ချစ်သူရဲ့ အမြင်မှာ ခပ်လန်းလန်းလေး ဖြစ်အောင် ဘယ်လိုလုပ်မလဲ

ကိုယ်ချစ်သူရှေ့မှာ အလှဆုံး အလန်းဆုံးဖြစ်ချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒ ပါ။ဒါကြောင့် ချစ်သူ့ရဲ့ အလန်းလေး၊အလှလေးလို့ မြင်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။အဲ့ဒါတွေကတော့..

(၁)မိတ်ကပ်လိမ်းပါ

ဘယ်လောက်ပဲ သဘာဝအလှလေးကို ဖြစ်ပါတယ်ဆိုတဲ့ ယောက်ျားပဲဖြစ်ဖြစ် နည်းနည်းလေးတော့ မိတ်ကပ်ကြိုက်ကြပါတယ်။ဒါကြောင့် မိတ်ကပ်အလှလည်း နည်းနည်းတော့လိုပါတယ်။နောက်ဆုံး မိတ်ကပ်ပြင်ထားတာထက် သဘာဝ အလှကိုပဲချစ်သူက ကြိုက်တယ်ဆိုရင်တောင်မှ မျက်လုံးနဲ့ နှုတ်ခမ်းကိုတော့ နည်းနည်းလေးချယ်သပေးဖို့ လိုပါတယ်။မိတ်ကပ်ပြင်ဆိုလို့ အရမ်းကြီး အထူကြီး လိမ်းဖို့ မလိုပါဘူး။မိတ်ကပ်ကို သဘာဝကျကျလေးဖြစ်အောင် ပြင်ပါ။လိမ်းပါ။

(၂)တကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ပါ

ဘယ်လောက်ပဲ မိတ်ကပ်တွေလှအောင်ပြင်နေနေ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိရင် အလကားပါ။ခြေသလုံးမွှေါ်၊ချိုင်းမွေးတွေထူထပ်နေတာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။လက်သည်းရှည်ထားတတ်တယ်ဆိုရင် ညစ်ပတ်နေတာမျိုး မဖြစ်ပါစေနဲ့။

(၃)အရောင်ရွေးချယ်မှု မှန်ကန်ပါစေ

 အရောင်တွေနဲ့စွဲဆောင်မှာပါ။ကိုယ်ရွေးချယ်ဝတ်ဆင်တဲ့ အ၀တ်အစားအရောင်၊ ဖိနပ်အရောင်၊လက်သည်းနီအရောက် စတာတွေကို သေချာဂရုတစိုက်ရွေး ချယ်ပါ။သူ့အပြင်မှာ ခပ်လန်းလန်းဖြစ်နေချင်ရင်တော့ အနီရောင်ကို ရွေးပါ။ေ လ့လာမှုတွေအရ အနီကိုဝတ်ရင် လူကို စွဲဆောင်မှုရှိစေတယ်လို့ ဆိုထားပါ တယ်။သတိထားရမှာပါ အရောင်နှစ်မျိုး ကျော်ကို တစ်ကြိမ်တည်းမှာ ရွေးချယ် တာမျိုး မလုပ်ပါနဲ့။လက်ဝတ်ရတာကို အများကြီး ၀တ်တာထက် တစ်ခုတည်း ၀တ်တာက ပိုစွဲဆောင်မှုရှိ၊ပိုမိုက်ပါတယ်။
(၄)ခြေထောက်ကို ဂရုစိုက်ပါ
တစ်ချို့မိန်းကလေးတွေက မျက်နှာအလှကိုပဲ ဂရုစိုက်နေပြီး ခြေထောက် ကို မေ့ ထား တတ်ကြပါတယ်။ဒါတကယ်တော့ မှားပါတယ်။ခြေထောက်ကလည်း လူတစ်ယောက်ကို စွဲဆောင်မှုပိုရှိစေ၊ပိုလန်းသွားစေပါတယ်။ဖိနပ်ကို ရိုးရိုး ရှင်းရှင်းတွေပဲ ကြိုက်တယ်ဆိုရင်တောင်မှ တစ်ခါတစ်လေမှာ ဒီဇိုင်းခပ်မိုက်မိုက် ရှူးဖိနပ်၊ဒေါက်ဖိနပ်တို့ကို စီးပေးသင့်ပါတယ်။ဒေါက်ဖိနပ်က မိန်းကလေးတစ်ေ ယာက်ကို ပိုစွဲဆောင်မှုရှိစေပါတယ်။
(၅)နှုတ်ခမ်းကို ဂရုစိုက်ပါ
lip gloss ဆိုးထားတဲ့ နှုတ်ခမ်းက ယောက်ျားတွေကို ပိုစွဲဆောင်နိုင်တယ် လို့ လေ့လာမှုတွေကပြောပါတယ်။ဒါကြောင့် lip gloss ကိုရွေးချယ် အသုံးပြုပေးပါ။အနီရောင် နှုတ်ခမ်းနီကတော့  စွဲဆောင်မှုရှိ တဲ့ နှုတ်ခမ်းနီအေ ရာင်ပါ။
(၆)ရယ်စရာပြော၊ယုံကြည်မှုရှိ
ရယ်စရာပြောတတ်တဲ့ မိန်းကလေးက ပိုပြီးစွဲဆောင်မှုရှိတယ်လို့ ယောက်ျားတွေ က ထင်တတ်ကြပါတယ်။အရေးကြီးဆုံးအချက်တစ်ခုရှိပါတယ်။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမရှိရင် ဘယ်လောက် လှအောင်ပြင် ထားထား အလကားပါ။ယုံကြည်မှုကသာ မိန်းကလေးတစ်ယောက်ရဲ့ အလှကို ပိုပီပြင်ပေါ်လွင်စေပါတယ်။နောက်ဆုံး ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတဲ့ မိန်းကလေးဖြစ်နေရင်တောင်မှ ရှိချင်ယောင်ဆောင်ပါ။ရှိချင်ယောင်ေ ဆာင်ရင်း နဲ့ နောက်ဆုံး တကယ်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပါလိမ့်မယ်။

Ref;wikihow

READ
ဗိုက်ထွက်နေတဲ့ ဓါတ်ပုံကိုရှယ်ပြီး သူမဟာPerfect မဟုတ်ပါဘူးလို့ ပြောလိုက်တဲ့ Emily Skye
SHARE