အောက်ပိုင်းသေသွားပေမယ့် မီတာ(၅၀၀)အမြင့်ရှိတဲ့ တောင်ကို ၀ှီးချဲနဲ့တက်ပြခဲ့သူ

Lai Chi-wai ဆိုတဲ့ ကျောက်ဆောင်တောင်တက်သမားဟာ (၂၀၁၁)ခုနှစ်၊ဒီဇင်ဘာလ(၉)က မော်တော်ဆိုင် ကယ် မတော်တ ဆမှုတစ်ခုကြောင့် ခါးအောက်ပိုင်းသေသွားခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့မလျှော့တဲ့ ဇွဲလုံ့လကြောင့် နောက် ငါးနှစ်တိတိ ကြာပြီးနောက် အဲ့ဒီနေ့မှာပဲ ဟောင်ကောင်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Lion Rock တောင် ကို နောက်တစ်ကြိမ်တက်ပြနိုင်ခဲ့ပါတယ်။

Lai-Chi-wai-climber2-600x400

အသက်(၃၃)နှစ်အရွယ် Lai Chi-wai ဟာ အာရှကျောက်ဆောင်တောင်တက်ပြိုင်ပွဲမှာ လေးကြိမ်တိတိ ဆုရခဲ့သူပါ။ ဒါပေမယ့်လည်း ကံဆိုးတဲ့ အခြေအနေတစ်ခုကြောင့် ခါးအောက်ပိုင်းသေသွားခဲ့ပါတယ်။“ကျွန်တော်နိုး လာတော့ ဆေးရုံရောက်နေတယ်။ဆရာဝန်ကပြောတယ်။ကျွန်တော်ခါးအောက်ပိုင်းသေသွားပြီတဲ့။ ဒီတော့ ကျွန်တော် ၀ှီးချဲပေါ်မှာပဲနေရတော့မယ်”လို့ အရင်ကအကြောင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။

Lai-Chi-wai-climber4-600x800

ခြေထောက်တွေ သုံးလို့မရတော့ပေမယ့်လည်း စွဲလမ်းမှုဝါသနာကို မစွန့်လွှတ်နိုင်ခဲ့ပါဘူး။ဒါကြောင့် ကျန်းမာရေးအခြေ အနေပြန်ကောင်းလာပြီဆိုတာနဲ့ မိမိကိုယ်ကိုယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့အတွက် ၀ှီးချဲလက်ဝှေ့ထိုးတာတွေကို သင်ယူ၊ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှု(အားကစား)နဲ့စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့သလို တစ်ဖက်မှာလည်း အရင်တောင်တက်ဖော်မိတ်ဆွေတွေနဲ့ လေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

READ
လမ်းမကြီးပေါ်မှာ စာပေလေ့လာနေဆဲ ဖိလစ်ပိုင်အဖိုးအို

Lai-Chi-wai-climber3-600x338

အဲ့ဒီလိုနဲ့ပဲ(၂၀၁၄)ခုနှစ်မှာတော့  Lion Rock တောင်ကိုရအောင်တက်မယ်လို့ စိတ်ပိုင်းဖြတ် ခဲ့ပါတယ်။သူငယ်ချင်း မိတ်ဆွေတွေကလည်း ဒီဆုံးဖြတ်ချက်အပေါ် အံ့အားသင့်ခဲ့ပေမယ့် အားလုံးကသဘောတူလက်ခံပေး ခဲ့ပါတယ်။နောက် ဆုံးမှာတော့ (၂၀၁၆)ခုနှစ်၊ဒီဇင်ဘာလ(၉)ရက်နေ့မှာတော့ သူ့ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါ တယ်။“ကျွန်တော့်ရည်မှန်းချက် ပြည့်မြောက်ခဲ့ရပါပြီ။Lion Rock တောင်ကိုတက်နိုင်ရမယ်လို့ ကျွန်တော်ပြောခဲ့တယ်။ အခုလုပ်နိုင်ခဲ့ပါပြီ။လွန်ခဲ့တဲ့ငါးနှစ်က ဒီဇင်ဘာ(၉)ရက်နေ့မှာ ကျွန်တော် ဆိုင်ကယ် မတော်တဆမှုဖြစ်ခဲ့ရတယ်။ ဒါပေမယ့် နောက်ငါးနှစ်ကြာပြီးတဲ့နောက် အဲ့ဒီ့နေ့မှာပဲ ကျွန်တော် Lion Rock တောင်ကို တက်ပြနိုင်ခဲ့တယ်လို့”Lai Chi-wai  ကပြောခဲ့ပါတယ်။

Ref;oddity central

SHARE