ကျွန်မရည်းစားရဲ့အစ်ကိုကို စိတ်ဝင်စားမိနေတယ်။ ဘယ်လိုလုပ်သင့်ပါလဲ?

Dear Shwemom,

ကျွန်မဒီကိစ္စကိုရှက်လည်း ရှက်မိပါတယ်။ ဘယ်သူမှ ဖွင့်ပြောစရာမရှိလို့ Shwemom ကိုစာပို့လိုက်ရတာပါ။ ကျွန်မ
ရည်းစားနဲ့ ကျွန်မတွဲနေတာ ၆လလောက်ရှိပါပြီ။ ကျွန်မသူ့ကို အတည်တွဲခဲ့တာပါ။ သူနဲ့တွဲနေတဲ့အချိန်မှာလည်း ဘယ်
သူနဲ့မှ ဖောက်ပြားခဲ့ခြင်း မရှိပါဘူး။ ကျွန်မသူ့အပေါ်သစ္စာရှိခဲ့ပါတယ်။ ဒါပေမယ့် ၆လတွဲအပြီးအထိ ကျွန်မသူ့ကိုချစ်ရဲ့
လား သံသယဖြစ်မိလာပါတယ်။ တစ်နေ့တော့ သူကသူ့မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ ကျွန်မကို ညစာစားဖို့ဖိတ်ခဲ့ပါတယ်။
အစက သူ့မှာ အစ်ကိုတစ်ယောက်ရှိတာကို သူပြောပြဖူးပါတယ်။ ကျွန်မချစ်သူနဲ့ကျွန်မက ရွယ်တူပါပဲ။ ၂၄ပါ။ သူ့ရဲ့
အစ်ကိုကတော့  ၂၆ပါ။ စတွေ့တဲ့နေ့ကတည်းက ကျွန်မသူ့အစ်ကိုပေါ်ကို စိတ်ယိုင်မိပါတယ်။ ကျွန်မဒီလိုပြောရတာ
ရှက်လည်းရှက်ပါတယ်။ ဒါပေမယ့် ကျွန်မဘဝမှာ ယောက်ျားတစ်ယောက်ကို အဲ့ဒိလိုရင်မခုန်ဖူးပါဘူး။ သူ့အစ်ကိုပုံ
ကြည့်ရတာလည်း ကျွန်မကိုစိတ်ဝင်စားနေတဲ့ပုံပါပဲ။ တစ်ခါတစ်လေ စိုက်ကြည့်နေတတ်ပါတယ်။ နောက်တော့ ကျွှန်မ
Shopping ထွက်ရင်း သူ့အစ်ကိုနဲ့ တစ်ခါထပ်တွေ့ပါတယ်။ သူကကော်ဖီသောက်ဖို့ ဖိတ်လို့ကျွန်မတို့ ကော်ဖီအတူ
သောက်ဖြစ်ခဲ့ပါတယ်။ စကားတွေပြောရင်းနဲ့ ကျွန်မသူနဲ့နီးစပ်သလိုခံစားရပါတယ်။ သူ့မျက်လုံးတွေကလည်း ညီရဲ့
ရည်းစားမို့လို့ ထိန်းသိမ်းနေပုံပါပဲ။ ကျွန်မကို ကျွန်မလည်း မုန်းမိပါတယ်။ ဘာလုပ်လို့လုပ်ရမှန်းတောင် မသိဘူးဖြစ်
နေပါတယ်။ အကြံပေးပါအုံးShwemomရယ်။

READ
လက်ရှိရည်းစားကအရမ်းကောင်းပေမယ့် အရင်ရည်းစားကိုလွမ်းနေတာအပြစ်ရှိလား?

