ချစ်သူမဟုတ်တဲ့အခြားအမျိုးသမီးနဲ့မှားမိပြီးယူရမလိုဖြစ်နေတယ် ဘယ်လိုဖြေရှင်းရမလဲ ?

Dear Shwemom …

ကျနော့်စကားက လူမဆန်ရာများ ကျမလား၊ နှမသားချင်း ကိုယ်ချင်းမစာနာရာများ ကျမလားတော့ မပြောတတ်ပါဘူး။ ကျ
နော်ဟာ စိတ်အလိုလိုက်ပြီး မကြာသေးခင်က အမျိုးသမီးတစ်ယောက်နဲ့ မှားမိပါတယ်။ ကျွန်တော့်မှာ တရားဝင်ချစ်သူ
လည်း ရှိပါတယ်။ အခု ကျနော်နဲ့ မှားခဲ့တဲ့ အမျိုးသမီးက သူ့ကိုယူဖို့ အတင်းပူဆာနေပါပြီ။ ကျနော် အတော်လေး အကြပ်ရိုက်နေပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော် သူ့ကို လက်မထပ်ချင်ဘူးဗျာ။ ကျနော့်စိတ်ကို အလိုလိုက်မိလို့ မှားတာပါ။ ဘယ်လို ဖြေရှင်းရမလဲဆိုတာကို အကြံပေးပါဦး။

Shwemom မှ ပြန်ကြားလိုက်ပါတယ် …

အဓိကကတော့ မည်သူမဆို ကိုယ့်လုပ်ရပ်ကို ကိုယ်တာဝန်ယူရပါတယ်။ အထူးသဖြင့် လူကောင်းသူကောင်တွေဟာ လူသားအချင်းချင်းအပေါ်မှာ အပြစ်ကျူးလွန်မိရင် တာဝန်ယူကြပါတယ်။ ဒီတော့ ကိုယ့်တာဝန် ကိုယ်ယူပါ။ အခုမှ စားပြီးနားမလည် လုပ်လို့မရပါဘူး။ ကလေးတွေလို ဘွာတေး ပြောလို့မရပါဘူး။

READ
အွန်လိုင်းပေါ်မှာကောင်လေးတစ်ယာက်ကိုချစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ?

ဘယ်လောက်ပဲ စိတ်အလိုလိုက်သည်ဖြစ်စေ ဒီအမှုကို ကာယကံမြောက် ကျူးလွန်ဖို့ဆိုတာ တကယ့်ကို လိုလိုချင်ချင်နဲ့ ဆန္ဒပါမှ ဖြစ်တာပါ။ ဒီတော့ စိတ်အလိုလိုက်မိတယ်လို့လည်း ထမင်းရေပူ လျှာလွှဲလုပ်မနေပါနဲ့။ ကိုယ့်တာဝန် ကိုယ်ယူပါ။ သင့်ချစ်သူကိုတော့ လှူမှုရေးအရ အားနာပေမယ့်၊ တစ်ဖက် မိန်းကလေးက အရှက်၊ ဂုဏ်သိက္ခာ၊ ဘ၀တစ်ခုလုံး ရင်းလိုက်ရတာပါ။

လေးစားစွာဖြင့် …

(Shwemom)

SHARE