်နဲ့ Date ဖို့ လမ်းစလေးတွေကို Shwemom က မျှဝေပေးလိုက်ပါတယ်။

(၁) ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်ပါ

အဓိကကတော့ တစ်စုံတစ်ယောက်နဲ့ စတင်ချိတ်ဆက်တော့မယ်လို့ စိတ်ကူးရှိလိုက်တာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမရှိ အရင်ဆန်းစစ်ဖို့ လိုပါတယ်။ အကြောင်းကတော့ ကိုယ်တွေ့မယ့်သူဟာ ကိုယ်ထက် အသက်ကြီးတဲ့သူလည်း ဖြစ်နိုင်သလို၊ ကိုယ့်ထက် အသက်ငယ်သူလည်း ဖြစ်နိုင်ပါတယ်။ ဒီခြားနားချက်ဟာ တော်ရုံ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူအတွက် မတည်မငြိမ် ဖြစ်စေပါတယ်။ တလွဲတွေ လုပ်မိစေပါတယ်။

READ
ကောင်မလေးတွေကိုစိတ်လှုပ်ရှားစေတဲ့ ချစ်သူကောင်လေးရဲ့ဂရုစိုက်မှုပုံစံများ

(၂) သပ်သပ်ရပ်ရပ် ပြင်ဆင်ဖြီးလိမ်းပါ

နောက်တစ်ချက်ကတော့ ကိုယ် အားပြုဝတ်ဆင်လေ့ရှိတဲ့ သို့မဟုတ် ကိုယ့်စိတ်ထဲမှာ မျက်စိပသာဒဖြစ်တဲ့ အ၀တ်အစားမျိုး ကို ၀တ်စားဆင်ယင်လေ့ရှိတဲ့ လက်တွဲဖော်ကိုသာ ဦးစားပေး ရှာသင့်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ယောက်ျားဆို မိတ်
ကပ်လိမ်းစရာ မလိုပေမယ့် အ၀တ်အစားနဲ့ အနေအထိုင်က သန့်ပြန်နေဖို့ လိုပါတယ်။ အမျိုးသမီးဆိုလည်း ပြင်ပြင်ဆင်ဆင်
ဖြီးလိမ်းတဲ့ ပုံစံမျိုးလေး ဖြစ်နေသင့်ပါတယ်။ ရုပ်ရည်နဲ့ အပြင်အဆင်ဟာ တစ်ဖက်သားကို အရင်ဆုံးကိုင်လှုပ်မယ့် အရည်အချင်း ဖြစ်ပါတယ်။

(၃) အမှန်အကန် ရှာဖွေပါ

ချစ်သူကို ရှာဖွေတဲ့အခါမှာ တွေ့ကရာလူ၊ နီးရာလူ ဖမ်းဆွဲလိုက်တာမျိုးတော့ ရှောင်ကြည်သင့်ပါတယ်။ ဒီတော့ ချစ်သူကို အင်တာနက် လူမှုကွန်ယက်မှာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ကာရိုက်တာနဲ့ ကိုက်ညီမယ့်သူကို ရှာဖွေပါ။ အမှန်အကန် ရှာဖွေမှု မလုပ်နိုင်ရင် အကြံအဖန်နဲ့လည်း ဂွိတတ်ပါတယ်။

(၄) ရင့်ကျက်တဲ့ ချဉ်းကပ်မှုနဲ့ လှုပ်ရှားပါ

တွေ့ပြီဆိုရင်လည်း ကိုယ့်အရွယ်နဲ့ ထိုက်တန်တဲ့ ရင့်ကျက်မှုနဲ့ ချဉ်းကပ်ဖို့ လိုပါတယ်။ အရမ်းကြီး ကလေးကလား ဆန်ပြ
နေရင်လည်း ဟိုဘက်က အသက်ငယ်သူဆို အရိုအသေတန်သွားနိုင်ပါတယ်။ အရမ်းကြီး လူကြီးဆန်ပြပြီး၊ အိနြေ္ဒတွေ သိက္ခာတွေနဲ့ လုပ်နေရင်လည်း ရိပ်သာသာ သွားပေတော့လို့ အပြောခံရနိုင်ပါတယ်။ ဟိုဘက်က သွက်သွက်လက်လက် ပုံစံဖြစ်နေရင် ကိုယ်ကလည်း ထူထူထိုင်းထိုင်းပုံစံ ဖြစ်မနေဖို့ လိုပါတယ်။

READ
ချစ်သူကို ပထမဆုံးအနမ်း ဘယ်ပုံဘယ်နည်းနဲ့ ခြွေရမလဲ ... ?

(၅) ယုံကြည်မှုနဲ့ အချစ်ကို ရယူပါ

အချစ်တစ်ခုကို ရရင်ပြီးရော တွဲရရင် ပြီးရောဆိုပြီး ဒီအရွယ်မှာ တနပ်စား မကြံသင့်တော့ပါဘူး။ တည်တည်ငြိမ်ငြိမ်လေး
ဖြစ်သင့်တဲ့ အချိန်ပါ။ ဒါကြောင့် ကိုယ်ရည်ရွယ်ရွယ်ရာ လမ်းအတွက် အသင့်တော်ဆုံးဖြစ်မယ့်သူကိုရှာဖွေပါ။ သိပ်ယုံကြည်
ရတဲ့သူ မဟုတ်ဖူးဆိုရင်တော့ နည်းနည်းထပ်ရှာလိုက်ပါဦး။ မဟုတ်ဖူးဆိုရင်တော့ လွဲလွဲလေးပဲ ကောင်းပါတယ်နဲ့ နှစ်ပါး သွားရဖို့ များပါတယ်။

မဒီလေး (Shwemom)

source : wikihow.com

SHARE