လုပ်ငန်းခွင်မှာ ကြုံရနိုင်တဲ့ စိတ်ဖိစီးမှု ပြဿနာ(၇)မျိုး

လုပ်ငန်းခွင်ဝင်သူတိုင်းလိုလို ကြုံရတတ်တဲ့ လုပ်ငန်းခွင် ပြဿနာ အခက်အခဲတွေ ရှိပါတယ်။လုပ်ငန်းခွင်ဝင်ဖူးသူတော်တော်များများလည်း (Abuse) လုပ်တာမျိုးနဲ့ ကြုံခဲ့ဖူးပါတယ်။ကိုယ်ကသိပ်တော်၊သိပ် တတ်နေ ရင်လည်း ဒီအရည်အချင်းေ တွကြောင့်ပဲ Abuse လုပ်တာမျိုးနဲ့ကြုံရတတ်ပါတယ်။ဒီနေရာမှာတော့ Abuse လုပ်တယ်ဆိုတာကတော့ ရာထူးကို အလွဲသုံးစားပြုတာ ၊စော်ကားတာ၊ စိတ်ပိုင်း ဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းတာ၊အနိုင်ကျင့်တာမျိုးကို ဆိုလိုတာပါ။ လုပ် ငန်းခွင်မှာ ကြုံရနိုင်တဲ့ (Abuse)တွေကတော့..

(၁)လိမ်ညာလှည့်ဖျားတာ
အမှန်တရားကို အမြဲဖုံးကွယ်ပြီး လိမ်ညာနေတက်တဲ့သူမျိုးတွေနဲ့ ကြုံရနိုင်ပါ တယ်။စကားမတည်တတ်ပဲ ကိုယ်ပြောတဲ့ စကားကို လုံးဝအလေးအနက်မထား တတ်တာမျိုးပါ။ဒီ့ထက်ဆိုးတဲ့သူတွေကတော့ ပြဿနာကြုံလာရင် သူ့ဘက်ကို ထိလာမှာစိုးလို့ လိမ်ညာပြီး သူ့အပြစ် သူများကို ပုံချတတ်တဲ့ သူမျိုးတွေနဲ့ ကြုံနိုင်ပါတယ်။
(၂)ဖယ်ကြဉ်တာ

ဒါကတော့ လူတစ်ယောက်ကို တမင်ရည်ရွက်ချင်ရှိရှိနဲ့ အစည်းအဝေး၊အလုပ်နဲ့ ပတ်သက်တဲ့ တခြားကိစ္စတွေ၊ပွဲလမ်းတွေမှာ တမင်ဖယ်ထားတာမျိုးပါ။ဒီနည်းကို သုံးပြီး လးတစ်ယောက်ကို အဆင်မပြေအောင် ခွတီးခွကျ ဖြစ်အောင် လုပ်တာမျိုးပါ။

READ
အလုပ်ကြိုးစားရုံနဲ့မအောင်မြင်ဘူး။

(၃)ချိုးနှိမ်တာ

ဒါကတော့ လူတစ်ယောက်ကို ချိုးနှိမ်ပြီး သိမ်ငယ်စိတ်ဝင်လာအောင်လုပ်တာ ၊သေးသိမ်အောင်လုပ်တာမျိုးပါ။ဒီလိုပုံစံပေး ချိုးနှိမ်မှုတွေက သင့်ကိုယ်သင် ယုံကြည်မှုပျောက်ဆုံးပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရအောင် လုပ်တာမျိုးပါ။

(၄)လိင်ပိုင်းဆိုင်ရာ ဖျားယောင်း၊စော်ကားတာ

ဒီအချက်ကတော့ အမျိုးသမီးတွေအများဆုံး ကြုံရလေ့ရှိပါတယ်။လိင်ပိုင်း ဆိုင် ရာ စော်ကားတာ၊ဖျားယောင်းသွေးဆောင်တာမျိုးပါ။သင့်ရဲ့ ယုံကြည်မှုကိုရေ အာင် ဖျားယောင်းသွေးဆောင်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဆိုတဲ့ အသိစိတ် ကို ပျောက်အောင် အယုံသွင်းပြီး သွေးဆောင်တဲ့ အကွက်မျိုးနဲ့ ကြုံရနိုင်ပါတယ်။ အလိုမတူပဲ body touch လုပ်တာမျိုးနဲ့လည်း ကြုံရနိုင်ပါတယ်။

(၅)ရန်လိုတာ၊လေးစားမှုမရှိတာ

ဝန်ထမ်းအချင်းချင်းဖြစ်စေ၊အလုပ်ရှင်နဲ့ဝန်ထမ်းဖြစ်စေ အပြန်အလှန်လေးစားမှု မရှိပဲ၊ရန်လိုတိုက်ခိုက်တာ မျိုးပါ။ရန်လိုပြီး ပစ္စည်းတွေကောက်ပေါက်တာ၊နံရံကို လက်သီးနဲ့ထိုးတာ၊တံခါးကို ကြမ်းကြမ်းတမ်းတမ်း ဆောင့်ပိတ်တာမျိုးကတော့ လုပ်ငန်းခွင်မှာ တကယ်ကို ဆိုးရွားတဲ့ အပြုအမှုမျိုးပါ။

READ
လုပ်ငန်းခွင်အသစ်မှာ ကြိုးစားသင့်တဲ့အချက်(၅)ချက်

(၆)ခြိမ်းခြောက်တာ

ဒါကတော့ ခြိမ်းခြောက်တာပါ။မရှိတဲ့ စည်းကမ်း၊အပြစ်ပေးမှုပုံစံမျိုးနဲ့ ခြိမ်းခြောက် တာပါ။လုပ်ငန်းခွင်မှာ အဲ့ဒီလို အခြေအနေမျိုးနဲ့လည်း ကြုံရတတ်ပါတယ်။ ဒါဟာလည်း Abuse လုပ်တာပါ။ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ Abuse လုပ် တာပါ။

(၇)တတ်လမ်းကို ပိတ်ဆို့တာ

ဒါကလည်း စိတ်ပိုင်းဆိုင်ရာကို ရိုက်ချိုးချင်ရင် သုံးတဲ့ နည်းတစ်မျိုးပါ။သင့်အနေနဲ့ လုပ်ငန်းခွင်တစ်ခုမှာ ကိုယ့်တတ်လမ်းကို ပိတ်ဆို့ခံထားရတယ်လို့ ခံစားရ ရင်တော့ အဲ့ဒီလိုနေရာကို ချက်ချင်းစွန့်ခွာပါ။ဒီလိုနေရာမျိုးမှာ ဘယ်လောက် ကြာကြာ ဆက်နေနေပါစေ အခွင့်အရေးတစ်စုံတစ်ရာမှ ရမှာ မဟုတ်ပဲ သင့်ဘ၀ တတ်လမ်းရှိလာမှာမဟုတ်ပါဘူး။

Ref;womanitely

SHARE