တစ်ခါတစ်လေမှာသင်ကချစ်လွန်းလို့ဖြစ်စေ၊အရိပ်အကဲမကြည့်တတ်လို့ဖြစ်စေ သင့်ချစ်သူညာနေတာကိုမသိတာမျိုးဖြစ်တတ်ပါတယ်။ဒီတော့ ညာနေမှန်းမသိရင်လည်းကိုယ်ကအရူးလုပ်ခံရဦးမယ်။အမှန်ပြောနေတာကို ညာတယ်ဆိုပြီးပြသနာရှာမိရင်လည်း စကားများရန်ဖြစ်ကြရဦးမယ်။ဒါဆိုညာနေမှန်းသေချာသိအောင်ဘယ်လိုလုပ်မလဲ….လွယ်ပါတယ်..သင့်ချစ်သူကို အကဲခတ်ရုံပါပဲ။
(၁)အရင်လိုပြောနေကြပုံစံအတိုင်း မပြောပဲ…ထူးထူးဆန်းဆန်းစကားအသုံးအနှုန်းတွေနဲ့ပြောနေပြီဆိုရင်

(၂) လေသံတွေပြောင်းနေပြီဆိုရင် (မလိုအပ်ပဲ လေသံမာတာမျိုး၊ ဒေါသထွက်နေတာမျိုး)

(၃) သင်မေးတာကို အချိန်တော်တော်ကြာမှာဖြေရင် (တန်းမဖြေပဲ တောင်လှည့်မြောက်လှည့် စဉ်းစားပြီးမှဖြေတာမျိုး)

(၄) အဖြေကိုလည်း ရှုတ်ရှက်ခက်တဲ့နေအောင်ဖြေရင်

(၅) ပြောနေရင်း စကားလမ်းကြောင်းလွှဲသွားပြီဆိုရင်

(၆) ပြောနေတာတွေနဲ့ သူ့ပုံစံတွေကတလွဲဖြစ်နေရင် (ဥပမာ- သင့်ချစ်သူကညအိမ်ပြန်မအိပ်ပဲ သူငယ်ချင်းတွေနဲ့ဂိမ်းဆော့တယ်ဆိုပါစို့။ မနက်ရောက်တော့ညကဖုန်းမကိုင်တဲ့အကြောင်းမေးတဲ့အခါ ညကစောစောအိပ်သွားလို့ဖြေပေမယ့် သူ့ပုံစံက မျက်ကွင်းတွေညို ညှင်းသိုးသိုးနဲ့ဖြစ်နေရင် ဒါလုပ်ဇာတ်မှန်းသိမယ်။ဒါမျိုးပေါ့)

(၇)မလိုအပ်ပဲ အသည်းအသန်ပြောနေပြီဆိုရင်

သင့်ချစ်သူ သင့်ကိုညာနေပါပြီ။ ဒီတော့ ညာနေပြီဆိုရင်လည်း ပြသနာကိုသေချာဖြေရှင်းပြီး နားလည်မှုပြန်လည်ရယူကြပါနော်။
Grinny(shwemom)
Source: Bustle