ချစ်သူအသစ်တွေ့နေပါတယ်၊ အချစ်မပါတဲ့ အိမ်ထောင်ရေးကို ဖျက်သိမ်းသင့်ပါသလား …?

Dear Shwemom …

ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ အချစ်မပါဘဲ အိမ်ကပေးစားလို့ အိမ်ထောင်ကျခဲ့တာပါ။ အခု အိမ်ထောင်သက် ၃နှစ်အထိကျွန်တော်တစ်ခါမှာ မပျော်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ (၃)လလောက်ကမှ ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့  စခင်ပြီး အခုသူ့ကိုချစ်မိနေပါတယ်။ သူကလည်း ကျွန်တော့်မှာ အိမ်ထောင်ရှိမှန်းသိပေမယ့် ကျွန်တော့်ကိုချစ်ပါတယ်။ ကျွန်တော်
ဘာလုပ်သင့်ပါသလဲ။

Shwemom မှ ပြန်ကြားလိုက်ပါတယ် …

နည်းနည်းတော့ လွဲနေပြီနဲ့ တူပါတယ်။ နည်းနည်းတောင် မဟုတ်နိုင်ပါဘူး တော်တော်လေးကို လွဲတဲ့ အလွဲလို့တောင် ပြောလို့ရပါတယ်။ ဒီလောကကြီးမှာ အိမ်ထောင်တစ်ခု ထူထောင်လိုက်တဲ့လူတွေထဲမှာ ပျော်စရာကောင်းလို့ အိမ်ထောင်ပြုတဲ့သူ မရှိပါဘူး။ တကယ်လည်း အိမ်ထောင်တစ်ခုကို ပျော်ခြင်း/မပျော်ခြင်းနဲ့ တိုင်းတာလို့ မရပါဘူး။

သူများဒေသကို သွားလည်မယ်၊ မပျော်ရင် ပြန်လာမယ်။ ပျော်ရင် ဆက်နေမယ်ဆိုတဲ့ သဘောထားမျိုး အိမ်ထောင်ရေးမှာ ထားလို့မရပါဘူး။ အိမ်ထောင်ရေးဟာ ကလေးကစားတဲ့ အလုပ်မဟုတ်ပါဘူး။ မိဘပေးစားလို့ပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်လို့ ယူလာတာပဲ ဖြစ်ဖြစ် နီးစပ်ရာ ဇနီးမောင်နှံတွေကို လိုက်မေးကြည့်လိုက်ပါဦး။ ခင်ဗျားတို့ ပျော်ပြီးတော့ မင်္ဂလာဆောင်ကြတာလားလို့။ အခုပုံစံက မင်္ဂလာမဆောင်ခင်တုန်းက ငြင်းနိုင်ပါရက်နဲ့ ပျော်မလားလို့ မှိန်းနေတဲ့ သဘောက အတော်လေး
ကလေးဆန်ပါတယ်။ အိမ်ထောင် ပြုရတာ မပျော်တော့လို့ ကိုယ့်ဇနီးကို သူ့မိဘဆီပြန်အပ်တဲ့လူထဲမှာတော့ သင့်က ပထမဆုံး မှတ်တမ်းဝင်သွားနိုင်ပါတယ်။ စိတ်ရင့်ကျက်ပါ။ အိမ်ထောင်တစ်ခု ဖြစ်လာပြီဆိုရင် ပျော်ပျော်မပျော်ပျော် ကိုယ့်တာ
ဝန် ကိုယ်ကျေအောင် ထမ်းဆောင်ပါ။

READ
အိမ်ထောင်သုံးခါအထိ ပျက်ဖူးတဲ့အမျိုးသားကိုလက်ခံသင့်သလား ... ?

လေးစားစွာဖြင့်

Shwemom

 

SHARE