ဆံပင်ကျွတ်ခြင်းအတွက် အလွန်အသုံးဝင်တဲ့ မာလကာရွက်

အကြောင်းကြောင့် ဆံပင်တွေကျွတ်နေတယ်ဆိုတဲ့ ပျိုမေတို့အတွက် အလွန် အသုံးဝင်တဲ့ သဘာဝနည်းလမ်းတစ်ခုကို ပြောပြပေးချင်ပါတယ်။အဲ့ဒါကတော့ မာလကာရွက်ပါ။မာလကာရွက်မှာ ဆံပင်ကျွတ်ခြင်းကို သက်သာပျောက် ကင်းစေတဲ့ အစွမ်းရှိတယ်လို့ သိပ္ပံပညာရှင်တွေ ကိုယ်တိုင်က ထောက်ခံ ထား တာပါ။မာလကာရွက်မှာဆံပင်တွေအတွက် ကောင်းတဲ့ ဗီတာမင် B ပေါကြွယ်ဝ စွာပါဝင်ပါတယ်။

အသုံးပြုရမယ့်နည်းလမ်းကတော့ မာလကာရွက် လက်တစ်ဆုပ်( ဆံပင်အပေါ် မူတည်ပြီး အသုံးပြုနိုင်)ကိုယူပါ။ပိုသန့်ချင်ရင်တော့ ရေတစ်ခေါက်လောက်ေ ဆးပေးပါ။ ရေတစ်လီတာ(မာကာရွက် အနည်း အများပေါ် မူတည် ပြီး)အိုးထဲကို ထည့်ပါ။မိနစ်(၂၀)လောက် မီးဖိုပေါ်တင်ပြီး ဆူအောင် တည်ပါ။မာလ ကာ ရွက်ထဲမှာ ပါတဲ့ အစွမ်းတွေကို ရေနဲ့စုပ်ယူနိုင်ဖို့ ဆူ ပွက်အောင် တည်ရတာပါ။

မိနစ်(၂၀)လောက်ကြာရင်တော့ ရပါပြီ။ဒီအတိုင်းအအေးခံထားပေးပါ။ အရည် စစ်ယူပါ။ရလာတဲ့အရည်ကို ပုလင်းတစ်ခုထဲမှာထည့်ပါ။အဲ့ဒီအရည်ကို ဆံပင် သန်ဆေးလို အသုံးပြုလို့ရပါတယ်။မာလကာပြုတ်ရည် ကို ဆံပင်မှာ လိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ခေါင်း မလျှော်ခင် တစ်နာရီလောက် အလိုမှာ လိမ်းေ ပးပါ။ဒါမှဟုတ်ရင် ညပိုင်းမှာ လိမ်းပေးထားပြီး မနက်ကျ မှ ခေါင်းလျှော်လို့လည်း ရပါတယ်။ဒီလို လိမ်းပေးခြင်းအားဖြင့် ဆံပင်အမြစ်တွေ ကို ပိုမိုသန်စွမ်းစေသ လို၊ဆံပင်ကျွတ်ခြင်းကို သိသိသာသာ လျော့ ပါး ပျောက်ကင်းစေမှာပါ။

READ
ရှောင်ဖယ်ရှောင်ဖယ်လုပ်နေတဲ့ ခင်ပွန်းသည်ကို ပြန်လည်သိမ်းယူနည်း

Ref;wellordie

SHARE