Shwemom ကိုအားကိုးတကြီးစာရေးလာတဲ့ ညီမလေးရေ…

တကယ်တော့ အချစ်ဆိုတာ ဆန်းကြယ်ပါတယ်။ တစ်ခါတစ်လေ မထင်မှတ်တဲ့အနေအထား၊ မထင်မှတ်တဲ့စက္ကန့်
တိုင်းမှာ အချစ်ဟာ ပေါက်ဖွားတတ်ပါတယ်။ ဒါ့ကြောင့် ညီမလေးကို အပြစ်တော့ မဆိုပါဘူး။ ဒါပေမယ့် မိမိရဲ့အချစ်
ကြောင့် သူတစ်ပါးတွေ မထိခိုက်ဖို့လည်း စဉ်းစားပေးဖို့လိုပါတယ်။ ညီမလက်ရှိတွဲနေတဲ့ ကောင်လေးက ညီမအပေါ်
အရမ်းချစ်လား၊ ညီမလေးကရော ချစ်တာ မသေချာပဲနဲ့ ဘာလို့တွဲခဲ့တာလဲ။ သူက ညီမကို မိဘနဲ့တောင် ပေးတွေ့
တယ်ဆိုတော့ ညီမလေးကို ဘဝအတွက်ရည်မှန်းပြီး ချစ်တာသေချာပါတယ်။ ညီမလုပ်လို့ရတာ(၂)ခုရှိပါတယ်။

ပထမ(၁)ခုက – နောက်တစ်ခါ သူ့ရဲ့အစ်ကိုနဲ့ မဆုံအောင်ကြိုးစားပါ။ မတော်တဆတွေ့ခဲ့ရင်တောင် မေးထူးခေါ်ပြော
ပဲ လုပ်ပါ။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားတဲ့မျက်လုံးကို အချို့ယောက်ျားလေးတွေက ကောင်းကောင်းကြီး
ရိပ်မိတတ်ပါတယ်။ သူတို့ကို ရှေ့ဆက်တိုးဖို့ အားပေးနေသလိုပါပဲ။ ဒီတော့ ဘယ်တော့မှ အကြာကြီးလည်း စိုက်မ
ကြည့်ပါနဲ့။ ညီမစိတ်လှုပ်ရှားတာလည်း ဖြစ်နိုင်ပါတယ်။ နည်းနည်းခပ်ခွာခွာနေကြည့်ပါ။ နောက်ပြီးညီမကောင်လေး
ဘယ်လိုခံစားရမလဲကို စဉ်းစားပါ။ ညီမအရမ်းချစ်တဲ့သူတစ်ယောက်က ညီမကိုသစ္စာဖောက်ပြီး ညီမအမနဲ့ချစ်ကြိုက်
သွားရင် ညီမ “အချစ်”ဆိုတာကြီးကို ရွံရှာသွားပါလိ့မ့်မယ်။

READ
ကိုယ်ဝန်ရှိနေပေမယ့် ကျွန်မယောက်ျားနဲ့ရတာမဟုတ်ဘူးလို့ထင်နေတယ်။

ဒုတိယ(၁)ခုကတော့- ညီမလက်ရှိတွဲနေတဲ့ ရည်းစားကို တကယ်မချစ်ရင် ဖြတ်လိုက်ပါ။ ပြီးရင် ညီမရည်းစားရော
သူ့အစ်ကိုရောကို မတွေ့ပါနဲ့။ အချိန်အတိုင်းအတာတစ်ခုအထိ နေပါ။ တကယ်လို့ ညီမနဲ့ သူ့အစ်ကိုဟာ တကယ်ဖူး
စာပါခဲ့ရင် နှစ်တွေကြာရင်တောင် ပြန်လည်ပြီးဆုံတွေ့ပါလိမ့်မယ်။ ဒါပေမယ့် ညီနဲ့လမ်းခွဲပြီး အစ်ကိုနဲ့တွဲတာမျိုးတော့
မလုပ်သင့်ပါဘူး။ လုပ်မယ်ဆိုရင်တောင် ၁နှစ်လောက် ကြားထဲမှာ ဟသင့်တယ်လို့ထင်ပါတယ်။ Shwemomက
တော့ ညီမလေး ကောင်းစားရေးကို ရှေးရှုပြီး အကြံပြုတာဖြစ်ပါတယ်။

ဘယ်သူ့ကိုမှ ဖွင့်ပြောလို့မရ၊ ဖွင့်တိုင်ပင်လို့မရတဲ့ ကိစ္စမျိုးတွေကို ShweMOM ကိုမေးလို့ရပါပြီ။ မေးသူရဲ့
နာမည်ကိုဘယ်တော့မှ ဖော်ပြမှာ မဟုတ်ပါဘူး။ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။ မေးမြန်းချင်ပါက
[email protected] သို့ အီးမေးလ်ပေးပို့ကာ မေးမြန်းနိုင်ပါတယ်။

shwemom post photo (1)

SHARE